Wednesday 3 October 2012

* * * ABSDF ပါဂျောင်(၃၈)ဦး သတ်ဖြတ်မှုသည် နိုင်ငံတကာရာဇဝတ်မှုသာ ဖြစ်သည်။

        ဆိုတဲ့ခေါင်းစဉ်နဲ.ဆောင်းပါးတပုဒ်ကို ၂-၁၀-၂၀၁၂ ရက်ထုတ် NEWS WATCH WEEKLY ဂျာနယ်အတွဲ (ရ)၊ အမှတ်(၆၅) မှာရေးသားထားပါတယ်။ ဆောင်းပါးရှင်ကတော့ မောင်ဌေးဦး(စိန်ဂျွန်း)ဆိုသူ ဖြစ်ပါတယ်။
    မတရားလူမဆန်စွာ ညှင်းပန်းသတ်ဖြတ်ခံရသူများအတွက် တရားလမ်းကြောင်းမ လွဲမှားသွား၍ အမှန်တရားများ၊ တရားမျှတမှုများ၊ အပြည့်အဝခံစားခွင့် မရမည်ကို စိုးရိမ်ကြောင့်ကျမိသဖြင့် ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ကြောင်း အစချီကာ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide)၊ လူသားမျိုးနွယ်အား ဆန့်ကျင်ကျုးလွန်မှု (Crime against humanity) နှင့် စစ်ရာဇဝတ်မှု (War Crime) တို့သည် နိုင်ငံတကာရာဇဝတ်မှုကြီးများ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များနှင့်အတူ နုရင်ဘတ်အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်ခုံရုံးမှ အဓိပ္ပါယ်ဖွင့်ဆိုထားသော စစ်ဖြစ်ပွါးနေချိန် (သို့)ြ  ငိမ်းချမ်းချိန်တွင် ကျုးလွန်သော လူသားမျိုးနွယ်အား ဆန့်ကျင်သောရာဇဝတ်မှုများသည် ပြစ်မှုကျုးလွန်ရာ နိုင်ငံဥပဒေတွင် အဆိုပါပြစ်မှုများကို ပြဌာန်းမထားလျှင်လည်း ဤနိုင်ငံတကာဥပဒေနှင့် သက်ဆိုင်ကြောင်း ဖော်ပြထားသည် ဟု ဆိုပြီး လူပေါင်းတရာကျော်ကို စစ်ထောက်လှမ်းရေးဟု စွတ်စွဲဖမ်းဆီးကာ ၃၈ ဦးကို အပြင်းအထန် ညှင်းပန်းနှိပ်စက်၍ လူသားမဆန်ရက်စက်စွာ သတ်ဖြတ်ခဲ့မှုသည် သာမန်လူသတ်မှုအမျိုးအစား မဟုတ်ကြောင်း ထင်ရှားသည်။
    အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှုဖြင့် တရားစွဲလိုပါက စွဲဆိုနိုင်ခွင့်ရှိသူများမှာ နိုင်ငံတော်အစိုးရမှလည်းကောင်း၊ လုံခြုံရေးကောင်စီမှလည်းကောင်း၊ ကုလအထွေထွေအတွင်းရေးမှုး၏ တင်ပြချက်အပေါ် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့်လည်းကောင်း တရားစွဲဆိုနိုင်သည်။ ထိုကြောင့် ပါဂျောင်စခန်းတွင် ကျောင်းသားကျောင်းသူပေါင်း တရာကျော်ကို စစ်ထောက်လှမ်းရေးဟု စွတ်စွဲဖမ်းဆီးကာ ၃၈ ဦးကို အပြင်းအထန် ညှင်းပန်းနှိပ်စက်၍ လူသားမဆန်ရက်စက်စွာ သတ်ဖြတ်ခဲ့မှုသည် လူသားမျိုးနွယ်အား ဆန့်ကျင်သောရာဇဝတ်မှု (Crime against humanity)ဖြစ်သည်ဟု သူယုံကြည်ကြောင်းနှင့် မြန်မာတရားသူကြီးများပါဝင်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးတွင် အပြည်ပြည်တဆိုင်ရာ တရားဥပဒေစံနှုန်းများနှင့်အညီ ကြားနာစစ်ဆေးမှုပြုနိုင်မှသာ စွပ်စွဲခံရသူများရော၊ နစ်နာဆုံးရှုံးခဲ့ရသူများအတွက်ပါ တရားမျှတမှုကို ခံစားရမှာဖြစ်ကြောင်း၊ ထိုကြောင့် နစ်နာသူမိသားစုဝင်များ၊လွတ်မြောက်လာသော ကျောင်းသားဟောင်းများအနေနှင့် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးရန် တောင်းဆိုနေမှုထက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးတခု မြန်မာနိုင်ငံတွင် လာရောင်ဖွင့်လှစ်၍ အမှုကို ကြားနားစစ်ဆေးပေးပါရန် နိုင်ငံတော်သမ္မတကြီးအား၎င်း၊ ကုလ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းထံသို့၎င်း၊ ကုလ လုံခြုံရေးကောင်စီဥက္ကဌ ထံ လိပ်မူ၍ တောင်းဆိုခြင်းက တရားနည်းလမ်းမှန်ကန်လိမ့်မည် ဟု ယူဆကြောင်း၊ မတရားပြုကျင့်ခံခဲ့ရသူများအတွက် တရားမျှတမှုနှင့် အမှန်တရားပေါ်ပေါက်စေခြင်းအကျိုးငှာ ရေးသားထားကြောင်း - ဟု ရေးသားဖော်ပြထားပါသည်။

                                   -----------------------------------
    အထက်ပါ ဖော်ပြချက်နှင့်ပတ်သတ်၍ စိတ်ကြိုက်အကြံပြုချက်တစ်ခုကို အားတက်သရော (အားတက်ဖွယ်) တွေ့ရှိရသောငေ့် Blogထားပါသည်။
                                   -----------------------------------

* * *    ကျနော်လည်း အစောကြီးကတည်းက ဒါနိုင်ငံတကာဆိုင်ရာ ရာဇဝတ်မှုလို့ ပြောပါတယ်ဗျာ။
ဖြစ်မြောက်အောင် ပထမ ကိုယ့်ဘက်က ပြင်ဆင်ဖို့က ဒီအတွက် အေဘီ (မြောက်) ကျောင်းသားရဲဘော်များအား လူမဆန်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတင်ရေးအဖွဲ့ (သင့်တော်တဲ့ အခြားနာမည် ရွေးလိုက ရွေးပါ) ကို ဦးစွာဖွဲ့ပြီး လိုအပ်သလောက်

ကော်မီတီ (အလုပ်အုပ်စု) ဖွဲ့ပါ။ ကော်မီတီ အသီးသီးကို အောက်ပါလုပ်ငန်းတွေကို တာဝန်ခွဲပေးပါ။
    (၁) အချိန်စဉ်အတိုင်း ဖြစ်ပျက်ခဲ့တာတွေကို တန်းစီပြုစုပါ။
    (၂) အဲဒီဖြစ်ရပ်တွေရဲ့ သာဓက ဆောင်းပါးတွေ ပေးစာတွေကို ရွေးချယ်ပါ။
    (၃) သားသမီးများ ဆုံးရှုံးရုံမက အရှက်ကြီးစွာရခဲ့တဲ့ မိဘဆွေမျိုးများထံက တိုင်စာများ စုဆောင်းပါ။
    (၄) အဲဒါတွေအားလုံးကို အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး အင်္ဂလိပ်လို ဘာသာပြန်ပါ၊ (ပြင်သစ်လိုပါ ပြန်နိုင်ရင် ပိုကောင်းပါတယ်)
    (၅) မိမိဖက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ပြည်တွင်းမှ ရှေ့နေ ရှာထားပါ။ အင်္ဂလိပ်လို ကျကျနနလျှောက်ထားနိုင်သူကို ဦးစားပေးပြီး ကျန်ရှေ့နေများကို အဖွဲ့ဝင်အဖြစ် ရံထားပါ။
    (၆) ကော်မီတီတစ်ခုကို ရံပုံငွေရှာခိုင်းပါ။

    အဆင်သင့်ဖြစ်ရင် ကျနော်ကူညီနိုင်မယ်ထင်တာက ကျနော် မဟာဝိဇ္ဇာတန်းတက်စဉ်က အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုဖီအာနန်ရဲ့ ဥပဒေဆိုင်ရာ အကြံပေးလုပ်ခဲ့သူ ပါမောက္ခတစ်ယောက်ရဲ့အတန်းကို တက်ခဲ့ဖူးပါတယ်။

ဆီမက်စတာတစ်ခုပဲ ဆိုပေမယ့် ဆရာနဲ့ ဆက်ဆံရေးအတော်ကောင်းခဲ့ပါတယ်၊ အဲဒီဆရာ့ဆီက အကြံဉာဏ် တောင်းခံကြည့်ပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် ဒီအမှုမျိုးကို ကူညီမဲ့ ကမ္ဘာ့ရှေ့နေတွေ မနည်းမနောရှိမယ်လို့ ယုံကြည်ပါတယ်။
အဓိကက ကိုယ့်ဘက်က လုပ်စရာရှိတာတွေ လုပ်ထားဖို့ပါ။ ဒီကြားမှာ အားလုံးက တွင်တွင်ကျယ်ကျယ်လုပ်ရမယ့် အခြားတစ်ခုကတော့
ဒီအမှုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြည်သူတွေ များများသိအောင် လုပ်ဖို့ပါပဲ။

* * *    အဓိကကတော့ (ကျနော့် အထင်ပေါ့ဗျာ) နန်းအောင်ထွေးကြည်၊ ကိုထိန်လင်း၊ ကိုညီညီ၊ ကိုကျော်ကြီး၊ ကိုစိုးလင်း၊ ကိုနေဝင်းအောင် စသဖြင့် အမှတ်တရ ဆောင်းပါးတွေ ရေးခဲ့ တင်ပြခဲ့သူတွေ အများကြီးပါ။ အဲဒါတွေ တူရာပေါင်း၊ မတူတာတွေ ရှေ့နောက်စီ၊ ပြီး

စာတန်းတစ်စောင်ပြုစုဖို့ လိုမယ်ထင်ပါတယ်။ အဲဒီစာတန်းအတွက် ပုံစံအကြမ်းလိုချင်ရင် ကျနော် အဆိုပြုပေးနိုင်ပါတယ်။ ဆမားညီညီ ထင်တယ်နော်၊ အင်္ဂလိပ်လို စာရေးကောင်းသူ။ အဲဒါ သူ့အနေနဲ့ တခြားသူတွေရဲ့စာကို ဘာသာပြန်မပေးနိုင်ရင်တောင် သူရေးတာတွေကို

အင်္ဂလိပ်လို အကုန်ပြန်ရေးခိုင်းပါ။ မြန်မာပြည်မှာ အင်္ဂလိပ်လို ကောင်းကောင်းဘာသာပြန်နိုင်သူရှာရင် ရပါတယ်။ အဲဒီမှာလဲ ဘာသာပြန်ဖို့ လူရှာနည်းကို ကျနော် အကြံပေးနိုင်ပါတယ် (ကျနော် ဂျပန်မှာ အင်္ဂလိပ်လို မပြောတတ်၊ မရေးတတ်ပဲ ဘာသာပြန်ကုမ္ဗဏီအသေးလေးထောင်ပြီး

ဘာသာပြန်စားတဲ့လူတွေနဲ့ ခဏအလုပ်လုပ်ဖူးလို့ ဘယ်လိုရွေးရတယ်ဆိုတာ ကျနော်ကောင်းကောင်း သိပါတယ်)။

    အဲဒီစာတန်းကို ဂူဂယ်ပေါ်မှာ၊ ဂူဂယ်စကော်လာပေါ်မှာ ဖြန့်တင်လိုက်ရင် နိုင်ငံတကာမျက်စေ့ထဲ ဝုန်းကနဲ ဒိုင်းကနဲ ဝင်သွားမယ်။ သြော်၊ အပေါ်မှာ ပြောခဲ့တဲ့ ဘာသာပြန်တွေကိုတော့ ထိုက်သင့်တဲ့ အခကြေးငွေပေးပြီး ခိုင်းတာကောင်းပါတယ်။ ဒီအတွက် စောစောကတည်းက ရံပုံငွေထူထောင်ထားသင့်တယ်လို့ ပြောတာပါ။ အသေအချာ ကော်မီတီနဲ့ စာရင်းနဲ့ ပွင့်လင်းမြင်သာဖြစ်အောင် လုပ်ထားရင် ငွေအလွဲသုံးစားမှုကို တားနိုင်ပါတယ်။
    နောက်ပြီးတော့ ခုနစာတန်းကို ကမ္ဘာ့အစိုးရဌာနအသီးသီးကို အွန်လိုင်းကနေ ပို့နိုင်တယ်၊ တက္ကသိုလ်ပေါင်းစုံကိုလည်း ပို့နိုင်တယ်။ အဲဒီကနေ လိုအပ်တဲ့ အကူအညီတွေကိုလည်း လက်မလည်အောင်ရနိုင်တယ်လို့ ယုံကြည်ပါတယ်။
    အဲဒီအဖွဲ့မှာ အေဘီ (မြောက်) (တောင်)က ကာယကံရှင်တွေနဲ့ အမှန်တရားအတွက် တိုက်မဲ့သူတွေ ပါဝင်ပါစေ၊ အထူးသဖြင့် အင်္ဂလိပ်လို ကောင်းကောင်းကျွမ်းသူတွေ (အခု အမေရိကား၊ သြစီ စသဖြင့်) မှာ နေထိုင်နေသူတွေ ပါပါစေ၊ မနန်းအောင်ထွေးကြည်၊ မအေးအေးစိုးဝင်း၊ ကိုဆမားညီညီ၊ ကိုကျော်ကြီး စသဖြင့်ပေါ့ဗျာ၊ ကျနော် အကုန်လည်း မမှတ်မိပါဘူး။ ကျနော် ထည့်မရေးနိုင်သူတွေ အများကြီးနေမှာပါ။ ခွဲခြားတာ မဟုတ်ဘူးဆိုတာတော့ နားလည်ပေးပါ။ သင့်တော်သူတွေပါဖို့ သက်ဆိုင်သူတွေကပဲ အဓိကဆုံးဖြတ်ကြပါ။


အောင်မြင်ပါစေ -
                             By Nyunt Shwe

အလုပ်အကိုင်အခွင့်အလမ်း ပြဿနာ ကင်းဝေးရန်


    မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ရှိနေပါတယ်။ ရှားတယ်လို့လည်း ဆိုကြ ပြန်ပါတယ်။ စာဖတ်သူအချို့ အလုပ်ဝင် နေပြီထင်တယ်။ အချို့ လည်း အလုပ်ရှာနေ ဆဲ ဖြစ်မယ်ထင်တယ်။ သို့တည်း မဟုတ် အလုပ် တွေတစ်ခုပြီးတစ်ခု ဝင်လိုက်ထွက် လိုက် ဖြစ်နေသူများလည်း ရှိမယ် ထင်ပါတယ်။ ဒါဟာ မြန်မာပြည် မှာ တော်တော်ဖြစ်နေ တဲ့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။

    လုပ်ငန်းရှင်များဘက်မှ ထွက်လာတဲ့ စကားက ဒီလိုပါ။ ဝန်ထမ်းတွေ အသုံးမကျဘူး။ လခတော့ ပိုယူချင်တယ်။ လုပ်သားဘက်က ထွက်လာတဲ့ စကားကလည်း တို့သူဌေး လူလည် ကျတယ်။ လခနည်းတယ်။ အစရှိသဖြင့် လုပ်ငန်းရှင်နဲ့ လုပ်သားကြား ကွန်းဖလင့်တွေ ဖြစ်နေပါတယ်။ အကျိုးဆက်ကတော့ မြန်မာပြည်မှာ အလုပ်လက်မဲ့ ဦးရေ မြင့်တက်စေခြင်း ဖြစ်ပါတယ်။ အလုပ်ရပြန်တော့လဲ နှစ်ဦးနှစ်ဖက် အဆင်မပြေမှု များကြောင့် လိုသလောက် ခရီးမရောက်ပဲ လုပ်ငန်းမတွင်ကျယ်၊ လုပ်သား အသုံးမကျ ဖြစ် ရပါတယ်။ ဒီတော့ လုပ်သားနဲ့ လုပ်ငန်းရှင်တို့ သိရှိရမယ့် အခြေခံအချက်တို့ ရှိလာပါတယ်။

လုပ်သား (ဝန်ထမ်း)
    စာဖတ်သူတို့ အလုပ်လျှောက်နေပြီလား။ အလုပ်ရရင်ပြီးရော အသိ၊ မိတ်ဆွေ သွင်းပေးလို့ သွားလိုက်တာမျိုးက ခပ်များများဖြစ်နေပါတယ်။ အချို့ ကျတော့လည်း ကိုယ်တိုင် အပင်ပန်း ခံသွားလျှောက်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်လျှောက်ပြီဆိုရင် အင်တာဗျူးဝင်ရပါမယ်။ အင်တာဗျူးဟာ လုပ်သားတစ်ဦးရဲ့  အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါ တယ်။ တော်တော် များများ အင်တာဗျူး မြင်ဖူးပါတယ်။ ဟုတ်ကဲ့။ အင်း၊ ဟုတ်၊ အဲ၊ ဟို အစရှိသဖြင့် ကိုယ့်ကိုယ် ယုံကြည်ချက်မရှိတဲ့ လေသံနဲ့ အင်တာဗျူးခံ ဝင်သူများရှိပါတယ်။ ဒါမျိုးလုံးဝ မလုပ်ပါနဲ့။ ကိုယ်က အလုပ်ရချင်လို့ လာတာမှန်ပါတယ်။ ကျွန်လုပ်ရန် လာတာမဟုတ်ပါ။ ကိုယ့်တတ် ထားတဲ့ ပညာကို သူ့ရဲ့  လုပ်ငန်းဆောင်တာမှာ ပြန်လည်အသုံးချခြင်းသာ ဖြစ်ပြီး မိမိ ပညာနဲ့ အလုပ်အား ငှားရမ်းလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ငှားရမ်းသူဖက်က ရင်ကော့ခေါင်းမော့ နေနိုင်ပါတယ်။ အမူအရာကို မဆိုလိုပါ။ မိမိရဲ့ စိတ်ထဲမှာ ယုံကြည်မှု ရှိနေဖို့ ဖြစ်ပါတယ်။

    အင်တာဗျူးပြီဆိုပါစို့။ မေးသမျှကို အင်း၊ အဲ လုပ်ပြီးဖြေတာမျိုးမဟုတ်ပဲ သာမန်လူတစ်ဦးအား စကားပြောသလို ပြောဆိုနိုင်ပါတယ်။ အသက်ကြီးသူဆိုရင်တော့ ယဉ်ကျေးစွာနဲ့ေ တာ့ ပြောဆိုရပါမယ်။ အင်တာဗျူးသူကို ပြောခွင့် အများကြီး မပေးပါနဲ့။ သူမေးလိုက် တဲ့ မေးခွန်းတစ်ကြောင်းတိုင်းက ဟုတ်၊ အင်းတို့နဲ့ပဲ ဖြေနေရရင် ကိုယ့်ရဲ့  အင်ပရက်ရှင်ဟာ တော်တော်လေးကျနေပါပြီ။ မိမိလုပ်ခဲ့တာတွေကို တစ်ခုချင်းဆီ ဂုဏ်ယူ စွာ ပြောပြနိုင်ရပါမယ်။ မိမိလုပ်လိုတဲ့ ဆန္ဒ၊ ရှိနေတဲ့ အိုင်ဒီယာတို့ကို ထုတ်ဖော်ပြနိုင်ရမယ်။ အလုပ်စလုပ်ဖို့ အင်တာဗျူး ဝင်တာဆိုရင်လည်း မကြောက်မရွံ့  ဆွေးနွေးနိုင်ရမယ်။ အမှန်တော့ အလုပ်ဝင်ရန် အင်တာဗျူးဟာ စာမေးပွဲ စစ်တာမဟုတ်ပါဘူး။ အရိုးရှင်းဆုံး ဥပမာပေးရင်- မင်း မီးမွေးတတ်လား၊ ငါတို့မှာ ထင်းနဲ့ အသားတွေရှိတယ်။ မီးမွေးဖို့ လူမရှိဘူး လို့ မေးတဲ့သဘောဖြစ်ပြီး ဖြေဆိုသူကလည်း ဟုတ်ကဲ့ မီးမွေးတတ်ပါတယ်။ သို့ပေမယ့် ကောင်းကောင်းကြီး မမွေးတတ်ဘူး။ အရင်ကတော့ ဒီလိုမီးမွေးဖူးပါတယ်။ အစရှိသဖြင့် သူလိုအပ်နေတဲ့ ကဏ္ဍမှာ ကိုယ်က လုပ်နိုင်လား မနိုင် တိုင်ပင်ဆွေးနွေး ၊ မေးမြန်းခြင်းသာ ဖြစ်ပါတယ်။ အင်တာဗျူး ဝင်ဖြေသူ လူများလာတဲ့အတွက် အပြိုင်အဆိုင် သဘောသတ်မှတ်လို့ စာမေးပွဲတစ်ခုပမာ ဖြစ်လာရပါတယ်။

    အလုပ်ရသွားပြီဆိုပါစို့။ တကယ်စေတနာထားပြီး လုပ်ပါ။ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံး လုပ်ပါ။ သူခိုင်းလို့လုပ်ရတာ တာဝန်ပြီး ပြီးရော လုံးဝမလုပ်ပါနဲ့။ စေတနာ တစ်ခုချို့ ရင် ယင်းအလုပ် မအောင်မြင်နိုင် ပါဘူး။ ကိုယ့်ရဲ့ အိုင်ဒီယာများကို အလုပ်ထဲမှာ ပေါင်းစပ်ပါ။ ခိုင်းတာတွေပဲ လိုက်လုပ်တာမျိုး မလုပ်ပါနဲ့။ သူဒါခိုင်းလို့ ဒီလိုပဲလုပ်လိုက် တယ်ဆိုရင် ရိုးရိုးကြည့်တော့ကောင်းပေမယ့် စဉ်းစားကြည့်ရင် မကောင်းပါဘူး။ ဒီမှာ ကိုယ့်ရဲ့  ဦးနှောက်ကို ပြည့်ပြည့်ဝဝ အသုံးမချပါဘူး။ အိုင်ဒီယာလေးတွေပေါင်းပြီး သက်ဆိုင်ရာ စီနီယာ၊ သူဌေး အစရှိသဖြင့် တို့ကို အကြံဥာဏ်ပေးပါ။ ကိုယ်လုပ်ရတဲ့ ဘောင်လေးမှာတင် ဘယ်လိုအကောင်းဆုံးလုပ်ပြီး ချပြရင် အထက်လူကြီးတို့ ဘယ်လိုသဘောကျမယ်ဆိုတာကို သိထားရပါမယ်။ တကယ်လည်း ဖန်တီးနိုင်ရပါမယ်။ ဒီလိုဖန်တီးနိုင်မှုတွေ၊ အလုပ်ကြိုးစားမှုတွေကို ကြည့်ပြီးတော့ လုပ်ငန်းရှင်တို့က လခတိုးမြင့်ခြင်း၊ ရာထူးတိုးမြင့်ခြင်းတွေ လုပ်ပေးပါတယ်။ သို့ပေမယ့် ဆန္ဒမစောပါနဲ့။ ဒီအတွက် အချိန်ကာလတစ်ခု ကြာပါတယ်။ ခန့်မှန်းထားတာထက် ကြာပြီး ကိုယ့်အရည်အချင်းကို လုပ်ငန်းရှင်က အသိအမှတ်မပြုဘူးဆိုရင် စာဖတ်သူတို့ ဘာလုပ်သင့်တယ်ဆိုတာကို သိရှိမယ်ထင်ပါတယ်။

    ဒီအလုပ်ကို ဆက်လက်မတွဲပါနဲ့။ ကိုယ့်အတွက် တက်လမ်းမရှိပါဘူး။ အချို့ လုပ်ငန်းရှင် သူခိုင်းတာပဲလုပ်စေ ချင်ပါတယ်။ သူလိုချင်တာလေးပဲ ထုတ်သုံးပြီး ဝန်ထမ်းရဲ့  စွမ်းရည် ကို ဘောင်ခတ်ထားတတ်ပါတယ်။ ဒီလို ဘောင်ခတ်ထားတတ်တဲ့ သူဌေးမျိုး၊ လုပ်ငန်းရှင် မျိုးဆိုရင်တော့ ဆက်လက်မတွဲပါနဲ့။ ကိုယ်က တစ်သက်လုံး ဝန်ထမ်းလုပ် မယ့်သူမှမ မဟုတ်တာ။ ဘဝဆိုတာ ရှည်လျားပြီး ကြိုးစားဖို့ လမ်းက အမြဲပွင့်နေဖို့ လိုပါတယ်။ ဒီလို လမ်းပိတ်တတ်ရင်တော့ နောက်အလုပ် တစ်ခု ပြောင်း ဖို့လိုအပ်ပါတယ်။ ဒီတော့ အပြင်လောကနဲ့လည်း အဆက်အသွယ် မပြတ်ပါနဲ့။ ကိုယ်လုပ်နေတာနဲ သက်ဆိုင်တဲ့ နယ်ပယ်ကို အမြဲလေ့လာထားပါ။ အခြေအနေကို အမြဲတမ်း စောင့်ကြည့်ပါ။ ဒီထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေ တွေ့ရှိနိုင်ပါတယ်။

    သို့ပေမယ့် လုပ်ငန်းရှင်ကို ကျေးဇူးကန်းတာမျိုးတော့ မလုပ်ဖို့ လိုအပ်ပါတယ်။ ဒီမှာ အလုပ် လုပ်နေတယ်။ နောက်အလုပ်တစ်ခုက လစာကောင်းလို့ ပြောင်းပစ်လိုက်တယ် မလုပ်ပါနဲ့။ ငွေကိုချည်းကြည့်ပြီးတော့ ယခုလို တစ်ခုပြီးတစ်ခုပြောင်းခြင်းက ကိုယ့်အတွက် မကောင်းပါဘူး။ ခဏခဏ ခြံခုန်တတ်တဲ့ မြင်းကို ဘယ်သူမှ မမွေးရဲ တော့သလို၊ ခဏခဏ လစာကောင်းရာ ပြောင်းတတ်တဲ့ ဝန်ထမ်းကိုလည်း လုပ်ငန်းရှင်တို့ ကြောက်ပါတယ်။ ဒါကြောင့် အလုပ်စဝင်ကတည်းက ကိုယ်ရသင့်တဲ့လစာကို တစ်ခါတည်းညှိနှိုင်းဖို့ လိုအပ်ပါ တယ်။ ဒါကြောင့် အင်တာဗျူးမှာကတည်းက ကိုယ်ရသင့်တဲ့ လခကို တစ်ခါတည်း ပြောဖို့ လိုအပ်ပါတယ်။ ပိုလည်း မပြောပါနဲ့။ လျော့လည်း မပြောပါနဲ့။ အစမ်းခန့်ကာလအတွင်း ရသင့်တဲ့ လစာ၊ ပြီးရင် ရသင့်တဲ့ လစာ အားလုံးကို တစ်ခါတည်းတွက်ချက်ပြီး အင်တာဗျူးမှာ တစ်ခါတည်း ညှိနှိုင်းပါ။ ညှိနှိုင်းလို့ မရရင် မတွန့်ဆုပ်ပါနဲ့။ ယနေ့ခေတ်မှာ အလုပ်မရှားပါ။ နောက်အလုပ် တစ်ခုပြောင်းလျှောက်ဖို့ တိုက်တွန်းပါတယ်။

    အကယ်၍ ကိုယ်စိတ်ကြိုက်တွေ့တဲ့ အလုပ်တစ်ခုရလိုက်ပြီဆိုရင် စေတနာ၊ ဝီရိယ၊ ပညာ အားလုံး ပေါင်းစပ်လို့ တကယ် စွမ်းဆောင်လုပ်ကိုင်ရပါမယ်။ ဒါဆို ကြိမ်းသေအောင်မြင် ပါတယ်။ ကိုယ့်ဘဝအတွက်လည်း တက်လမ်းတွေ အများကြီးရှိလာပါတယ်။

လုပ်ငန်းရှင် (ဝန်ထမ်းငှားရမ်းသူ)
    ကိုယ့်က လုပ်သားလိုလို့ ခေါ်တယ်ဆိုပါစို့။ အင်တာဗျူးမှာကတည်းက လုပ်သားကို သေချာစစ်ဆေး မေးမြန်းပါ။ ယင်းမေးမြန်းချက်ထဲမှာ သူ့ရဲ့ ပညာအရည်အချင်း၊ လုပ်ကိုင်မှုစွမ်းရည် အားလုံးကို တစ်ခါတည်းသိရှိဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကိုယ်က လုပ်သားကို ထိုက်တန်တဲ့ လစာတစ်ခု သတ်မှတ်ထားရပါမယ်။ ကိုယ်လည်း ပေးနိုင်မယ်။ ပေးသင့်တဲ့ ပမာဏတစ်ခုလည်း ဖြစ်ကို ဖြစ်ရပါမယ်။ ဒီမှာကတည်းက လုပ်ငန်းရှင်ဟာ သမာသမတ်ကျဖို့ လိုအပ်ပါတယ်။ အင်တာဗျူးဝင်ဖြေသူက တောင်းဆိုလာတဲ့ ပမာဏသာ ပိုများနေပါက ညှိနှိုင်းကြည့်ပါ၊ မရင်ရင် မခန့်ပဲ နောက်ထပ် အင်တာဗျူးဝင်လျှောက်သူများကို စစ်ဆေးနိုင်ပါတယ်။ ဒီခေတ်မှာ လုပ်သားမရှားပါ။

    ကိုယ်ရွေးတဲ့ လုပ်သားဟာ ကိုယ့်လုပ်ငန်းအတွက်လည်း တကယ် အကျိုးဖြစ်ထွန်းစေဖို့ လိုအပ်ပါတယ်။ လုပ်သားတွေမှာ မထင်မှတ်တဲ့ အိုင်ဒီယာတွေ၊ ပညာရပ်တွေ ရှိပါတယ်။ ဒါတွေကို ယူသုံးလိုက်ရင် လုပ်ငန်းပိုတွင်ပြီး လုပ်သားစွမ်းရည်များများကို ရရှိနိုင်ပါတယ်။ ဝန်ထမ်းများကို အမြဲစောင့်ကြည့်နေရပါမယ်။ တကယ် ကြိုးစားအားထုတ်သူ၊ ဝီရိယရှိသူ၊ ဦးဆောင်လမ်းပြ ပေးနိုင်သူများရှိရင် Promote လုပ်ပေးဖို့ မတွန့်ဆုပ်ပါနဲ့။ ရာထူး တိုးပေးဖို့ မတွန့်ဆုပ်ပါနဲ့။ နေရာပေးဖို့ မတွန့်ဆုပ်ပါနဲ့။ ဒီလိုသာ မလုပ်ရင် ဒီလိုလုပ်ပေးတဲ့ နေရာတစ်ခုကို ထွက်ခွာသွားနိုင်လို့ ဖြစ်ပါတယ်။ ကိုယ် သွေးထားပေးတဲ့ ဓားက အခြားလူလက်ထဲရောက်သလို ဖြစ်သွားပြီး ယင်းဝန်ထမ်းဟာ အခြားနေရာမှာ လက်စွမ်းတွေ ပြနေတတ်ပါတယ်။ ကိုယ့်စီမှာ ဝန်ထမ်းမြဲနေအောင် ကြိုးစားရပါမယ်။ ဒါကြောင့် လုပ်သားတွေရဲ့ အရည်အချင်း၊ ကြိုးစားမှု၊ သစ်ဆန်းနိုင်မှုများကို လေ့လာစောင့်ကြည့် အသုံးချပေးနေရပါမယ်။

    လုပ်ငန်းလည်း ပိုမိုတွင်ကျယ်သလို ဝန်ထမ်းလည်း မိမိပေးတဲ့ အလုပ်ကို မြတ်နိုးလာတတ်ပါတယ်။ တစ်ခါခါမှာ စုန်းပြူးပါတတ်ပါတယ်။ အင်တာဗျူးမှာတုန်းက သတိမထားမိပေးမယ့် နောက်တော့ သူ့ဟာ အလုပ်မတွင်တဲ့ သူတစ်ယောက်မျိုး ဖြစ်လာတတ်ပါတယ်။ ရေသာမခိုရင်တောင် တာဝန်ပြီးပြီးရော လုပ်တတ်ပါတယ်။ နောက်အခြား အလုပ်များကောင်းမလား စောင့်ကြည့်နေတတ်ပါတယ်။ ဒါမျိုးဆိုရင် လက်တွဲဖြုတ်ဖို့ ဝန်လေးစရာ မလိုပါဘူး။ မိမိကို ခုတုံးလုပ်ပြီး အခြားနေရာမှာ လက်စွမ်းပြမယ့်သူ များ ဖြစ်ပါ တယ်။

    ဝန်ထမ်းကောင်းသာ ရထားရင် လုပ်ငန်းရှင်ဘက်ကလည်း တူညီသော ပေးဆပ်မှု၊ ထိုက်တန်သော ပေးဆပ်မှုကို အမြဲ ပေးစွမ်းနိုင်ရပါမယ်။ ကိုယ့်ဘက်က ဆက်မပေးနိုင်ဘူးဆိုရင်လည်း သူ့ကို ပျံသန်းခွင့် ပေးလိုက်ပါ။ ဒီတော့ အလုပ်ကိုချစ်အောင် ကိုယ်က ဖန်တီးပေးထားရင်တော့ လစာနည်းရင်တောင် ဝန်ထမ်းအချို့ က ဒီမှာပဲ မြဲအောင်လုပ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းမြဲဖို့ဆိုတာ ငွေက အဓိကမဟုတ်ပါဘူး။ ဝန်ထမ်းတွေအတွက် ငွေမဟုတ်တဲ့ အခြား စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ ဖြစ်ပါတယ်။ ဝန်ထမ်းတွေချစ်ခင်တဲ့ သူဌေးဖြစ်အောင် နေရပါမယ်။

    လုပ်ငန်းရှင်ဘက်ကလည်း လုပ်သားဆီက လိုအပ်တာကိုယူသုံးတယ်၊ ထိုက်သင့်သလို ပြန်လည် ပေးချေမယ်၊ လုပ်သားများကလည်း လုပ်ငန်းရှင်တောင်းဆိုတဲ့ စွမ်းဆောင်ရည်ကို ၁၀၀ရာခိုင်နှုန်း ပေးစွမ်းနိုင်ရပါမယ်။ ကိုယ်ကလည်း ထိုက်တန်သလို ပြန်ရပါမယ်။ ဒါဆိုရင် လုပ်သားနဲ့ လုပ်ငန်းရှင်ကြား ညှိနှိုင်းလို့ အဆင်ပြေသွားပါပြီ။ လုပ်သားလည်း အလုပ်မြဲသလို လုပ်ငန်းရှင်အတွက်လည်း လုပ်သားမြဲမှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်ငန်းရှင်များမှလည်း ဂျာနယ်မှာ ကြော်ငြာခဏခဏထည့်ခေါ်ရတာ ကင်းသလို၊ လုပ်သားများလည်း ဂျာနယ်စောင့်ဖတ်ပြီး အလုပ်လျှောက်ရတဲ့ ဘဝက ကင်းပါတယ်။

    ဒီနေရာမှာ အဓိက စကားပြောတာ အတ္တ နဲ့ ပရပဲ ဖြစ်ပါတယ်။ ပုထုဇဉ်လူသားတိုင်းမှာ အတ္တကိုယ်စီ ရှိနေကြပါတယ်။ ကိုယ်အတွက်ချည်း ကြည့်ပြီး လုပ်ဆောင်တတ်ကြပါတယ်။ လုပ်ငန်းရှင်ရယ်မှ မဆိုလို လုပ်သားများပါ ကိုယ့်အတ္တကိုယ်ချည်း ရှေ့ တန်းတင်မယ်ဆိုရင်၊ မိမိအတွက်ပဲ စဉ်းစားနေမယ်ဆိုရင် အလုပ်မတွင်ပါဘူး။ ကိုယ့်အတွက် အတ္တ သူ့အတွက် ပရ နှစ်မျိုးလုံးကို အချိုးညီညီ စဉ်းစားပြီး လုပ်ဆောင်တတ်မယ်ဆိုရင် နှစ်ဘက်လုံး ကြိမ်းသေ အောင်မြင်ရမှာ ဖြစ်ပါတယ်။

    စာဖတ်သူ လုပ်ငန်းရှင်များ လုပ်သားမြဲလို့ လုပ်သားများလည်း အလုပ်မြဲကြပါစေ။   


By TechSpace Journal


Thursday 5 April 2012

“လုံခြုံရေးဆိုင်ရာနဲ့ပတ်သတ်ပြီး ဘာတွေကို ရှောင်သင့်လဲ၊ ဘယ်လိုကာကွယ်သင့်လဲဆိုတာ သဘောပေါက်သွားမှာပါ”

Gmail, Gtalk ကိုကြားကနေ ဖြတ် ဖောက် ဖတ် ဖို့များ အလွန်လွယ်သတဲ့လား.......
ကွန်ပြုတာနည်းပညာ မျှဝေသူများ    
 By Soe Min Htet
   

    https://www.facebook.com/note.php?note_id=272697649443530 ဖေ့ဘွတ်ပေါ်မှာ ကျွန်တော် အကြိုက်ဆုံးနည်းပညာဆိုင်ရာ ဆွေးနွေးမှု အကြောင်းအရာလေးပါ...ဆွေးနွှေးချက်တွေကလည်း တကယ့်ကို စိတ်ဝင်စားစရာကောင်းပြီး အကျိုးရှိလှတယ်... အပြန်အလှန် ဆွေးနွေးထားတာလေးတွေ တော်တော်ကို ကောင်းတယ်ဗျာ...ဖတ်ထားမိရင်တော့ လုံခြုံရေးဆိုင်ရာနဲ့ပတ်သတ်ပြီးဘာတွေ ကိုရှောင်သင့်လဲ ဘယ်လိုကာကွယ်သင့်လဲဆိုတာ သဘောပေါက်သွားမှာပါ..ကြိုက်လွန်းလို့ အကြောင်းအရာတွေရာ ကွန့်မန့်တွေပါ တစ်ခုချင်း စက်ထဲမှာ သိမ်းထားတာလေးပါ.....

    Gmail ကို အစိုးရရှဲ့ဆာဗာတွေကနေ ဖောက်လို့ရသတဲ့၊ Gtalk ကြီးကိုလည်း  အစိုးရက အလွယ်တကူ ၀င်ကြည့်လို့ရသတဲ့နဲ့ မနက်မိုးလင်းလို့ ဆောင်းပါးတစ်ခု ဖတ်လိုက်ရတော့ မှားနေတာ တန်းသိတာနဲ့ မှတ်ချက်တစ်ချို့ပေးလိုက်ပါတယ်..... သူ့စာကို ဖတ်ကြည့်ရသလောက်တော့ ရန်းတုတ်တာ တော်တော်များနေပေမဲ့ ကိုယ်နဲ့ မဆိုင်တော့ သိတ်မပြောချင်သေးဘူး..... နောက်မှ ဘယ်ဟုတ်မလဲ အဲ့ဒိသတင်းက မဇ္ဇိမ ၀ဘ်ဆိုဒ်မှာ တင်ထားပါတယ်ဆိုမှ အော် သောက်ရမ်း ရမ်းတုတ်တွေပဲဆိုပီး ရေးခဲ့သမျှ မှတ်ချက်ကို ပြန်စုလိုက်ပါတယ်...
   ပထမဆုံးက မြန်မာပြည်မှာ အင်တာနက်ကိုသုံးရာမှာ Gateway အဆင့်ဆင့်ခံပါတယ်။ မြန်မာပြည်တွင် မဟုတ်ပါဘူး နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ရှိပါတယ်။ Gateway ဆိုတဲ့သဘောတရားဟာ Network ကြီးတွေ ကြီးလာတဲ့ အခါမှာ၊ Sub Net တွေများလာတဲ့အခါမှာ Network တစ်ခုနဲ့ တစ်ခု Route လုပ်ဖို့အတွက် သုံးရတာဖြစ်ပါတယ်။ သူ့နက်ဝါ့ ကိုယ့်နက်ဝါ့တွေ ခွဲခြားသုံးတဲ့အခါမှာလည်း Gateway ကို ခံသုံးပါတယ်။ Gateway ဆိုတာ အကြမ်းမျဉ်းအားဖြင့် Router / NAT Devices တွေဖြစ်ပါတယ်။ Hardware / Software နှစ်မျိုးရှိပါတယ်။ အိမ်တွေရုံးတွေမှာလည်း အင်တာနက်လိုင်းကို ခွဲသုံးမယ်ဆိုရင် Router အသေးစားလေးတွေနဲ့ အင်တာနက်ကို ပြန်ခွဲသုံးတာကို အားလုံးလည်း သိကြတာပါပဲ။ နိုင်ငံတိုင်းမှာ Gateway အဆင့်ဆင့်ကနေ သွားပါတယ်....

    မြန်မာပြည်က အင်တာနက်ကော်နက်ရှင်အများစုဟာ National Gateway ကနေဖြတ်ရတာလည်း ဟုတ်ပါတယ်။ အဲ့ဒိမှာ အင်တာနက်ကို သုံးဖို့အတွက် Proxy ဆာဗာတွေကို ဖြတ်ရပါတယ်။ MPT Connection မှာ Proxy Server ခံရပြီး Yatanarpon Connection မှာ Proxy မထည့်ရပဲ Auto နဲ့ သုံးရပါတယ်။ Technical အခေါ်အဝေါ်အနေနဲ့ကတော့ WPAD (Web Proxy Auto Discovery) ဖြစ်ပါတယ်။ Proxy Server များခံရခြင်းရဲ့ အဓိကကတော့ ဖွင့်ပေးခြင်တဲ့ Website တွေ ပိတ်ခြင်တဲ့ Website တွေကို ထိမ်းချုပ်ရန်အတွက် အဓိကဖြစ်ပါတယ်။ အဲ့ဒိမှာ Gmail နဲ့ Gtalk သုံးတဲ့ စနစ်ကို ကြည့်လျင် https ဆိုတာကို တွေ့ရမှာပါ။ https ဆိုတာ Secure Channel ဖြစ်ပါတယ်။ SSL Certificate ဆိုတဲ့ Encryption တစ်မျိုးနဲ့ ဒေတာတွေကို အပို့အယူ လုပ်ပါတယ်။ Encryption ဆိုတာဟာ a လို့ရိုက်လိုက်တဲ့စာကို Encrypt လုပ်လိုက်တဲ့အချိန်မှာ Method ပေါ်မူတည်ပြီး  019275&6%#%@*! ဆိုတဲ့ စာတွေအဖြစ်ကို ပြောင်းသွားပါတယ်။ ဟိုဘက်ကို ပြန်ရောက်တဲ့အချိန်မှာ သူ့ရဲ့ Decrypt လုပ်ဖို့ ကုဒ်နဲ့ ပြန်ဖြည်မှ မူလစာ a ကိုမြင်ရတာဖြစ်ပါတယ်။

   ပုံမှန် ကျွန်တော်တို့ www.google.com လို့ရိုက်ထည့်လိုက်ရင် http://www.google.com နဲ့ပြောင်းသွားပါတယ်။ ဒါဟာ Pure HTML ပါ၊ ကြားကနေ ဖြတ်ယူကြည့်လို့ရပါတယ်။ အဲ့ဒိအချိန်မှာ mail.google.com ဆိုပီး ရိုက်ထည့်လိုက်ရင် https://mail.google.com ဆိုပီးပြောင်းသွားတာကို တွေ့ရပါမယ်။ အဲ့ဒါဟာ ပုံထဲမှာဆိုရင် အသုံးပြုသူရဲ့ ကွန်ပျူတာကနေ ဂျီမေးလ်ဆာဗာကို Secure Channel သုံးဖို့ Request လုပ်လိုက်ပါတယ်။ အဲ့ဒိအချိန်မှာ Gmail Server ဟာ Encryption လုပ်မဲ့ အဓိက Certificate ကိုထုတ်ပေးလိုက်ပါတယ်။ အဲ့ဒိအခါမှာ အသုံးပြုမယ့်သူက အပြန်အလှန် Encrypt/Decrypt လုပ်မဲ့ Key ကိုပေးလိုက်ပါတယ်။ နှစ်ဖက် သဘောတူညီမှု ရသွားတဲ့အချိန်မှာ Encrypted လုပ်ထားတဲ့ စာတွေကိုပဲ အပို့/အယူ လုပ်ပါတော့တယ်။ Encrypt လုပ်ထားတဲ့ စာတွေကို ပြန်ဖြည်တာကတော့ ခုဏက ပို့ထားတဲ့ Key နဲ့ပဲ ပြန်ဖြည်ရပါတယ်။ အဲ့ဒိ Key ဟာ မူလထုတ်ပေးတဲ့ Certificate ကနေလည်း အခြေခံပါတယ်၊ သုံးတဲ့သူရဲ့ ကွန်ပျူတာက နာမည်၊ အချိန်၊ နာရီ စတာတွေကိုလည်း ယူပါတယ်။ အဲ့ဒါကြောင့် Encrypt လုပ်တဲ့ကီးဟာ တစ်ကြိမ်နဲ့ တစ်ကြိမ်မတူပါဘူး။

    အဲ့ဒိအတွက် https သုံးထားတဲ့ ဆိုဒ်တွေဟာ ကြားကဖြတ်ယူလို့ရပေမဲ့ မူလစာတွေကို အဓိပ္ပါယ်ပေါ်အောင် လုပ်လို့မရပါဘူး။ ဆိုလိုချင်တာကတော့ ကြားကဖြတ်ခိုးလို့မရပါဘူး။ ဘယ် ISP (Internet Service Provider) မှလည်း ဖြတ်ခိုးလို့ မရပါဘူး။ အဲ့ဒါတွေကြောင့် မူရင်းဆာဗာတွေကိုပဲ အဓိက ပစ်မှတ်ထားပြီး Hack လုပ်ကြတာဖြစ်ပါတယ်။ မူရင်း Server Hack လုပ်ခံရမှ အဲ့ Server ထဲမှာ သိမ်းထားတဲ့ အချက်အလက်တွေကို ခိုးယူလို့ရမှာ ဖြစ်ပါတယ်။ https သုံးထားတဲ့ Connection ကို ကြားကဖြတ်ခိုးလို့မရပါဘူး။ အထူးသဖြင့် Google ကဟာက ပိုဆိုးပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ Google's https နဲ့ အခြားသော Business Application တွေကိုပါ Provide လုပ်ထားတဲ့ အတွက် ဖြစ်ပါတယ်။ Google Business Application တွေကိုသုံးထားတဲ့ နာမည်ကြီး အဖွဲ့အစည်းတွေကတော့ Motorola, Konica/Minolta, Land Rover, Virgin America, EPS, Brown University, National Geographic, တို့ဖြစ်ပါတယ်။ အတိအကျစာရင်းကို http://www.google.com/apps/intl/en/customers/ မှာသွားကြည့်နိုင်ပါတယ်။ အဲ့ဒိအတွက် Google ရဲ့ https ဟာ စိတ်မချရလျင် အဆိုပါအဖွဲ့အစည်းများ တရားစွဲတာနဲ့တင် Google ဟာ နာမည်ပျက်သွားမှာ ဖြစ်ပါတယ်။

    https ရဲ့ Security Algorithm တွေကို ဖြည်ဖို့က တော်တော့ကို ခဲယင်းပါတယ်။ Super Computer တွေနဲ့ ဖြည်ထုတ်ရမှာပါ.... ဖတ်ဖူးတဲ့ စာစုတစ်ခုအရ အနည်းဆုံး နှစ် ၁၀၀ ကျော် အချိန်ပေးရမယ်လို့ ဆိုပါတယ်... အဲ့ဒါကြောင့် CA ကုမ္ပဏီတွေဟာ ယပ်ခတ်ပီး နေနိုင်ပါတယ်.... အဲ့လိုပဲ Certificate တွေမှာလည်း သက်တန်းရှိပါတယ်... သက်တန်း ကြာတဲ့ Certificate တွေကတော့ ဖောက်ဖို့ လွယ်ပါတယ်.... အခု Google Certificate ကတော့ ၂ နှစ်တစ်ခါ လဲတာကို သတိထားမိပါတယ်...

    https ကိုပိတ်လို့မရတဲ့အတွက်ကြောင့် နိုင်ငံရေး တစ်ခုခု လှုပ်လှုပ် လှုပ်လှုပ် ဖြစ်ခဲ့ရင် အရင် အစိုးရဟာ https ကို ထိမ်းချုပ်ဖို့ ကြိုးစားပါတယ်... မရလျင် လုံးဝကို ပိတ်ပစ်လိုက်ပါတယ်... မြန်မာပြည်တွင်းက အင်တာနက်သုံးသူတွေ အကုန်ခဏခဏ ကြုံဖူးမှာပါ.... အင်တာနက်သုံးလို့ရပီး ဂျီမေးလ် ဂျီတော့ သုံးမရဘူးဆိုတာ https ကို ပိတ်ထားတဲ့ အတွက်ပါ.... အဲ့ဒါကြောင့် ကျော်ခွသုံးရပါတယ်... အခု Facebook ဟာ Login အတွက်ကိုပဲ https သုံးပီး ကျန်တာတွေကို Encryption မပါတဲ့ http သုံးတဲ့အတွက် သူတို့ နည်းပေါင်းစုံနဲ့ ကလိဖို့ ကြိုးစားနေပါတယ်.... အခုလက်ရှိ MPT ဟာ သူတို့ရဲ့ Primary DNS Server ကို 203.81.64.18 ဆိုပီး ထပ်တိုးပါတယ်.... DNS ဆိုတာ Naming Resolution (ဥပမာ www.google.com လို့ရိုက်ရင် google ကိုသွားရှာရန်) အတွက် သုံးတာဖြစ်တဲ့အတွက် တစ်ကမ္ဘာလုံးမှာ ရှိတဲ့ လိပ်စာတွေကို Resolve လုပ်နိုင်ရမှာ ဖြစ်ပါတယ်... ဒါပေမဲ့ အဲ့ဒိ Primary DNS Server မှာ Record ဖျက်ထားတဲ့အတွက် www.facebook.com လို့ရှာလိုက်ရင် Record Not Found ဆိုပီး ဖြစ်နေလို့ ပြည်တွင်းမှာ ခုရက်ပိုင်း Facebook သုံးတာ အဆင်မပြေဖြစ်တာပါ... အရင်တုန်းကတော့ mail.google.com ဆိုပီးရှာလိုက်ရင် Record Not Found ဖြစ်တယ်။ တစ်ခါတစ်လေမှာ www.google.com ကိုခေါ်ကြည့်ရင်ကို Access Denied ဖြစ်တာတွေ ပြည်တွင်းက အင်တာနက်သုံးသူများ အထူးအဆန်းမဟုတ်တော့ပါဘူး။  

    စာထဲမှာ ရေးထားတဲ့ DNS Poisoning နဲ့ အစိုးရက ခိုးတယ်လို့ ရေးထားပါတယ်။ အဲ့ဒါလည်း တက်တက်စင်အောင် လွဲပါတယ်။ DNS Poisoning ဆိုတာ တကယ့် Record အစစ်အမှန်တွေနေရာမှာ အတုအယောင်တွေနဲ့ အစားထိုးတာပါ။ မျက်စိထဲမှာ ထင်သာမြင်သာအောင် ပြောရမယ်ဆိုရင် မောင်ဖြူနေရာမှာ မောင်နီကို အစားထိုးလိုက်တာပါ။

    အသုံးပြုသူဟာ www.nicebank.com ကိုခေါ်လိုက်တဲ့အချိန်မှာ Poisoning အလုပ်ခံရတဲ့ DNS Server ဟာ တကယ့်နာမည်အစစ်ဖြစ်တဲ့ www.nicebank.com ကိုပေးမဲ့အစား www.n1cebank.com ကိုပြောင်းပလိုက်ပါတယ်။ အဲ့ဒိ www.n1cebank.com မှာမှ အသုံးပြုသူ User ရဲ့ပါစ၀ါ့တွေကို ခိုးဖို့ Fake Form တွေ အဆင်သင့်စောင့်နေပါတယ်။ ဖောင်တွေကို ဖြည့်ပြီး Submit လုပ်လိုက်ချိန်မှာတော့ ကိုယ့်အကောင့်ဟာ ပါသွားပီဖြစ်ပါတယ်။ ပြန်ယူချင်လို့ မရတော့ပါဘူး။ ဘဏ့်အကောင့်ဆို ငွေအကုန်၊ အီးမေးလ်အကောင့်ဆို ပါ့စ၀ါ့ကိုအပြောင်းခံလိုက်ရပီး Account Hijacked ဖြစ်သွားပါပီ။ ဒါဟာ DNS Poisoning နဲ့ Fake Website ကိုအသုံးပြုပြီး ခိုးတာဖြစ်ပါတယ်။ ကိုယ် Login ၀င်နေတာ Google ရဲ့ Website ဟုတ်မဟုတ်ကို Internet Browser ရဲ့ Address Bar ကနေ စစ်ကြည့်လို့ရပါတယ်။

    အဲ့ဒိမှာ သူပြထားတဲ့ ပုံထဲက ဆာဗာတစ်လုံးဟာ Checking and Capturing the Login Credential ဆိုပြီးပြထားပါတယ် မှားပါတယ်။ https နဲ့သွားတဲ့ Login Credential တွေကို ဖြတ်ပီးခိုးဖမ်းဖို့ မဖြစ်နိုင်ပါဘူး။ အခုလက်ရှိ အစိုးရမှ သုံးထားတာတွေဟာ Proxy Server တွေဖြစ်ပြီး Website အဖွင့်အပိတ်ကို ပြုလုပ်ရန်၊ တနည်းအားဖြင့် URL Filtering အတွက်ဖြစ်ပါတယ်။ သူတို့ ပေါ်လစီနဲ့ ညိရင် ပိတ်ထားပါတယ်၊ တနည်းအားဖြင့် ဘန်းတယ်ပေါ့။ အဲ့ဒါကြောင့် မြန်မာတွေ ကျော်ခွသုံးတာကို ဘန်းကျော်တယ်လို့ သုံးကြပါတယ်။ User သွားကြည့်တဲ့ Website တွေကိုတော့ Trace လိုက်လို့ရပါတယ်။ ဒါကလည်း သူသုံးတဲ့ အင်တာနက် Service ပေါ်မူတည်ပြီး ချပေးထားတဲ့ IP Address ကိုနောက်ယောင်ခံ လိုက်ကြည့်တာပါ။ အဲ့ဒါလည်း ဘယ် Website ကိုသွားတာပဲ သိရတာဖြစ်ပါတယ်။ အဲ့ဒိ Website ဟာ https သုံးထားလျင် အထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ တနည်းအားဖြင့် သူတို့ဟာ ဒီလူ ဒီအဆောက်အဦးထဲ ၀င်သွားတာကို သိပါတယ်။ အဆောက်အဦးထဲမှာ ဘာလုပ်နေတယ်ဆိုတာ မသိနိုင်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အဓိက Decrypt လုပ်ရန် Key မရှိခြင်းကြောင့် ဖြစ်ပါတယ်။

    အဲ့ဒိလို သွားကြည့်တဲ့ Website တွေကို Trace လိုက်တယ်ဆိုတဲ့နေရာမှာလည်း Proxy Bypass Software တွေသုံးထားရင် လိုက်စစ်လို့ မရပြန်ပါဘူး။ ထို့အတူ Proxy Bypass Site တွေကနေ တစ်ဆင့်သွားလျင်လည်း မသိနိုင်ပါဘူး။ လူသိများကြတဲ့ Proxy Bypass Software တွေကတော့ Your Freedom, Freegate, Ultrasurf, Hopster အစရှိသဖြင့် အများကြီး ရှိပါတယ်။ ဥာဏ်ရှိသလို သုံးနိုင်ပါတယ်။ နိုင်ငံတကာကို သွားဖို့ Ports တွေကတော့ အကုန်ပိတ်ထားပြီး ဖွင့်တာဆိုလို့ http, https ပဲရှိတယ်၊ ဘယ်ဝက်ဆိုဒ်တွေတော့ ပေးကြည့်မယ် ဘယ်ဟာတော့ ပိတ်မယ်ဆိုတာ URL Filtering ပါ၊ DNS Poisoning တောင်မလုပ်ဘူး NS Record ကို ဖျက်ပစ်တဲ့ အလုပ်မျိုးကိုပဲ လုပ်ကြတယ်။ အဲ့ဒိဆောင်းပါးပါ အချက်အလက်တွေ တော်တော်လေးလွဲနေပါတယ်။ DNS Port ကိုတော့ ဖွင့်ပေးထားပေမဲ့ MPT Connection ဟာ Proxy နဲ့ ထိမ်းထားတာ ဖြစ်တဲ့အတွက် သူ့ Proxy Server ဟာ သူ့ရဲ့ DNS ကိုပဲ သွားစစ်တာဖြစ်တဲ့အတွက် ကိုယ်ပိုင် DNS Server သုံးပီး ကျော်ခွလည်း မရပါဘူး။

    FTP Port ကတော့ စိတ်ကူးပေါက်ရင် ဖွင့်ပါတယ်၊ တစ်ခါတစ်လေမှာ ပိတ်ပါတယ်၊ တစ်ချို့ အဖွဲ့အစည်းတွေကတော့ သူတို့ နိုင်ငံခြားမှာ ရှိတဲ့ ဆာဗာတွေကိုသုံးဖို့အတွက်တော့ Port Request တင်ရပါတယ်။ Messaging Port တွေဖြစ်တဲ့ (POP, SMTP, IMAP, Exchange) တွေကိုတော့ လုံးဝပေးမဖွင့်ပါလို့ အရင်ကတရားဝင် ပြောပါတယ်။ အဲ့လိုပဲ VPN ကိုလည်း လုံးဝပေးသုံးပါလို့ အရင်က ပြောပါတယ်။ Port Request မှာ Source IP ပေးရပါတယ်၊ Target URL & Target Port ကိုပေးရပါတယ်။ ဖွင့်မပေးခင်း နည်းလမ်းပေါင်းစုံ စစ်ပါတယ် ဒါက အရင်ကပါ။ (အခုတော့ မသိဘူး ကျွန်တော့လာမမေးနဲ့ သူတို့သွားမေး.... :D)

    လက်ရှိ မြန်မာပြည်က ရတာနာပုံ ကသုံးထားတဲ့ Proxy Server တွေဟာ Blue Coat System ဖြစ်ပါတယ်။ Blue Coat က ကမ္ဘာ့အကောင်းဆုံးလို့တော့ ပြောကြတာပါပဲ။ ဒါပေမဲ့ ကျွန်တော်တို့ နိုင်ငံက လုပ်ချင်တဲ့ System နဲ့ Control လုပ်ချင်တဲ့ပုံစံက တကယ့်ကို တလွဲပါ။ ကမ္ဘာမှာလည်း မရှိပါဘူး.... အဲ့ဒါကြောင့် သူတို့တွေ Proxy ကို တစ်မျိုးပြီး တစ်မျိုးပြောင်းသုံးနေပေမဲ့လည်း ခုထိသူတို့ လိုချင်တဲ့ပုံစံနဲ့ ထိမ်းချုပ်မရသေးတဲ့အတွက် နည်းပညာပိုင်း မနိုင်သေးတဲ့အတွက် ကမောက်ကမ ဖြစ်တာ များခဲ့ပါတယ်။ ဒီနေရာမှာ Proxy Server တွေဟာ https အတုတွေကို ကြားဖြတ် ဖျက်ချဖို့ System တွေပါဝင်လာပါတယ်။ ကျွန်တော် Blue Coat နဲ့ အကျွမ်းတ၀င်မရှိတဲ့အတွက် Microsoft TMG နဲ့ပဲ နှိုင်းယှဉ်ရေးပြပါ့မယ်။ သဘောတရားခြင်းကတော့ အတူတူပဲ ဖြစ်ပါတယ်။ (Co-operate Proxy & Firewall မှာတော့ Microsoft TMG ဟာ နာမည်ကြီးပါတယ်။ Blue Coat ကတော့ ISP တွေ အကြိုက်ဖြစ်ပါတယ်။)

    Microsoft TMG မှာအဲ့ဒိ စနစ်ကို SSL Inspection လို့ ခေါ်ပါတယ်။ Fake SSL Certificate တွေကို သုံးမှာကို တားတာပါ။ ဒါပေမဲ့ Technology အရ Un-trusted Certificate တွေနဲ့ Fake Certificate တွေကို သုံးထားတဲ့ Website တွေကို Users တွေ Access လုပ်မိခြင်းမှ ကာကွယ်ရန် ဖြစ်သလို၊ Proxy Bypass သုံးတဲ့ Software တွေရဲ့ Fake Certificate နဲ့ ကျော်ခွခြင်းကို ကာကွယ်ရန်ဖြစ်ပါတယ်။ ဒါပေမဲ့ Public ISP လိုမျိုးတွေမှာ အဲ့ဒိ Function ဟာ သုံးလို့မရပဲ Co-operate တွေမှာပဲ သုံးရတာ အဆင်ပြေပါတယ်။ Public မှာသွားသုံးလိုက်ရင် Client Authentication မှာတင် အဆင်မပြေဖြစ်ပီး https ကို Access လုပ်မရပဲ ဒေါင်းကုန်လို့ဖြစ်ပါတယ်။

    ယခင် အစိုးရက အင်တာနက်ကို ကြားက ဖြတ်စစ်လို့ မရမှန်းသိလာတော့ သိတ်ပေးမသုံးချင်ခဲ့ဘူး။ ဒါပေမဲ့လည်း အင်တာနက် အခွင့်အရေး အပြည့်အ၀ ပေးထားတယ်ဆိုတာ ပြချင်တော့ ပေးသုံးတယ်၊ သို့သော် သူတို့ အခုလက်ရှိ လုပ်ထားတာ Bandwidth Control ဖြစ်ပါတယ်။ ပြောရရင်တော့ နှေးအောင်လုပ်ထားတာပေါ့ဗျာ။ အဲ့ဒါကြောင့် တစ်ခုခုဖြစ်လို့ မသင်္ကာရင် သတင်းတပ်ဖွဲ့က ကွန်ပျူတာကို အကုန်စစ်တာဖြစ်ပါတယ်။ ကိုဇာဂနာကြီးရဲ့ ဘာ့ကြောင့်ထောင်ကြသလဲ အင်တာဗျူးတွေ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ နိုင်ငံတကာမှာ၊ အထူးသဖြင့် အမေရိကန်မှာ တစ်ခုခု National Security နဲ့ပါတ်သက်လို့ သိချင်လာလျင် Public Server တွေကို ဖွင့်ပီး စစ်ဆေးပိုင်ခွင့် အမိန့်ဒီကရီကို တရားရုံးမှာတောင်းပါတယ်။ ဒီကရီ ရတာနဲ့ သက်ဆိုင်တဲ့ Server တွေက ဒေတာတွေကို မွှေပါတော့တယ်။ ဟိုတလောလေးကပဲ အမတ်တစ်ယောက်ကို Wikileak နဲ့ အဆက်အသွယ်ရှိလို့ဆိုပီး သူ့ရဲ့ Twitter အကောင့်အပါဝင် တော်တော်များများကို ၀င်မွှေခွင့်ပေးလိုက်ပါတယ်။ အဲ့ဒိနေရာမှာသတိထားကြည့်ပါ၊ ISP ကိုမမွှေပဲ မူရင်း Source ကိုပဲ မွှေတာကို တွေ့မှာပါ။ ISP ကနေ စစ်လို့ရလျင် CIA ဟာ လူသိရှင်ကြားတောင် လုပ်မနေပါဘူး တိတ်တိတ်ဖြတ်ခိုးနေမှာပါ။

    ဂျီမေးလ်အကောင့်အသစ် ဖွင့်ပီး မြန်မာပြည်တွင်းမှာ (မြန်မာပြည်ရဲ့ IP နဲ့ဆို ပိုမှန်ပါတယ်..) သုံးရင် သိတ်မကြာဘူး လော့ကျသွားပီး ဖုန်းနံပါတ်နဲ့ ဖြည်ရပါတယ်.... ဘာ့ကြောင့်လည်းဆိုတော့ မြန်မာပြည်ကို အကောင့်အသစ်ဖွင့်ခွင့် ပိတ်ထားတဲ့အတွက်ကြောင့် ဖြစ်နိုင်ပါတယ်.... အဲ့ဒိ လော့ကျသွားတဲ့ အကောင့်ကို ဖုန်းနံပါတ်ထည့်ပြီး ပြန်ဖွင့်လို့ရပါတယ်.... အစိုးရ လုပ်တာမဟုတ်ပါဘူး... Google ရဲ့ Restriction တစ်ခုပါ.... ဒါတွေကိုဖတ်ကြည့်ရင်တော့ အဖြေရှင်းလောက်ပီ ထင်ပါတယ်။ အဲ့ဒိဆောင်းပါးပါတဲ့ အချက်တွေဟာ တော်တော်လေးကို လွဲမှားနေပါတယ်။ အဲ့ဒိအထဲက ကွန်ပျူတာ ပညာရှင်ဆိုတာ လူရွှင်တော်လား မသိပါဘူး။ ကွန်ပျူတာ ပညာကို သေသေခြာခြာ တတ်တဲ့သူတိုင်း၊ https ရဲ့ အလုပ်လုပ်ပုံကို သိသူတိုင်းဟာ ဘယ်လိုမှ https ကိုကြားကနေ ဖြတ်ခိုးယူလို့ မရဘူးဆိုတာ အလိုလို သဘောပေါက်နားလည်ပီးသား ဖြစ်ပါတယ်။ အဲ့ဒိအတွက် ဘာမှ စိုးရိမ်စရာမလိုပဲ https နဲ့ စစ်မှန်တဲ့ URL (DNS Poisoning) လုပ်ထားတဲ့ လိပ်စာမဟုတ်ရင် စိတ်ချ လက်ချ သုံးနိုင်တာကို အာမခံပါတယ်။ အဲ တစ်ခုပဲ ရှိတယ် Cyber Cafe မှာသွားသုံးလို့ Key Logger နဲ့ ခိုးခံရရင်တော့ မပြောတတ်ဘူးဗျိုး.....

    များသောအားဖြင့် မြန်မာစာကီးဘုတ်လက်ကွက် ၀င်နေတာကို သတိမထားမိပဲ Password ကို ထပ်ခါထပ်ခါ ရိုက်ရင် အကောင့် လော့ကျပါတယ်။ နောက်တစ်ခုက Proxy အကျော်အခွကောင်းရင်လည်း အကောင့်လော့ကျပါတယ်။ ကျွန်တော်ဆိုရင် နည်းပေါင်းစုံနဲ့ ကျော်တယ် ခွပါတယ်၊ ကွန်ပျူတာရှေ့မှာ ထိုင်ရင်း Proxy ကိုကျော်ဖို့ ကမ္ဘာကို ပါတ်ပါတယ်။ အခုပဲ အမေရိကား၊ အခုပဲ ဂျာမနီ၊ အခုပဲ၊ နော်ဝေးနဲ့ ဂျီမေးလ်နဲ့ ဖေ့ဘွတ်လည်း ရွာတွေလည်ပီး ဒီအကောင့်ကို အခုပဲ ဟိုနိုင်ငံက၀င်တယ်၊ ဒီနိုင်ငံက ၀င်တယ်နဲ့ New Location Login Alert တွေတက်ပီး အကောင့် လော့ကျသွားလို့ ၁၅ ရက်တိတိ အဖေ့ဘုတ်နဲ့ ကင်းကွာခဲ့ရပါတယ်.... ကိုယ့်အကောင့်ကို အပြင်ကနေပဲ ထိုင်ကြည့်နေရပီး ဘာမှ ၀င်ပြင်ခွင့်မရှိတဲ့ ဘ၀ကို ရောက်ဘူးပါတယ်.....

    အကောင့်ဖောက်ခံရတာမဟုတ်ပဲ ပါ့စ၀ါ့လော့ကျတာ ဖြစ်ဖို့ များပါတယ်.... များသောအားဖြင့်တော့ အဲ့လိုဖြစ်တာများပြီး ကိုယ့်ရဲ့ Password Recovery Option အားနည်းချက်ကြောင့် သူများက ဖြစ်နိုင်တဲ့ Security Questions Hints တွေကို တောက်လျှောက် နှိုက်ရင်းနဲ့ ပွင့်သွားတာလည်း ပါပါတယ်.... အကောင့်ပျောက်တိုင်း အစိုးရလက်ချက် မဟုတ်နိုင်ပါဘူး။ မရှိခိုးနှိုး မလှစုံးရိုး ဆိုတဲ့ စကားလည်းရှိပါတယ်ဗျား.....
    ဒီစာရေးလို့ ကျွန်တော့ကိုလည်း အစိုးရဘက်တော်သားလို့ သမုတ်ကြဦးမယ် ထင်ပါရဲ့....

    https://www.facebook.com/note.php?note_id=272697649443530

    
     ကျေးဇူး ပါ mmt ရေ သူတို့ အဖေ တရုတ်ကြီးတောင် ဖောက်မရသေးဘူး သောက်တလွဲတွေရေးထားမှန်း ဖတ်ရင်းသိလိုက်တယ်၊ ကျေးဇူး၊ password ခိုးခံရတာ ပေါ့ဆလို့ (remember password) လုပ်ထားတာမျိုး၊ ကဖေးဆိုင်ပိုင်ရှင်က key logger software ထည့်ပီး လိုက်မှတ်ပြီး ယုတ်မာတာမျိုးကြောင့်သာ ဖြစ်နိုင်တယ်၊ ဟိုတလောက တရုတ်အစိုးရ ဖောက်တာလဲ activists တွေရဲ့ PC တွေမှာ virus ထဲ့ဖို့ကြိုးစား virusက ရိုက်သမျှ စာလုံးပြန်ပို့တဲ့ key logger ထဲ့တာဘဲ၊ နောက်တနည်းက google support ကပါ password ပို့ပေးပါ မပို့ရင် account delete လုပ်ပါမယ်ဆိုတဲ့social engineering လူလိမ်နည်းဘဲ၊ နည်းပညာအရ ဖောက်ထွင်းဖို့ ဘယ်လိုမှ မဖြစ်နိုင်ပါ၊ ငဖြီးငရွှီးများ ဖြဲခြောက်တာ ကြောက်စရာမလိုပါ ကိုယ့်ဖက်ကတော့ သတိရှိရပါမည် ဖောက်ရရင် google လဲ လုပ်စားမရတော့ဘူးပေါ့ ဗျာ လုံခြုံချင်ရင် 1) အမြဲ HTTPS သုံးပါ  2)မသင်ကာလျင်အခြားသူ သုံးမသုံး အောက်ပါအတိုင်းစစ်ပါ Click the Details link next to the 'Last Account Activity' entry at the bottom of your account to see the time, date, IP address and the associated location of recent access to your account. 3) anti virus software သုံးပါ 4) ပေါက်ကရ ဆိုက်များမှ လင့်များ freeware များသုံးလျှင် spyware ကပ်ဖို့ သေချာ၏ မသုံး ပါနှင့်  5)မသိသူဆီမှလာသော attachment များမဖွင့်ပါနှင့် (ဘင်လာဒင်အလောင်းပုံ ဆိုတာမျိုး ဂျနီဖာလိုပက် ပုံ ဆိုတာမျိုး)။

    ဟုတ်ပါတယ်..... Fake Certificate Server မလိုပါဘူး.... Microsoft Windows မှာတင် CA Service တင်လိုက်ရင်ရပါတယ်..... ကြိုက်တဲ့ Certificate ကို ကြိုက်သလို ကြိုက်တဲ့နာမည်နဲ့ ရိုက်ထုတ်လို့ရပါတယ်.... Windows မှတင်မဟုတ်ပါဘူး.... ကြိုက်တဲ့ Server Application အသေးလေးတွေကနေလည်း ထုတ်လိုက်လို့ရပါတယ်.... ဒါပေမဲ့ တကယ်သုံးမရပါ.... Microsoft TMG မှာအဲ့လိုထုတ်ထားလို့ရတဲ့ Certificate ကို SSL Inspection မှာထည့်သုံးလို့ရပါတယ်.... ဒါပေမဲ့ Trusted မဖြစ်ပါ.... Certificate Trusted မဖြစ်ရင် Browser Alert တက်ပီး ဆက်မသွားပါဘူး... သေခြာတာကတော့ World Granted Site တွေက Certificate တွေကို ဖြတ်ချပြီး ကိုယ့်ရဲ့ Fake Certificate ကိုအစားထိုးတဲ့ စနစ်မပေါ်သေးပါဘူး... ပေါ်လဲ ဟိုဘက် ဒီဘက် Decrypt လုပ်တာမှာတင်ပျက်ပါတယ်...

    ကိုKyaw Kyaw Htunရေ့.... ကျွန်တော် အိုင်တီနဲ့ အသက်မွေးပါတယ်ခင်ဗျာ..

    အာ အာစိကလည်း တင်ထားတဲ့ ဆိုင်ဘာကဖေးတွေ ရှိတယ်.... အဲ့ဒါကြောင့် ကိုယ်သုံးမယ်ဆိုရင် မသုံးခင်မှာ အဲ့ဒိစက်ရဲ့ Antivirus ကိုကြည့်ကြည့်၊ Up to Date ဖြစ်လား၊ မဖြစ်ရင် မသုံးနဲ့ပေါ့....

    Fake certificate ကို Middle Man က သုံးချင်ရင် SSL Inspection လိုပုံစံမျိုးနဲ့ ခံသုံးရပါတယ်... တစ်ချို့ Technical ပိုင်းတွေက စာထဲမှာ ရေးထားတာ ချောနေသလောက် တကယ့်လက်တွေ့လုပ်ရင် အဆင်မပြေတာတွေ အများကြီးပါ.... Microsoft TMG ကို ကျွန်တော်လက်တွေ့လုပ်တာ အဆင်မပြေလို့ Complain တက်ကြည့်တာမှာ နောက်ဆုံး ပြန်လာပါတယ် TMG ရဲ့ အဲ့ဒိပုံစံဟာ Co-Operate Network အတွက်ပဲ ဖြစ်ပါတယ်၊ AD Policy နဲ့ Certificate Manage လုပ်ပီးမှ သုံးလို့ရပါတယ်.... ISP မှာသုံးရင် Client Authentication မှာတင်လန်ထွက်ပါတယ်....

    အဲ့ဒိလို Fake Certificate တွေသုံးမှာကို ကာကွယ်ဖို့က ကိုယ်သုံးနေတဲ့ စက်ရဲ့ Internet Browser ကို ပုံမှန် Update လုပ်ပေးရုံနဲ့ကာကွယ်နိုင်ပါတယ်....... အွန်လိုင်းမှာ နည်းပေါင်းစုံနဲ့ လိမ်နေတာတွေ အများကြီးပါ... Fake Certificate ဟာလည်း နာမည်တူ ယူထားတာပါ.... သူလည်း Certificate တစ်ခုပါပဲ.... Ph. D တောင် လွယ်လွယ်ကူကူပေးလို့ရနေတာ... တစ်ခြားနည်းပညာတွေ ရတယ်လို့ တရားဝင်ကြွေးကျော်နေတာတွေဟာဖြစ်နိုင်မဖြစ်နိုင်ကို ချင့်ယုံဖို့လိုပါတယ်.... ကိုယ့်ဘက်ကလည်း ကိုယ့်တာကိုယ် လုံထားဖို့လိုပါတယ်... Fake Certificate သုံးတိုင်းသာ ခိုးလို့ရမယ်ဆိုရင် Hacker တွေ Online Bank Transaction ကိုကြားဖြတ်ခိုးယူပီး သူဌေးဖြစ်ပြီး၊ ကွန်ပျူတာ ကုမ္ပဏီတွေ မွဲနေလောက်ပါပိ....
   
    If proven, international fallout could occur over insecurity of the HTTP Secure system

    It has come to light that the National Intelligence Service has been using a technique known as “packet tapping” to spy on emails sent and received using Gmail, Google’s email service. This is expected to have a significant impact, as it proves that not even Gmail, previously a popular “cyber safe haven” because of its reputation for high levels of security, is safe from tapping.

    The NIS itself disclosed that Gmail tapping was taking place in the process of responding to a constitutional appeal filed by 52-year-old former teacher Kim Hyeong-geun, who was the object of packet tapping, in March this year.

    As part of written responses submitted recently to the Constitutional Court, the NIS stated, “Mr. Kim was taking measures to avoid detection by investigation agencies, such as using a foreign mail service [Gmail] and mail accounts in his parents’ names, and deleting emails immediately after receiving or sending them. We therefore made the judgment that gathering evidence through a conventional search and seizure would be difficult, and conducted packet tapping.”

    The NIS went on to explain, “[Some Korean citizens] systematically attempt so-called ‘cyber asylum,’ in ways such as using foreign mail services (Gmail, Hotmail) that lie beyond the boundaries of Korea‘s investigative authority, making packet tapping an inevitable measure for dealing with this.”

    The NIS asserted the need to tap Gmail when applying to a court of law for permission to also use communication restriction measures [packet tapping]. The court, too, accepted the NIS’s request at the time and granted permission for packet tapping.

    Unlike normal communication tapping methods, packet tapping is a technology that allows a real-time view of all content coming and going via the Internet. It opens all packets of a designated user that are transmitted via the Internet. This was impossible in the early days of the Internet, but monitoring and vetting of desired information only from among huge amounts of packet information became possible with the development of “deep packet inspection” technology. Deep packet inspection technology is used not only for censorship, but also in marketing such as custom advertising on Gmail and Facebook.

    The fact that the NIS taps Gmail, which uses HTTP Secure, a communication protocol with reinforced security, means that it possesses the technology to decrypt data packets transmitted via Internet lines after intercepting them.

    “Gmail has been using an encrypted protocol since 2009, when it was revealed that Chinese security services had been tapping it,” said one official from a software security company. “Technologically, decrypting it is known to be almost impossible. If it turns out to be true [that the NIS has been packet tapping], this could turn into an international controversy.”

    “The revelation of the possibility that Gmail may have been tapped is truly shocking,” said Jang Yeo-gyeong, an activist at Jinbo.net. “It has shown once again that the secrets of people’s private lives can be totally violated.” Lawyer Lee Gwang-cheol of MINBYUN-Lawyers for a Democratic Society, who has taken on Kim’s case, said, “I think it is surprising, and perhaps even good, that the NIS itself has revealed that it uses packet tapping on Gmail. I hope the Constitutional Court will use this appeal hearing to decide upon legitimate boundaries for investigations, given that the actual circumstances of the NIS’s packet tapping have not been clearly revealed.”

    ဒီပုံအတိုင်းသာဆိုရင် ssl certificate ကို ၂၀၀၇ကတည်းက အစိုးရက ဘာကြောင့်များ အင်ထုသလဲမသိဘူး national gw ကိုခွဲပြီး အပေါ်မှာ blue coat ၅လုံးက စောင့်ကြောင့်ထိုင် စောင့်နေတာ အလကားများမှတ်နေလားမသိ နောက်ပြီး ssl က crypt လုပ်ပြီးသွားတဲ့အတွက် သာမန် ထက်တော့ MITM ရန်ကနေ စိတ်ချရတယ်ဆိုတာ လက်ခံပါတယ် ဒါပေမဲ့ age of technology မှာ တစ်တောင်ထက်တစ်တောင်ပိုမြင့်လို့ side jacking တွေ တစ်ကမ္ဘာလုံးမှာဖြစ်လာတာလဲ မျက်လုံးတစ်ချက်လောက် ဝင့်ကြည့်လိုက်ပါဦး။

    နောက်တစ်နည်းအနေနဲ့ dns spoofing လုပ်ထားရင် ဟိုက logger နဲ့ capture ဖမ်းမှတော့ ssl မကလို့ ssl ဘိုးအေလည်း ဘာမှတတ်နိုင်မှာမဟုတ်ဘူး plain text အတိုင်းကို save လုပ်ပြီးမှ header file ကို gmail server ကိုပြန်ညွန်းပေးပြီး credential ကို ပို့ပေးတာ အဲဒီအတွက် user ကလဲမသိသလို ဟိုကလည်း password ကိုရပြီးသွားပြီလေ

    နောက်တစ်ချက်က decrypt ပြန်လုပ်တယ်ဆိုတဲ့ကိစက ဒီခေတ်မှာ အထဲမှာ ဘာရှိလဲဆိုတာကိုပဲသိချင်ကြတာဖြစ်ပြီး ဒီ password က ဘာဆိုတာကိုသိချင်တာမဟုတ်တဲ့အတွက် intruder ကတော့ မိုက်မိုက်မဲမဲနဲ့ crack ပြန်လုပ်နေမှာမဟုတ်ပါဘူး data ရဖို့ပဲ attempt လုပ်မှာပါ နောက်တစ်ချက်က ssl cert ကို အင်မထုရင်တောင် ကြားကဖြတ်ပြီး side jacking လုပ်ထားရင် သူက cookie ကိုပဲကြားဖြတ်ယူတာဖြစ်လို့ login credentials အတွက် password ကိုသိစရာမလိုပါ cookie ကိုသိနေရင်ကို intrude လုပ်လို့ရနေပါပြီ ဆိုလိုတာက lan ကနေ side jacking လုပ်တဲ့ idea ကိုယူပြီး isp level မှာ sniffer တစ်ကောင်သွားထည့်လိုက်ရင်...စသဖြင့်...စသဖြင့်...

    Cloud Computing လေးကို မျက်လုံးလေး တစ်ချက်လောက် ၀င့်ကြည့်စေချင်ပါတယ်... ဘာနဲ့ သွားသလဲဆိုတာပါ.... အရင်တုန်းက eBanking တွေမှာ Servelet / Applet သုံးပါတယ်။ နောက်ပိုင်းမှာမှ SSL Encryption စိတ်ချရလို့ သုံးတာပါ... DNS Spoofing ဆိုတာ DNS Poisoning နဲ့ အတူတူပဲ ဖြစ်လို့ အထူးတလည် မရှင်းတော့ပါဘူး အပေါ်က စာကို ပြန်ဖတ်ရင်သိပါလိမ့်မယ်.... လိပ်စာ အတုကြီးကို သိသိကြီးနဲ့ ယူဆာနိမ်း ပါ့စ၀ါ့ ရိုက်ထည့်လိုက်ရင်တော့ သိကြားမင်းတောင် ကယ်လို့ရမှာမဟုတ်ပါဘူး.... အဲ့ဒိနည်းလမ်းဟာ ကလေးကစားစရာ နည်းလမ်းပါ၊ တရုတ် Hacker တွေ အသုံးများခဲ့ပါတယ်၊ လူသာမန်အတွက် ခိုးလို့ရပေမဲ့၊ ပညာရှင်တွေကိုတော့ ခိုးယူရာမှာ အောင်မြင်မှုမရခဲ့ပါဘူး။

    Cookie ဆိုတာ User's Computer ရဲ့ Browser မှာ Store လုပ်ပါတယ်။ Cookie ထဲမှာ သိမ်းတာကိုတောင်မှ တစ်ချို့ဆိုဒ်တွေဟာ Encrypt လုပ်ပီးမှ သိမ်းပါတယ်။ Cookie ရေးမယ့် Instruction ဟာလည်း SSL Encrypt ပီးမှ ဆင်းသွားတာ ဖြစ်တဲ့အတွက် ကြားကနေ ဖြတ်ခိုးလို့မရပါဘူး။ Credential တွေ Submit လုပ်ခြင်းဟာ HTML Form Value တွေအနေနဲ့ သွားတာဖြစ်ပြီး ပင်ကို Encrypt လုပ်ထားခြင်းအားဖြင့်လည်း ဖြတ်ယူလို့ မရပါဘူး။ Encryption Method ကိုသေခြာလေ့လာကြည့်ရင် သိနိုင်ပါတယ်။ Encrypt လုပ်ထားတဲ့ စာလုံးတစ်ခုကို Decrypt မလုပ်ပဲ ပြန်ဖော်လို့ လုံးဝမရနိုင်ပါဘူး။ ဒီနေရာမှာ Public Key / Private Key အလုပ်လုပ်ပုံပါ ပါလာပါတယ်..... သေခြာတာ တစ်ခုကတော့ SSL နဲ့ Packet Tramission ပိုင်းကို လေ့လာပြီးသွားရင် SSL ဟာ အွန်လိုင်းပေါ်က စိတ်အချရဆုံး တစ်ခုဖြစ်တာ တွေ့ရပါလိမ့်မယ်။ အခု နောက်ဆုံး FBI / CIA ရဲ့ အွန်လိုင်းကော်နက်ရှင်တွေကအစ SSL နဲ့ပဲ သွားတယ်ဆိုတာလေး သိရင်ဖြင့် အခုလို လွယ်လွယ်ကူကူ Hack လုပ်ခံရင် အမေရိကန် ဂန့်တာ ကြာပီဆိုတာလေးလည်း ထည့်စဉ်းစားစေချင်ပါတယ်။

    Technology ဟာ မြင့်လာတာ မှန်ပါတယ်။ ဒါပေမဲ့လည်း ကာကွယ်တဲ့အပိုင်းမှာ ပိုပီးဦးစားပေးလာပါတယ်။ ဥပမာပေးရမယ်ဆိုရင်ဖြင့် လူတိုင်းဟာ တရားကျင့်တာ လွယ်တယ်၊ ဒီလိုကျင့်သွားရင်ဖြင့် ခဏလေးနဲ့ သောတပန်ဖြစ်တယ်လို့ ပါးစပ်က ပြောနိုင်တယ်၊ ရေးနိုင်တယ် ဒါပေမဲ့ တကယ်ကျင့်ကြံတဲ့အချိန်မှာ တစ်ရက်လည်း မရ၊ တစ်ပါတ်လည်းမရ၊ တစ်လ လည်းမရဆိုတာပါပဲ....

    Who tell C.I.A or F.B.I can't be hacked????? They have already!

    *** C.I.A နဲ့ FBI လဲ ခံရပြီးပါပြီ။ သူ့ကိုယ်သူတောင် မကယ်နိုင်ပါဘူး။ သိရောသိရဲ့လား ***

    C.I.A Website was hacked like a child by "LULZSEC" hacking group. CIA already had multi Firewall & SSL itself. Nothing can...'t help finally against strong penetration. That is... kinda hack.

    Current, our case can be done more easily coz they have authorized to do it themself at their own devices & connection.

    Yes, Ko @Nulled Byte, thats correct! And 5x Blue Coats are not even enough for them i guess. :)

     ‎"https ရဲ့ Security Algorithm တွေကို ဖြည်ဖို့က တော်တော့ကို ခဲယင်းပါတယ်။ Super Computer တွေနဲ့ ဖြည်ထုတ်ရမှာပါ.... ဖတ်ဖူးတဲ့ စာစုတစ်ခုအရ အနည်းဆုံး နှစ် ၁၀၀ ကျော် အချိန်ပေးရမယ်လို့ ဆိုပါတယ်... အဲ့ဒါကြောင့် CA ကုမ္ပဏီတွေဟာ ယပ်ခတ်ပီး နေနိုင်ပါတယ်.... " အင်း... side jacking အကြောင်းလေး ရှာဖတ်ပါလို့အကြံပေးချင်ပါတယ်...

    ‎"Who tell C.I.A or F.B.I can't be hacked????? They have already!

    *** C.I.A နဲ့ FBI လဲ ခံရပြီးပါပြီ။ သူ့ကိုယ်သူတောင် မကယ်နိုင်ပါဘူး။ သိရောသိရဲ့လား ***

    C.I.A Website was hacked like a child by "LULZSEC" hacking group. CIA already had multi Firewall & SSL itself. Nothing can...'t help finally against strong penetration. That is... kinda hack.

    Current, our case can be done more easily coz they have authorized to do it themself at their own devices & connection.

    Yes, Ko @Nulled Byte, thats correct! And 5x Blue Coats are not even enough for them i guess. :)

    http://www.washingtonpost.com/national/national-security/cia-web-site-hacked/2011/06/15/AGGNphWH_story.html

    http://www.techradar.com/news/internet/cia-website-and-fbi-hacked-by-lulzsec-966715"

    CIA နဲ့ FBI ကတော်သေးတယ် NATO ဆိုရင် သမခံလိုက်ရတာမှ information တွေရော server config တွေပါ torrent ပေါ်ရောက်တဲ့အထိပဲ အဲဒီမှာ ဒင်းရဲ့ sub domain တစ်ခုက db config တစ်ခုဆို နားရင်းပါပိတ်ရိုက်ပစ်ဖို့ကောင်းတယ် admin admin တဲ့ ဒါတောင် NATO နော် :D

    တကယ်က ထုတ်မပြောကြလို့ လူတွေမသိတာပါ တကဲ့ malicious တွေက သိထားတာကို သူတို့အချင်းချင်းကြားထဲမှာပဲ sharing လုပ်ကြပါတယ် အပြင်ကို release မလုပ်တဲ့အတွက် မသိရင် ssl က လုံခြုံတယ်လို့ထင်ရတာပါ တကယ်တမ်းတော့ လောကမှာ ပြီးပြည့်စုံအောင် လုံခြုံကောင်းမွန်တဲ့ စနစ်ဆိုတာမရှိပါဘူး

    ssl certificate ကို အင်ထုတဲ့ကိစကို 2007 မှာတုန်းက yehg ကနေပြီး တော့ security report လုပ်ထားပြီးသားပါ report လုပ်တဲ့လူက လက်ရှိ တခြားပြင်ပနိုင်ငံတစ်ခုမှာ မှာ professional penetration tester အနေနဲ့ အလုပ်လုပ်နေပါတယ် လက်ရှိ backtrack မှာသုံးနေတဲ့ joomla scanner က သူရေးထားခဲ့တာပါ owasp project တွေတော်တော်များများမမဟာလည်း demonstration တွေနဲ့တကွ contribute လုပ်ထားတဲ့လူပါ ssl ကိစကို report လုပ်တဲ့လူက မသိပဲ ပြောတယ်ထင်မှာစိုးလို့ သူ့ skills ကို ပြောပြတာပါ...

    တစ်ခုတော့ရှိပါတယ် ကျွန်တော် comment ပေးသွားတဲ့ side jacking ပိုင်းက ideally အရပြောတာပါ တကယ် real world မှာ isp မှာ လာသမျှ packet ကို ထိုင်စောင့်ဖမ်းနေမယ်ဆိုရင်လည်း အဲဒီကောင် အရည်ပါပျော်သွားပါလိမ့်မယ် အဲဒီတော့ သူတို့လုပ်ခြင်းမလုပ်ခြင်းကတော့ သူတို့ကိစပါ ပါခြင်းမပါခြင်းကလည်း user တွေရဲ့ကိစပါ... လုပ်လို့မရဘူးပြောတာကို ဝင်ပြီး comment ပေးတာသက်သက်ပါ... :)

     SSL ကလည်း 100% Secure မဖြစ်ပါဘူး... လက်ရှိဖြစ်ပေါ်နေတဲ့ Gmail / Facebook Packet Tapping ဆိုတာတွေက Technical ပိုင်းအရင် ကြည့်ရင်တော့ ဖြစ်နိုင်ပါတယ်... ဒါပေမဲ့ ကျွန်တော်တို့သိထားရမှာက knowing the holes exists and being able to exploit them နှစ်ခုကြား အနည်းငယ်ကွဲပြားတယ်ဆိုတာ သိထားဖို့လိုပါတယ်...

    Mizzima မဇ္ဈိမ မှာရေးထားတဲ့ မြန်မာအစိုးရက ကြားဝင်ဖောက်ဖတ်နိုင်တယ်ဆိုတာ တကယ်တော့ သုံးစွဲသူ User တွေကို ဖြဲခြောက်နေသလိုပါပဲ... နိုင်ငံတော်အဆင့် လုံခြုံရေးမှာလည်း သူ့စည်း၊ သူ့ဘောင်ရှိပါတယ်...

    နိုင်ငံတစ်နိုင်ငံမှာ တည်ဆဲဥပဒေအရ ခင်ဗျားတို့အနေနဲ့ ညှိစွန်းနေမယ်၊ ခင်ဗျားက အကြမ်းဖက်မှုတွေနဲ့ ပက်သက်နေတဲ့သူတစ်ဦးဆိုရင် National Cyber Security ပိုင်းအရ ၀င်ရောက်စစ်ဆေးတာ Legal rights ဖြစ်သွားမယ်လို့ ထင်ပါတယ်။

    ဒီအတွက် မြန်မာအစိုးရကို တိုက်ခိုက်ချင်တာနဲ့ မြန်မာပြည်သူတွေကို လက်ရှိ ISP ကလူတွေက အချိန်တိုင်း လူတိုင်းရဲ့ email တွေ / privacy တွေကို ၀င်ရောက်စစ်ဆေးနေသလို ထိန့်လန့်ဖွယ်ဖြစ်အောင် မလုပ်ပါနဲ့...

    ဒီနေ့ ကျွန်တော်ကိုယ်တိုင် Gmail Packet Tapping ကို မစမ်းကြည့်ရသေးပါဘူး... ကျွန်တော် စမ်းကြည့်မယ့်အချိန်ကြရင် ဒီ exploit/vulnerabilitis/ ဒီနည်းလမ်းတွေကို သုံးလို့ရချင်မှ ရပါလိမ့်မယ်...

    ဒါကြောင့် James Mmt ပြောသလို ssl protected Gmail/ Facebook တွေကို စိတ်ချလက်ချသာ သုံးပါ ... ခင်ဗျား ဘင်လာဒင်လိုလူနဲ့ မဆက်သွယ်သ၍ ပေါ့... :D

    ခုမှသေချာသွားကြည့်မိတယ် ဟိုကလည်း အခိုင်အမာကိုပြောထားတာကိုး တကယ်ရေးထားတဲ့ စာတမ်းမှာကတော့ possible attempt လို့ပဲပါတာပါ (အပေါ်မှ ထိုင်နေတဲ့အတွက် လုပ်မယ်ဆိုလုပ်လို့ရတယ်ဆိုတာကိုပြောတာပါ) နောက်ပြီး individual က တက်လာတာ ဥပမာ ဇာဂနာက ဘယ်ဆိုင်ကနေ ဘယ်နေ့ဘယ်အချိန်မှာ ဘယ်သူနဲ့စကားပြောမယ်ဆိုတာကို သူတို့ကို ကြိုပြောထားမှာကျနေတာပဲ အဲဒီတော့ local ip တိုင်းက တက်လာသမျှကို စောင့်ကြည့်ဖို့ကတော့ မဖြစ်နိုင်လောက်ဘူး အခု သူတို့လုပ်မှပဲ စောင့်ကြည့်တယ်ဖြစ်ရတယ်လို့ လာသမျှ packet ကို ဘယ်လို တိုက်စစ်မလဲမသိဘူး စစ်ဖို့က အသာထားဦး ဒီလောက်ဖြတ်နေတာကို intruder က စောင့်ကြည့်မှာနဲ့တင် အဲဒီစက် အရည်ပျော်သွားလောက်ပြီ... :D

    ဟုတ်ပါတယ်လေ ဒီတော့ ပြောချင်တာက ** လုပ်ရင်ဖြစ်ပါတယ် ** လုပ်မယ်ဆိုလဲ Infrastructure အတွက် အင်အားကရှိပါတယ် ..

    လုပ်တယ်/ မလုပ်ဘူး ဆိုတာတွေမပြောလိုပါ .. Technical ပိုင်းသပ်သပ်ကိုပဲ ထောက်ပြကြတာပါ ..

    ဒီတော့ .. မဖြစ်နိုင်ပါဘူးလို့ အတင်းပိတ်ပြောနေလို့ ဖြစ်နိုင်ကြောင်းတွေကို (ကျွန်တော်တို့တွေ) ရှင်းပြတာပါ .. ဘယ်လိုပဲဖြစ်ဖြစ် သာမန် User တွေကို "ဪ! မဖြစ်နိုင်ဘူးပဲ" လို့ဆိုတဲ့ Knowledge အမှားကြီး မပေးလိုက်ချင်လို့ပါ .. ဒါပါပဲ

    ကျွန်တော်ပြောနေတဲ့ဟာတွေဟာ SSL သုံးပီး Data Tramission လုပ်နေတဲ့အချိန်မှာ Hack လုပ်လို့မရတာကို ပြောပါတယ်... အခုပြောနေတဲ့ လူတွေဟာ Back End Hacking, Fake Login Attempt နဲ့ ခိုးတာတွေကို မကွဲပြားသေးဘူးဖြစ်နေတယ်... ကျွန်တော့စာထဲမှာကို အသေးစိတ်ရှင်းပြထားပီးသားပါ.... SSL ကို Middle Man အနေနဲ့ Server Site က Source Certificate ကို ဖြုတ်ချပီး ကိုယ့် Certificate နဲ့ လဲပစ်တာတွေဟာ တကယ်တန်းမှာ ဘယ်လို အလုပ်လုပ်သလဲကို သေခြာလေ့လာကြည့်ပါဦး... အင်တာနက်မှာ လူတိုင်းဟာ ကိုယ့်ကိုကိုယ် ဘယ် ဆိုဒ်ကိုတော့ Hack လိုက်ပီဆိုပီး ကြွေးကျော်ကြတာကြီးပါပဲ။ တကယ်လုပ်သွားတဲ့သူ၊ လုပ်သွားတဲ့ နည်း လူမသိပါဘူး၊ ခံရပီးမှ ပေါ်လာတာပါပဲ...... လောကမှာ ပြီးပြည့်စုံအောင် ကောင်းမွန်တဲ့ System မရှိပေမဲ့ အပြစ်အနာအဆာ အနည်းဆုံး ဆိုတဲ့ နည်းစနစ်ကိုပဲ သုံးကြပါတယ်။ ဖောက်တဲ့လူက ဖောက်နေသလို သုံးတဲ့သူကလဲ အဖောက်မခံရအောင် သုံးပါတယ်။

    သွားသမျှ Packet Filtering တွေဆိုတာ လက်တောက်လောက် ကွန်ပျူတတာတွေနဲ့ မရပါဘူး။ Super Computer Server Firm တွေလိုပါတယ်။ ပုံမှန် Office Network တွေမှာတောင် Packet Filtering / Capturing လုပ်ထားဖို့အတွက်တောင် User 20 ကျော်ရင်ကို CPU Usage ထောင်တက်သွားပါတယ်။ လူအနည်းငယ်ကို Packet Capturing လုပ်တာ ပြဿနာမရှိပေမဲ့ (Decryption မပါသေးပါ)၊ လူပေါင်း ထောင်နဲ့ ချီလာရင် မလွယ်တော့ပါဘူး။ အဲ့ဒါတွေကြောင့် လုံခြုံရေးဆိုင်ရာ ကွန်ပျူတာတွေဟာ Endpoint Protection, Endpoint Keylogging တွေ သုံးလာကြပါတယ်။

    ဒီနေရာမှာ SSL Key ယူတာမှ Clients ကွန်ပျူတာ တစ်လုံးရဲ့ Information တွေကိုပါ Key တွက်တဲ့အနေနဲ့ယူသုံးပါတယ်၊ ဥပမာအားဖြင့်၊ CU, CN, လက်ရှိအချိန်၊ Source IP တွေပေါ်မူတည် တွက်ပါတယ်။ အဲ့ဒိအတွက် အခုယူတဲ့ SSL နဲ့ ကော်နက်ရှင်ပြုတ်သွားလို့ ပြန်ချိတ်ပီး ယူတဲ့ SSL နဲ့ Decrypt Key မတူပါဘူး။ အဲ့ဒါကြောင့် ပြန်ဖြည်မယ်ဆိုရင် အချိန်အများကြီးပေးရပါတယ်။ အရှင်းဆုံးအနေနဲ့ ဥပမာပေးရမယ်ဆိုရင် ကား အစီး ၁၀၀ သွားလမ်းမကြီးမှာ တစ်နာရီ မိုင် ၁၀၀၀ ကျော် High Speed တွေနဲ့ သွားနေတဲ့ ကားတွေကို ကင်မရာနဲ့ ရိုက်ထားပီးတော့မှ အပြစ်ချိုးဖောက်တဲ့ ကားကို Trace လိုက်နေတဲ့အချိန်မှာ ဟိုကားဟာ ကျော်ထွက်သွားပါပီ။ ကားထဲမှာ ခိုးရာပါ ပစ္စည်းတွေ ပါသွားရင်တောင် ဖြောက်ပီးလောက်ပါပီ။ အဲ့ဒိသဘောပါပဲ၊ SSL Connection ကို Capture ဖြတ်ဖမ်းမယ် (အဲ့ဒိအတွက် Super Comptuer Firm လိုပါတယ်၊ Super Computer Firm တစ်ခု တည်ဆောက်မယ်ဆို ကွန်ပျူတာတွေကြီး မရပါဘူး၊ လုံလောက်တဲ့Environment လိုပါတယ်၊ ဥပအားဖြင့် ပြင်ပ Electrical ပံ့ပိုးမှုမရှိပဲ အနည်းဆုံး တစ်လနှင့်အထက် ကိုယ်ပိုင်ပါဝါဖြင့် Run နိုင်ရပါမယ်၊ ဒါဟာ ကုန်ကျစားရိတ် အရမ်းကို ကြီးမားပါတယ်။)၊ SSL Capture ဖမ်းထားလို့ရတဲ့ဟာကိုမှ Decrypt ပြန်လုပ်ပါမယ် (အဲ့ဒါလည်း Super Computer) တွေလိုပါတယ်၊ ဖြည်ပီးလို့ သတင်းအနံ့ကိုရတဲ့အချိန်မှာ အနည်းဆုံး အချိန်အတိုင်းအတာ တစ်ခုအထိကို ယူသွားပါပီ။ အဲ့ဒါတွေကြောင့် ထစ်ခနဲ တစ်ခုခုဖြစ်လျင် နိုင်ငံတကာမှာ Back End Server ကိုစစ်ပါတယ်၊ မြန်မာပြည်မှာ အသုံးပြုသူရဲ့ ကွန်ပျူတာကို ပိုက်စိတ်တိုက် ရှာပါတယ်။

    အဲ့ဒိတော့ ရှင်းပီလို့ ယူဆပါတယ်၊ FBI / CIA Hack ခံရတယ်ဆိုတာ Back End တွေကိုပါ၊ သူတို့ရဲ့ Security Hole တွေကနေ Trojan တွေသုံးပီး ၀င် Hack သွားတာပါ၊ Data Transmission ကနေ Realtime Decrypt လုပ်ပီး ၀င် Hack သွားတာမဟုတ်ပါဘူး..... အဲ့ဒါလေး ကွဲပြားစေချင်ပါတယ်။ ဘယ်နည်းပညာမှာမှ လုံခြုံစိတ်ချရမှု မရှိတဲ့အတွက်ကြောင့် အမြဲတန်း Update ပြုလုပ်နေတဲ့ Security Patch တွေကို Update လုပ်နေဖို့ ပြောဆိုရခြင်းကလည်း အဆိုပါ အန္တရာယ်တွေကို ကာကွယ်ဖို့ဖြစ်ပါတယ်။ ဒါကတော့ Data Transmission နဲ့တော့ သိတ်မဆိုင်ပေမဲ့ DNS Poisoning လုပ်ပီး Fake Login Site တွေကို ပင့်သွားမဲ့ ကော်နက်ရှင်တွေကို ကာကွယ်ပီးသားဖြစ်ပါတယ်။ ဘယ်အရာမှ လုံခြုံစိတ်ချရမှု မရှိပေမဲ့၊ အရာရာအားလုံးကိုလည်း စိုးရိမ်ကြောင့်ကျနေစရာ မလိုပါဘူး၊ ဥပမာအားဖြင့် လေယာဉ်ပျံတွေဟာ ပျက်ကျတတ်တဲ့ သဘောရှိပေမဲ့၊ ကိုယ်လေယာဉ်စီးတိုင်း ပျက်ကျပီး သေမယ်လို့ တွက်ထားလို့မရသလိုပေါ့..... Middle Man အနေနဲ့ Data Tramission ကို Hack လုပ်ဖို့နှုန်း အလွန့် အလွန်ကိုနည်းတဲ့အတွက်ကြောင့်လည်း ဒီခေါင်းစဉ်ကို တပ်လိုက်တာ ဖြစ်ပါတယ်။ ကြံဖန်ပြောမယ်ဆိုရင် လောကမှာ ဖြစ်နိုင်ခြေတွေကြီးပါပဲ၊ ခက်တာက လက်တွေ့မပါတဲ့ အတွေးအခေါ်အယူအဆဟာ ဘာမှ လုပ်လို့မရဘူးဆိုတာပါပဲ၊ လေထဲမှာ တိုက်အိမ်ဆောက်သလိုပါပဲ၊ လူတိုင်း စိတ်ကူးယဉ် တိုက်အိမ်ဆောက်တတ်ပေမဲ့၊ လက်တွေ့ဆောက်ဖို့မှာ အခက်အခဲ အကန့်အသတ်တွေ ရှိတယ်ဆိုတာလေး မမေ့သင့်ပါဘူး.... ကျွန်တော် အပေါ်က ရေးတဲ့စာ၊ ကြားထဲက Comment တွေနဲ့ အခုဒီနောက်ဆုံး Comment ကိုဖတ်ကြည့်ပြီးပြီဆိုရင် ကျွန်တော့အနေနဲ့ ဆက်ဖြေရှင်းဖို့ မလိုတော့ဘူးလို့ ယူဆလိုက်ပါတယ် ကျေးဇူးတင်ပါတယ်။

    အခုနောက်ဆုံး အကျင့်ယုတ်ထားတာကတော့ SE-ME-WE ပျက်ပါတယ်ဆိုတာကို အကြောင်းပြတဲ့ စာကို တင်ထားပီး Accept လုပ်မှ Connection ကိုရှေ့ဆက်သွားစေပါတယ်။ လူကိုယ်တိုင် Accept မနှိပ်သရွေ့ မသွားပါဘူး၊ တနည်းအားဖြင့် Human ဟုတ်မဟုတ် စစ်တဲ့ Verification Code တောင်းသလိုပါပဲ။ အဲ့ဒိအတွက် Auto Connection Attempt တွေ ဘာမှ လုပ်မရသလို၊ Mobile တွေရဲ့ Program Connection Attempt တွေမှာလည်း ကမောက်ကမတွေဖြစ်ကုန်ပါတယ်။ Connection Session အသစ်ယူတိုင်းမှာ တောင်းပါတယ်။ ဒါတွေဟာ အမှန်တကယ်တော့ ဘာမှ မဟုတ်ပေမဲ့ အတော့်ကို ကသိကအောင့်နိုင်အောင် ပိတ်ဆို့ထားတဲ့ ပိတ်ဆို့နည်းတွေထဲက တစ်ခုဖြစ်ပါတယ်၊ အဲ့လိုပဲ တမင် facebook.com, google.com တွေကိုလည်း သူတို့ရဲ့ Upstream မှာ အမြင့်ဆုံးနေရာမှာ ရှိတဲ့ Primary / Secondar DNS Server Record မှာဖျက်ထားပါတယ်။ သူတို့ Proxy Server Firm တွေရဲ့ DNS Configuration တွေကို အဲ့ဒိ Record ဖျက်ထားတဲ့ DNS ကဖြတ်စေတဲ့အတွက် ဘာမှကို လုပ်စားမရပဲ Proxy ကိုကျော်ခွသုံးမှ ရပါတယ်.... မြန်မာပြည် အပြင်ကနေ သုံးတဲ့သူတွေ ဘယ်လိုမှ မသိနိုင်တဲ့ အကျင့်ယုတ်မှုတွေက ပြည်တွင်းမှာလာနေမှ သိပါလိမ့်မယ်... အကုန်လုံးတော့ ချ မရေးချင်တော့ဘူး.... အနာဟောင်းတွေ ပြန်မခွာခြင်ဘူး.... အဲ့လိုပဲ အပြင်က စွတ်စွဲတာတွေ လွဲနေတယ်ဆိုတာလည်း သိစေချင်လို့ ဒီစာကို ရေးတာလည်း ဖြစ်ပါတယ်။ မရှင်းလင်းဘူးဆိုရင် အပေါ်ဆုံးက မူရင်းစာကို ဖတ်၊ ကျွန်တော့ မှတ်ချက်တွေကို ပြန်ဖတ်၊ ပြန်သုံးသပ်ကြည့်ပါ၊ ဒီ အပ်ကြောင်းထပ်နေတဲ့ မေးခွန်းတွေ ဖြေရှင်းချက်တွေကို ထောက်ပြပီးသား ဖြေရှင်းပီးသားဆိုတာ တွေ့ပါလိမ့်မယ်.. ကျေးဇူးတင်ပါတယ်.....

     ဒီလိုပါပဲ တစ်ချို့က အင်တာနက်ကနေ လိုက်ရှာပီး တွေ့တာလေးတွေနဲ့ ကိုင်ပေါက်ချင်ကြတယ်ဗျ... အဲ့လို လူမျိုးတွေ ရှိလို့လည်း မင်း Green Card ပေါက်တယ်၊ ဒီဆိုဒ်ကို လာလည်တာ မင်းက အယောက် တစ်သန်းမြောက်ဖြစ်လို့ ကံစမ်းမဲပေါက်တယ်၊ မင်း စက်ကတော့ Securiyt ထိနေပီဆိုပီး တက်လာတဲ့ဟာတွေ ကလစ်ကြလို့ Adware တွေထိကြတယ်လေဗျာ... လက်တွေ့မပါတဲ့ သီအိုရီသမားတွေက တကယ် Battle Field ထဲမှာ ကားခနဲ ကျကြတယ်ဗျ.... Android Mobile OS ရဲ့ Core Netwroking Management ကိုနားမလည်ပဲ Protocol ကို Apps တွေသုံးဖို့ Configuration လုပ်ခိုင်းတယ်ဆိုကတည်းက သဘောပေါက်လိုက်ပါတယ်.... လူတိုင်းက လေ့လာနေတုန်းပါပဲ ကျွန်တော်လည်း လေ့လာနေတုန်းပါပဲ... စကားတစ်ခွန်းကို အသာရအောင် ပြောဖို့ထက် အကျိုးသင့် အကြောင်းသင့် အားလုံးကို ဆက်စပ်ပြီး ရှင်းပြဖို့ကို သေခြာမရှင်းပြတတ်ကြဘူး....

    လူတစ်ယောက်ဟာ အကြောင်းအရာတစ်ခုကို သူများနားလည်အောင် ပြန်ရှင်းမပြနိုင်ရင် သူကိုယ်တိုင် အဲ့ဒိအကြောင်းအရာကို သေခြာနားမလည်လို့ပဲဆိုတာ ကိုယ့်ကိုကိုယ် သဘောပေါက်တဲ့လူ နည်းကြသားဗျ.... Copy Paste လောက်တော့ လူတိုင်းတတ်ကြပါတယ်.....

    There's a saying - the best tricked the devil ever pulled was convincing the world that he doesn't exist. The success of digital interception depends on the users believing that their connection cannot be intercepted or decrypted. While the use of SSL encryption give a sense of security that connectivity between the two nodes are encrypted and therefore cannot be intercepted. Inherent weaknesses in SSL communication can be exploited to successfully intercept the traffic, while leaving the users believe that their connection is secured by SSL encryption. The encryption, in the case of this discussion thread is accessing Gmail through a web browser from a PC or a mobile device, depends upon the browser validating the certificate of the server before the commencement of encryption sequence. It has been proven _practically_ to issue a signed rogue certificate from a trusted root CA which are included in the browsers. Here is the example of the amount of trusted root CA certificates which are included in iphone (http://support.apple.com/kb/HT3580). A stolen root key from any of the listed CA can be used to sign a fake certificate for mail.google.com and the browser on the device would trust the certificate. The user will not realise that his connection has been intercepted, because the browser would not issue any warning, the padlock icon can still be seen 'etc. The bottom line is that, gmail/gtalk connections _can be_ intercepted, regardless of using SSL encryption. Thanks to howtos and white papers, It has become far too easy for the so-called security experts and researchers to make bold claims based on theories and write articles, give speeches and presentations to gain recognition in public as they are subject matter experts. In reality, they lack _practical experience_ in the field of digital warfare. The truth is they are just generally just waffling on about something they read somewhere or heard somewhere rather than talking from extensive practical and hands on experience on the subject. There's no king in IT industry, but there are many pretenders who claimed to be king, especially in Myanmar IT industry, where lions are lead by donkeys. :-)))

    စာကို သေခြာ ဖတ်ကြည့်လိုက်ပါဦး.... Pre-installed လုပ်ထား`ခဲ့တာ IOS V3.x ပါ.... IT Administrators က Configuration Profiles ပြောင်းလိုက်တယ်ဆိုရင် အဲ့ဒိ Certificate တွေမလိုတော့ဘူးလို့ ပြောထားပါတယ်... အဲ့ဒိလို Version အဟောင်းတွေရဲ့ အားနည်းချက်တွေကို သုံးပီး ဖောက်တဲ့အတွက်ကြောင့်မို့လို့ OS Update, Security Patch တွေကို အမြဲတန်း Update လုပ်ခိုင်းနေတာပါ.. Antivirus Program တွေကနေ ရေးထားတဲ့ Note တွေကို သွားဖတ်ကြည့်မယ်ဆိုရင် အကုန်လုံးက ကြောက်စရာတွေကြီးပါပဲ.... ဘာ့ကြောင့်လည်းဆိုတော့ Version အနိမ့်တွေကြောင့် မို့လို့ပါပဲ....
    အဲ့ဒိ ခိုးထားတဲ့ Certificate တွေကို mail.google.com မှာအစားထိုးလို့ မရပါဘူး... Fake Login ဆိုဒ်မှာပဲ သူတို့ အစားထိုးထားလို့ရမှာပါ.... Fake Login ဆိုဒ်ဖြစ်တဲ့အတွက် နာမည်ဟာ google.com ဆိုတဲ့နာမည်နဲ့ သုံးလို့ရမှာ မဟုတ်ပါဘူး.....

    နေရာတိုင်းမှာ သူလိုင်းနဲ့သူ ဆရာကြီးတွေ အများကြီးပါပဲ.... ကျွန်တော် ၁၆ နှစ်သား ကျော်ကျော်လောက်ကတည်းက MS-DOS 6.22, Windows 3.x, Windows NT 4.0 ခောက်ကတည်းက ထုံးလိုချေ ရေလိုနှောက်ပီး သုံးလာတာ အခုထိပါပဲ.... ကျွန်တော့လိုင်းမှာလည်း ကျွန်တော် ကို သိတဲ့သူတော်တော်များပါတယ်.. ခင်ဗျားတို့ ကျွန်တော့ မသိဘူးမှလား... အဲ့လိုပါပဲ.... ကိုလင်းထွန်းကိုလည်း ကျွန်တော် မကြားမိပါဘူး.... ကွန်ပျူတာ လောကဟာ ကျဉ်းတယ်လို့လည်း ပြောလို့ရသလို၊ ကိုယ်မသိပဲ သူ့လိုင်းနဲ့သူ ရပ်တည်နေတဲ့ လူတွေအများကြီး ရှိတယ်ဆိုတာလည်း သိထားသင့်တာပေါ့ဗျာ.... :D

    ‎@james mmt: I dont think you are getting the point. IOS v3.x link was just _an example_. Every version of IOS, even the most up to date one include pre-installed trusted root certificates. Every browser, be it safari, firefox, chrome, IE, all include pre-installed trusted root certificates. This has nothing to do with OS update, Security patch or AV programs. Also, about IT administrators removing the trusted certificate, this only applies to iphones that are used in corporate environment and not to general public. By default, every iphone you get comes pre-installed with trusted root certificates. Many software applications assume these root certificates are trustworthy on the user's behalf. For example, a Web browser uses them to verify identities within SSL/TLS secure connections. However, this implies that the user trusts their browser's publisher, the certificate authorities it trusts. Its a chain of trust, which can be exploited for the purpose of interception. If you read my post properly, I explained that the stole root CA key can be used to sign the rogue certificate, which in turn can be use to intercept SSL communication. There was nothing about using stolen certificate to replace mail.google.com! I think you need to actually understand about SSL certificates verifications and the chain of trusts rather than waffling on brother. :-))

     A stolen root key from any of the listed CA can be used to sign a fake certificate for mail.google.com and the browser on the device would trust the certificate. By Lynn Htun:

    အေးဗျာ.... ဒါဆို အဲ့လောက် လုံခြုံမှုမရှိ၊ ဟာကွက်တွေ ပြည့်နေတဲ့ SSL ကိုသုံးပီးတော့ ဘာ့ကြောင့်များ Cloud Computing ကိုလုပ်လာကြလဲ မသိဘူးဗျ... နည်းနည်းလောက် ရှင်းပေးပါဦး... ဗဟုသုတ ရအောင်လို့ပေါ့.... :D

     ‎@james mmt: I'm happy to explain that to you in depth, however, it is a deviation from this discussion thread. The point here is to prove that individuals as well as Government can intercept gmail/gtalk connection despite the use of SSL. If you want to discuss about the reason why SSL is still being used for cloud computing despite its weaknesses, perhaps you should start another thread and I would be happy to comment. On a point to note, Windows OS is also full of weakness and security holes, yet still it is being used by the masses, the same principle can be applied for the case of using SSL for cloud computing. However, please let me stress, I am just sharing my humble experience on the subject and not here to rain on your parade. :-

    ကို Lynn Htun နားလည်မှုလွဲနေတာဗျ.... ကျွန်တော်ဆိုလိုတာက အဲ့တုန်းကတည်းက ခုထိ တောက်လျှောက် ကွန်ပျူတာနဲ့ပဲ အသက်မွေးနေတာပဲဗျ.... အပေါ်ကလူတွေ ပြောပြောနေတဲ့ ကိုလင်းထွန်းနာမည်ကို ကျွန်တော် မကြားမိဘူးဗျ.... ဒါကတော့ အမှန်အတိုင်းပြောတာပါ.....

    ကွန်ပျူတာနဲ့ အင်တာနက်ကို အချိန်အကြာကြီးသုံးခဲ့တာကိုပြောချင်တာမဟုတ်ဘူးဗျ..... အင်တာနက်မရှိပဲနဲ့ လူတစ်ယောက်ဟာ Technical ပိုင်းမှာ Expert ဖြစ်ဖို့အတွက်က မလွယ်ဘူးဗျ.... အင်းပေါ့လေ သာမာန် ချက်တင်လေးသုံးလိုက်၊ ဟိုဟာလေး ကြည့်လိုက် ဒီဟာလေးကြည့်လိုက်ဆိုရင်ပေါ့..... ကျွန်တော်တို့အတွက်တော့ အင်တာနက်က References တွေတစ်ပုံကြီးဗျ... ကွန်ပျူတာလိုင်းပိုင်းတင် မဟုတ်ဘူး၊ အခု ကျွန်တော် ရေးတဲ့ Environmental ပိုင်းတွေ၊ သမိုင်းကြောင်း ဆိုင်ရာ အပိုင်းတွေကောပေါ့လေ.... အဲ့တော့ ကျွန်တော့်အမြင်ကတော့ အတုအယောင်နဲ့ အမှားအမှန်ကို ခွဲခြမ်းစိတ်ဖြာပီး သုံးမယ်ဆိုရင် အင်တာနက်ကလည်း လူတစ်ယောက်ကို သူ့သက်ဆိုင်ရာ နယ်ပယ်မှာ Expert ဖြစ်အောင် ပံ့ပိုးပေးနိုင်တယ်ဗျ.... အဲ့လိုမျိုး Advantages တွေရှိလို့လည်း အင်တာနက်ဆိုတာကြီးက ပေါ်ပြူလာ ဖြစ်လာတာလေ... ဟုတ်တယ်မှလား....

    ဟားဟားဟား နောက်ဆုံးတော့ ဒီဘူတာပဲ လာဆိုက်တာပဲ.... စစ်တပ်က ဆိုတဲ့ စွတ်စွဲချက်..... ဘင်္ဂါလီ ကိစ္စမှာကတည်းက အပြောခံနေရတာ ထူးတော့ မထူးဘူးဗျ.... ဒီစာက မဇ္ဇိမက တလွဲရေးထားတဲ့ သံသယကိုရှင်းတာပဲဗျ... ပြည်တွင်းက အင်တာနက် သုံးတဲ့လူတွေ ကွန်ပျူတာတောင် မထိရဲအောင် နိုင်ငံရေး လှည့်ကွက်နဲ့ ခြိမ်းခြောက်တာကို ရှင်းပြပေးတာပဲ... ဆက်သွယ်ရေး ရုံးတွေထဲလည်း ထဲထဲဝင်ဝင် ရောက်တယ်၊ လေ့လာတယ်၊ အဲ့လိုမျိုး မရှိတာကိုလည်း သိထားလို့ ပြောရဲတာဗျ..... က ကို နေရာပေါင်းစုံက ကြည့်ရင် အမြင်ပေါင်းစုံ ထွက်တယ်ဗျ.... Technology မှာလည်း ပုံသေတွက်လို့ မရဘူးဗျ.... Theory ပေါ်မှာ အခြေခံပီး ဖြစ်နိုင်ခြေရှိတာတွေကို လုပ်ရတာပဲလေ..... ကွန်ပျူတာ လောကမှာ Security အရမ်းကောင်းရင် တအားနှေးပီး၊ တအားမြန်ရင် Security အားနည်းချက်ပိုများတယ်၊ အဲ့ဒိအတွက် Middle ကိုပဲ ရွေးပီးအကောင်းဆုံး လုပ်နေကြတာလည်း အားလုံးအသိပဲလေ......

    နောက်ဆုံးတော့ ခင်ဗျားတို့က ကိုယ်တိုင် သူများတွေဖြစ်နေတဲ့ သံသယတွေကို ခြေဖျက်ဖို့ မစဉ်းစားပဲ မနာလိုစိတ်နဲ့ Personal Attack ကိုပြောင်းလဲလာတာကိုး..... ပြဿနာမရှိပါဘူး၊ ဒီစာတွေ ရေးလို့ လူအထင်ကြီးလို့လဲ ဘာမှ ထမင်းတစ်လုပ်ပိုမစားရဘူးဗျ၊ဘင်္ဂါလီကိစ္စရေးတုန်းကလည်း သက်ဆိုင်တဲ့ လူတွေ သောက်မြင်ကပ်ပီး၊ သတ်ချင်ဖြတ်ချင်စိတ်ပေါက်လည်း၊ ကျွန်တော် ၀င်ငွေ ပိုတိုးမလာဘူး၊ ဟိုးမြစ်ဆုံ ကိစ္စတုန်းကလည်း ရေအားလျှပ်စစ် ဆည်တွေအကြောင်း တောက်လျှောက်ထိုင်ရေးလာလည်း ဒီထမင်းနဲ့ ဒီဟင်းပဲဗျ၊ နောက်ဆုံး မန်းလေးက ဆန္ဒပြတဲ့ ဘုန်းကြီးက ဂျာမနီက နိုင်ငံရေး ခိုလှုံခွင့်နဲ့နေတဲ့ ဘုန်းကြီးပါဆိုပီး ရေးလိုက်တော့ အဲ့ဒါကို ဂွင်ဆင်ထားတဲ့ ဆိုင်တဲ့ မီဒီယာသမားနဲ့ Exile တစ်ချို့က ကျွန်တော့ကို ဒါရိုက်ခြိမ်းခြောက်လည်း လစာက တိုးမသွားဘူးဗျ...... ရီတော့ ရီရသား.... စာလေး တစ်ပုဒ် နှစ်ပုဒ် ရေးပီး လူအထင်ကြီးခံချင်တဲ့၊ လူရာဝင်ချင်တဲ့ လူထဲ ကျွန်တော်မပါဘူးဗျ၊ အင်းပေါ့လေ ဒါတွေက ငယ်သေးတော့ ဘယ်သိမလဲ အချိန်တန်ရင် နားလည်သွားမှာပါ.....

    အော် ခင်ဗျားတို့ Myanmar Inspirations ကနေ ကျွန်တော့်ရုံးခွဲတွေနဲ့ ရုံးချုပ်ကို VPN နဲ့ VoIP ချိတ်ဖို့ အရင် ခင်ဗျားတို့စီကနေ Cisco VoiP Appliance တွေနဲ့ သုံးဖို့ မေးထားတာလေးလည်း အခုထိ အကြောင်းမပြန်သေးဘူးဗျ.... ကျွန်တော် ရန်ကုန်ပြန်ရောက်မှ အဲ့ကိစ္စတွေလည်း ဆက်လုပ်ရဦးမယ်ထင်ပါရဲ့..... အချိန်အားတော့လည်း တွေ့ကြတာပေါ့ဗျာ....

    အင်း ကိုလင်းထွန်းက ဆီးမန်းမှာ လုပ်ခဲ့တာကိုး.... ကျွန်တော် ကိုလင်းထွန်းကို လင့်တွေ ပြန်ပေးတာမဟုတ်ဘူးဗျ... ကိုလင်းထွန်းပေးတဲ့ လင့်ထဲကလင့်ကိုပဲ ပြန်ပေးထားတာ... သူဘယ်သူမှန်း မသိတဲ့အတွက်လည်း NSE ထဲကလူမဟုတ်ရင်တော့ ခေါင်းရှုပ်သွားလိမ့်မယ်လို့ ပြောလိုက်တာ... တစ်ချို့ကလည်း ကျွန်တော့ကို တွယ်ချင်တဲ့ အခံရှိတော့ ဘယ်သူမှန်း သေခြာမသိတာလဲ ပါပါတယ်... ထားလိုက်ပါ...

    ISP Level ကနေ စောင့်ဖမ်းဖို့က ပိုတောင်ခက်သွားပါတယ်... အထူးသဖြင့် အခုလို Static IP တွေမပေးပဲ Dynamic တွေပေးရင် သူတို့ စောင့်ကြည့်ရမယ့် လူများပါတယ်... (ကြားဖြတ်လို့ ပြောလိုက်ဦးမယ်.. အခု ဒေါ်စု သူ့အိမ်မှာ သုံးနေတဲ့ အင်တာနက်က WiMax ပါ... အစိုးရကနေ တစ်ဆင့်ကိုပဲ သုံးပါတယ်...) Routing Level အဆင့်ဆင့်ကနေ တက်လာတဲ့ အတွက်ကြောင့်လည်း တကယ့် National Gateway စီကို ရောက်တဲ့အချိန်မှာ Source IP အမှန်အတွက်ကို Trace လိုက်ဖို့က သူ့ အပိုင်းလိုက် Control လုပ်တဲ့ DHCP Server တွေမှာ ပြန်လိုက်ရမှာပါ...

    ဒီကြားထဲမှာ သူတို့ကို ပြည်တွင်းကနေ လက်တဲ့စမ်းနေတဲ့ လူတွေက ရှိလေတော့ Routing ကို Physically ကြိုးဆွဲဖြုတ်ပီး ပိတ်ထားတာတွေ ရှိသေးတယ်၊ ICMP ပိတ်ထားတာတွေလည်း ရှိပါရဲ့... အဲ့တော့ သူတို့အမှုနဲ့တင် သူတို့မှာ ရွာလည်နေတာတွေ ရှိတယ်... ဥပမာအနေနဲ့ နိုင်ငံရေး တစ်ခုခုဖြစ်လို့ရှိရင် ဆာဗာကို ပါဝါဒေါင်းထားတာမျိုးပါ... (အသေးစိတ်တွေတော့ မရေးချင်ပါ၊ ခြစားနေတာတော့ အကြီးကြီးပါ၊ တစ်နိုင်ငံလုံး ကြိုက်တဲ့နေရာကို ကြိုက်သလို ဖုန်းဆက် ဘေလ်တစ်ပြားမှ မဆောင်ရတဲ့ မိုဘိုင်းဖုန်းတွေတောင် ရှိပါရဲ့ဗျား....) ဒါတွေဟာ ထင်ယောင်ထင်မှား လှည့်စားထားတာတွေ မဟုတ်ပါ၊ လက်တွေ့ကို မြန်မာပြည်က အင်တာနက်သုံးသူတွေ ခံစားရတဲ့ ဒုက္ခတွေပါ။

    အခုလက်ရှိကို မီးပြတ်တာနဲ့ အိပ်ချိန်းက DSLAM ကိုထိမ်းတဲ့ ယူပီအက်စ်ဂန့်သွားလို့ ADSL လိုင်းအင်တာနက် သုံးမရပဲ ပြတ်ပြတ်သွားတာကို ကြုံနေရတဲ့ လူတွေလည်း တော်တော်များပါတယ်... အဲ့ဒါတွေကြောင့် ပထမဆုံး Traffic ကို Capturing လုပ်တာနဲ့တင် အလုပ်တွေ တော်တော်ရှုပ်နေပါပီ...

    အဲ့ဒိကနေ Capturing ရထားတဲ့ Encrypted ဟာတွေကိုမှ ပြန်ပီးသူတို့ ဖြည်နေရတာနဲ့တင် အချိန်တော်တော် ကုန်နေပါပီ၊ အဲ့ဒိအတွက်ကြောင့် ထစ်ခနဲရှိရင် ကွန်ပျူတာကိုပဲ ၀င်စစ်တာ၊ ပါ့စ၀ါ့တွေကို ပေါ်တင်တောင်းတာတွေ လုပ်တာပါ.... အခုလို လွယ်လွယ်ကူကူဖြစ်နေမှဖြင့် သူတို့တွေ လူကြားအောင် ပါ့စ၀ါ့တွေ တောင်းနေမှာ မဟုတ်တော့ပါဘူး.. ဒါဆိုရင် ရှင်းလောက်မယ်ထင်ပါတယ်.....

    @Hkam Awng ကျေးဇူးပါ ကျနော့အမြင် ကတော့ fb၊ gmail ကrecommend လုပ်ထားတဲ့security လိုအပ်ချက်တွေ အတိုင်းသုံးမယ်ဆိုရင် ကြားဖြတ်ကြည့်လို့ရစရာမရှိပါ၊၊ ကျနော်တို့ မြန်မာကို လာရောင်းတဲ့သူတွေဟာ ကိုယ့်ဆီမှာ ပြန်လှန်ငြင်းခုံနိုင်မဲ့သူမရှိမှန်းသိလို့ထင်ပါရဲ့ သူတို့ product နဲ့ပတ်သက်ပြီး ပိုမိုကြွားဝါလေ့ရှိပါတယ် ကိုယ့်ဖက်ကလိုအပ်တဲ့ကာကွယ်မူ လုပ်ထားရင်ဖောက်နိုင်စရာ အကြောင်းမရှိပါခင်ဗျာ အလွန်ဆုံး DDOS ပေါ့ ခင်ဗျာ ကျနော်လဲ အဲလိုပြောတဲ့သူအချို့ တွေ့ဘူးပါတယ် မြန်မာပြည် e gov စီမံချက်အတွက် လာဈေးကွက်ရှာကြတုန်းကပေါ့၊ ဒါပေမဲ့ လိုအပ်တဲ့ကာကွယ်မှု ဘာမှမရှိ လူကြီးကလဲ မသိ ပံ့ပိုးနိုင်တဲ့လူငယ်လဲ မရှိ အားလုံး onlineတင်ရင် ကိုယ်ကျိုးနည်းမှာ အမှန်ပါ၊ ခုonline banking ပြောနေကြပြီ နိုင်ငံခြားvendorပြောတဲ့ စကားယုံ ပြောတဲ့အတိုင်း ရမ်းချနေကြရင် တကဲ့ hacking criminal ဂိုဏ်းတွေ မျက်စေ့ကျလို့က အားလုံး ကုန်မှာ သေချာတယ်ဗျာ၊ ကျနော် BANKING IT SECURITY မှာပတ်သတ် ဖူးတယ့် 100% စိတ်ချရတာ မရှိဘူးလို့မြင်ပါတယ် ယိုပေါက် တွေ့ရင် ဖောက်မဲ့သူကအဆင်သင့်ပါ နေ့စဉ် ကြိုးစားနေတာတွေလဲ သိနေတယ် online transaction လုပ်ဖို့ အတော်ကြောက်တယ်ဗျာ့  လိုအပ်တဲ့ ကာကွယ်မှုမလုပ်ရင်၁လနောက်ကျရင် ဒီinfra တခုလုံး ဆော်သွားမှာဘဲ ၊ တချက်ဟာရင် တကယ် attack လုပ်မဲ့သူရှိရင်pen testတွေ va scan တွေ သမားရိုးကျ လုပ်နေရုံနဲ့တော့ မပြီးဘူးဗျာ ၊ ဒါပေမဲ့ ဖြီးလုံးတွေလဲ အတော်များသားဗျ။

    ကိုကြည်သာ အပေါ်က ပြောတဲ့ဟာကတော့ ကျွန်တော်လည်း လက်ခံပါတယ်၊ TMG မှာလည်း ရှိပါတယ်၊ သူ့ရဲ့ SSL ကိုဖြုတ်ချ ကိုယ့်ရဲ့ Proxy က SSL ကို ကြားဖြတ်ထည့်လိုက်တာပါ၊ SSL Inspection Features လို့သုံးပါတယ်၊ အရမ်းကောင်းပါတယ် Co-operate Network အတွက်၊ ဒါပေမဲ့ Public မှာလုံးဝနည်းပါး သုံးလို့မရပါဘူး၊ SSL Request တွေဟာ Client Authentication နဲ့တင် ဆက်မတက်တော့ပါဘူး... သာမာန် http တွေကတော့ ပုံမှန်ပါပဲ။ အဲ့ဒိလို Co-operate မှာ SSL ကို ကြားဖြတ် အစားထိုးထည့်လို့ ရပေမဲ့ တကယ်တမ်း Packet Capturing လုပ်မယ်ဆိုရင် အဲ့ဒိကြားက Transaction ကိုလုပ်မှ ရမှာပါ၊ ပီးမှ အစားထိုးတဲ့ SSL ရဲ့ ကီးနဲ့ ပြန်ဖြည်ရပါလိမ့်မယ်။ ဒါဟာလည်း Co-operate မှဖြစ်မှာပါ၊ အားလုံးဟာ သေခြာ Setup လုပ်ထားတဲ့ Environment ဖြစ်မှ ကြားဖြတ် Capturing လုပ်ရမှာပါ....

    ကျွန်တော်သိရသလောက်က အခုလက်ရှိ အငြိမ်းစား ယူသွားပီလို့ ပြောတဲ့ အငြိမ်စားကြီးနဲ့ သူရဲ့ ဆွေမျိုးအဆက်ဆက်ဟာလည်း Gtalk/Gmail ကိုပဲ တစ်ခုတ်တစ်ရ ခုံခုံမင်မင်သုံးသဗျ... အဲ့တော့ ကိုယ့်အရိပ်တောင် ကိုယ်ကြောက်တဲ့ သူတို့အတွက် ဒီလို စီမံကိန်းတွေကို သိတ်ဦးစားမပေးခြင်ကြဘူးဗျ၊ Sector ခွဲရင်တော့ တစ်မျိုးပေါ့လေ...

    အန်ကယ် ဦးခမ်းအောင်ရေ့ ဈေးသည်ကတော့ သူ့ပစ္စည်းရောင်းကောင်းအောင်တော့ နည်းလမ်းပေါင်းစုံနဲ့ မားကက်တင်း ၀င်မှာပေါ့.... သူ့ပစ္စည်းသာ အကုန်ကောင်းတယ်၊ လုပ်ချင်တာ အကုန်လုပ်လို့ရတယ်၊ ဈေးကလည်း ပေါတယ်ဆိုပီး နည်းပေါင်းစုံနဲ့ ကြေငြာတယ်လေ.... တကယ်ဖြစ်မဖြစ်ကတော့ နှစ် ၂၀ ကျော် မြန်မာပြည်ကြီး လာရောင်းသမျှ ပစ္စည်းတွေကို အားကိုးမိလို့ နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖို့အတွက် အမှီလိုက်ဖို့မပြောပါနဲ့ အမောဆို့နေလို့တော့ နှာနှပ်နေရတယ် အန်ကယ်ရ.. :D

    အဓိကကတော့ Antivirus ကို ကောင်းကောင်းသုံးမယ် (ဒါတော့ မြန်မာပြည်ထဲမှာ ထစ်ခနဲရှိ Antivirus နောက်ဆုံးပေါ် ထွက်တာနဲ့ ချက်ခြင်းကို လဲသုံးတတ်တာ မြန်မာတွေရဲ့ ကြွားဝါခြင်တဲ့ အကျင့်က တော်တော် ကောင်းသွားတယ်ဗျ.... သုံးလက်စကို သက်တန်းမတိုးဘူး၊ Version အသစ်ပေါ်တာနဲ့ ရှိတဲ့အဟောင်းကို ဖြုတ်၊ အသစ်ကိုတင်သုံးတယ်ဗျ... ဒါတောင် လိုင်စင် ၀ယ်သုံးကြတာ...)၊ Security Patch တွေကို ပုံမှန် Update လုပ်မယ်၊ ဆောင်ရန်ရှောင်ရန်တွေကို သတိထားမယ်ဆိုရင် ကိုယ့်စက်ကို မခိုးနိုင်သလို၊ အတုအယောင်တွေနဲ့ ကြားဖြတ် ခိုးမှာကို ကြောက်စရာ မလိုပါဘူး၊ ဟက်ကာတွေ အစွမ်းထက်လို့ Gmail / Gtalk Backend တွေကို ဟက်လုပ်တဲ့ တစ်နေ့မှာတော့ ကမ္ဘာပျက်ရင် ကိုယ်တစ်ယောက်တည်း ကွက်ပီး အသက်ရှင်ဖို့ မလွယ်သလိုပေါ့လေ.... အဲ့ဒါကြောင့် ကျွန်တော် မြန်မာလိုပဲ ရေးတယ်၊ သူတို့ ဟက်လုပ်ခံရလို့ သတင်းတွေ အပြင်ပေါက်ထွက်တောင် ကိုယ်ဘာတွေ ရေးတယ်၊ ဘာတွေလုပ်တယ် ကမ္ဘာက မသိတော့ဘူးပေါ့ ဟားဟား J/K

    ပြဿနာက အစိုးရကိုယ်တိုင်က SSLကို intercept လုပ်ချင်ရင်သူတို့ရဲ့ own domestic cert authority ကနေ fake certificateထုတ်ပြီး အဲဒီCA တွေကို IE, firefox, safariတွေက လက်ခံနိုင်တာပဲ၊ တခုရှိတာက ခင်ဗျားရဲ့OCBC online banking session က အီရန်က တာဂျစ်ကစ်စတန် က CA ကိုသုံးနေရင်တော့ မဟုတ်ဘူးဆိုတာသိသာတယ်ဗျာ၊ ဒါကြောင့် တချို့ နိုင်ငံတွေက ကိုယ်ပိုင် CA ထားလေ့မရှိဘူး၊ ဥပမာ စင်ကာပူ ၊ Isreal သူတို့ကိုယ်တိုင် fake certificate ထုတ်ပြီး သူတို့ကပြန်အသိအမှတ်ပြုတာမျိုး မလုပ်ဘူး ထောက်လှမ်းရေးတို့ ရာဇဝတ်မှုတိုက်ဖျက်ရေးတို့အတွက် privacy မချိုးဖောက်ဘူးပေါ့၊ ကိုယ်ပိုင် CA နဲ့ အဲလို လုပ်တဲ့ အစိုးရတွေရှိတယ်ဗျာ ဥပမာ အီရန် ဒါပေမဲ့ သူတို့အဲလိုလုပ်တယ်ဆိုတဲ့ သက်သေကဖျောတ်မရဘူး လွယ်လွယ်လေးtraceလို့ရတယ်ဗျာ သိတ်ခါရှိတဲ့အစိုးရတွေလုပ်လေ့မရှိဘူး တရုတ်ကတော့ သူတို့ပြည်တွင်း Service Providers တွေသူတို့ဘဲချုပ်ကိုင်ထားတော့ by forceနဲ့ ဖွင့်ခိုင်းတာ fake cert ထုတ်ခိုင်းတာ သာဓကတွေရှိခဲ့တယ် နောက်တရုတ် အစိုးရမသိဘူးဆို ဗြောင်လိမ်ပေါ့။ အစောပိုင်းက ကိုHkam Awng ပြောထားသလိုဘဲ အားလုံးကြားဖြတ်လို့ရတယ်ဆိုတဲ့ product ကြော်ညာ presentation နားထောင်ဘူးတယ်ဗျ သူတို့က law enforcement တို့ defense and intelligence တို့ကရည်ရွယ်ရောင်းတာ ဗမာပြည်ကိုရောက်ပြီလားတို့မသိဘူး လက်ခံသူ နဲ့ ပို့သူကြားထဲ legitimate key copy ထည့်နိုင်ရင်လိုသလိုကြားဖြတ်နိုင်တယ်ပြောတာဘဲ ဒါတောင် Pub key infraမှလိုမှာနော် နဲနဲတို့ ကြွားပြောတာပေါ့ သူတို့ test environment မှာတော့ ဟုတ်နေတာဘဲ၊ အတိုခြုံးရင် failed state တွေ အာဏာရှင် နိုင်ငံတွေမှာရည်ရွယ်ချက်မကောင်းပြီး smart ဖြစ်တဲ့ IT professional နဲ့ ယုတ်မာတဲ့ အာဏာပိုင် ပေါင်းမိရင် သေချာအားထုတ်ရင် ကောင်းကောင်းမွှေနိုင်တယ် သတိဆိုတာရှိရမှာပေါ့ ဒါပေမဲ့ သိပ်တော့မကြောက်ပါနဲ့ အဲ့လောက်စွမ်းရည်မရှိသေးဘူးလို့မြင်ပါတယ် ကျနော်တို့ ပြည်တွင်းinfraကတောမှလွန်ခဲ့တဲ့ ခုနှစ်နှစ်လောက်ထိကတော့ ဒိုးရိုပေါက် မဖောက်ချင် အဆုံးပါဗျာ် update တော့မသိဘူး။ ပြည်တွင်း IT လုပ်ငန်းရှင်ကြီးတွေ လုပ်ထားတာ ပေါက်ကရတွေရောင်း ချောက်တီးချောက်ချက်တွေချည်းပဲ။ သူများကို မဖောက်ခင် ကိုယ့်ဟာကိုယ်လုံအောင်အတောလုပ်ရအုံးမယ်။

Thursday 22 March 2012

It is called Myanmar Goverment, at March 2012!

  အမှုအမှတ် ၁၆ (သို့မဟုတ်) တရားခံဖြစ်သွားသော နိုင်ငံတော် Posted by admin on March 22, 20120 Comment ၁၆ ရာစုနှစ်တုန်းက စစ်တကောင်းနဲ့ ဒက္ကားမြို့တွေကို သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့တဲ့ လွတ်လပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံဟာ ၁၇၈၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ဗမာဘုရင်လက်အောက်ကို ကျရောက်ပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးသွားခဲ့ပါတယ်။ အဲဒီကစလို့ ရခိုင်ပင်လယ်ပြင်ဟာ ကမ္ဘာ့နယ်ချဲ့ခေတ်၊ ဒုတိယကမ္ဘာစစ်ခေတ်တို့မှာ ဗြိတိသျှ အချုပ်အခြာအာ ဏာအောက်၊ ဖဆပလ လွတ်လပ်ရေးခေတ်၊ မဆလ-နဝတ-နအဖ စစ်အာဏာရှင်ခေတ်တွေ တလျှောက်လုံးမှာတော့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာအောက်ရောက်ခဲ့ပြီး အခုနောက်ဆုံး ၂၀၁၂ ခု မတ်လ ၁၄ ရက်မှာတော့ မနည်းလှတဲ့ အစိတ်အပိုင်းဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အခြာအာဏာအောက်ကို တရားဝင်ကျရောက် သွားပါတော့တယ်။ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဒီပင်လယ်ပြင်ပိုင်နက်ကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ မြန်မာရေတပ် ရန်စောင်ခဲ့ကြပါတယ်။ လက်နက်မဲ့ ဒီမိုကရေစီအတိုက်အခံတွေ၊ လက်နက်အင်အားနည်းတဲ့ တိုင်းရင်းသားတပ်တွေအပေါ် လက်နက်အားကိုး ဗိုလ်ကျမင်းမူနေခဲ့တဲ့ နအဖစစ်တပ်ရဲ့ စစ်သင်္ဘောတွေဟာ ဒီဇယ်ဆီမတတ်နိုင်လို့ ပင်လယ်ထဲ ကျောက်ချနေ ရင်နေ၊ ကျောက်မချရင် စက်ပိတ်မျှောနေရချိန်မှာ ဘင်္ဂလားဒေ့ရှ်စစ်သင်္ဘောတွေက မီးခိုးတလူလူနဲ့ ပတ်မောင်းပြီး စစ်ဟန်ရေးပြနေတာကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေခဲ့ရပါတယ်။ နှစ်နိုင်ငံစလုံးရဲ့သခင်ကြီး တရုတ်က ကြားဝင်ဟန့်တားခဲ့လို့ စစ်ရေးပိုင်းမှာ ဒါလောက်နဲ့ပြီးသွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒီပင်လယ်ပိုင်နက်ကိစ္စကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးမှာ တရားဝင် အမှုစွဲခဲ့ပါတယ်။ ဒီစွဲဆိုချက်ကို ခုံရုံးက အမှုအမှတ် (၁၆) အဖြစ် အဲဒီနေ့မှာဘဲ လက်ခံစာရင်းသွင်းခဲ့ပါတယ်။ အဲဒီ နေ့မှာဘဲ ခုံရုံးမော်ကွန်းထိန်းက မြန်မာစစ်အစိုးရကို အကြောင်းကြားခဲ့သလို ဒီဇင်ဘာ ၁၇ ရက်မှာလဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ အကြောင်းကြားခဲ့ပါတယ်။
    XXX မြန်မာ နအဖအစိုးရက ခုံရုံးဆုံးဖြတ်ချက်တွေကို လိုက်နာပါ့မယ်လို့ ၂၀၀၉ နိုဝင်ဘာ ၄ ရက်မှာ ကြေညာခဲ့ပြီး ဘင်္ဂလား ဒေ့ရှ်အစိုးရက ၂၀၀၉ ဒီဇင်ဘာ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။ ၂၀၁၀ ဇန်နဝါရီ ၁၄ ရက်မှာတော့ နအဖ အစိုးရက ခုံရုံး ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ဘူးလို့ အကြောင်းကြားခဲ့ပြန်ပါတယ်။ ဒါပေမဲ့ အရေးပေါ်ဆွဲခန့် တရားသူကြီးနာမည် အဆိုပြုတင်သွင်းပြီး ရှေ့နေအဖွဲ့နာမည်စာရင်းတွေ ပေးပို့ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခုံရုံးကိုတင်ပြချင်တဲ့ အချက်အလက် ကိန်းဂဏန်း မြေပုံ ရေပုံတွေကို ၂၀၁၀ ဇူလိုင် ၁ ရက်နေ့မှာ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံကတော့ ၂၀၁၀ ဒီဇင်ဘာ ၁ ရက်နေ့ကျမှ ဒီလို အချက်အလက် ကိန်းဂဏန်းတွေ ပေးပို့ခဲ့ပါတယ်။ ခုံရုံးရှေ့ နှစ်ဖက်လျှောက်လဲချက်တွေကို ၂၀၁၁ ခု စက်တင်ဘာလမှာ လုပ်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်က စက်တင်ဘာ ၈၊ ၉၊ ၁၂၊ ၁၃၊ ၂၁၊ ၂၂ ရက်တွေမှာ လျှောက်လဲပြီး မြန်မာက စက်တင်ဘာ ၁၅၊ ၁၆၊ ၁၉၊ ၂၀၊ ၂၄ ရက်တွေမှာ လျှောက်လဲခဲ့ကြပါတယ်။ နအဖအစိုးရဘက်က လျှောက်လဲချက်ထဲမှာ ၁၉၇၄ ခုတုံးက ဘင်္ဂလားဒေ့ရှ်နဲ့ ရေပြင်ပိုင်နက်ကိစ္စ သဘောတူလက်မှတ်ထိုးခဲ့တဲ့ ရေတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ချစ်လှိုင်ကို မြန်မာနိုင်ငံကိုယ်စား သဘောတူလက်မှတ်ထိုးခွင့်အာဏာ မရှိသူအဖြစ် ငြင်းပယ်ပြီး ၁၉၇၄ နဲ့ ၂၀၀၈ ခုတုံးက ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူလက်မှတ်ထိုးခဲ့တာတွေကို တရားမဝင်တဲ့သဘော အရူးကွက်နင်းခဲ့ပါတယ်။ (ဗမာစစ်အစိုးရရဲ့ ကတိတွေ စာချုပ်တွေ ဘယ်လောက်ယုံရတယ် ခိုင်မာတယ်ဆိုတာ ပြနေပါတယ်။)
    နအဖ အစိုးရဟာ ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ဂွမြို့တောင်ဘက်နားအထိသာ သတ်မှတ်ထားပေမဲ့ ခုံရုံးမှာတော့ မော်တင်စွန်းအထိ ကမ်းခြေအရှည် ၅၈၇ ကီလိုမီတာ ပြခဲ့ပါတယ်။ ခုံရုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကိုယ်စားပြုသူက နိုင်ငံခြားရေးဝန်ကြီး (အမျိုးသမီး) ဒီပုမိုနီ၊ လက်ထောက်အဖြစ် နိုင်ငံခြားရေးအထူးအတွင်းဝန် အငြိမ်းစားရေတပ်ဗိုလ်ချုပ် ခါရ်ရှစ်ဒ်အလမ်၊ ရှေ့နေတွေ ဥပဒေအတိုင်ပင်ခံတွေအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် ၁၊ ဂျာမဏီဆိုင်ရာသံအမတ်ကြီး ၁၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၃၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၃၊ အကြံပေးတွေအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၄၊ ဗြိတိန် နိုင်ငံက ဥပဒေပညာရှင် ၁၊ အမေရိကန်နိုင်ငံက ရေကြောင်းပထဝီပညာရှင် ၃၊ တသီးပုဂ္ဂလကျွမ်းကျင် သူတွေအဖြစ် အ မေရိကန်နိုင်ငံက အဏ္ဏဝါဘူမိဗေဒပညာရှင် ၁၊ ဂျာမဏီနိုင်ငံက ဘူမိဗေဒပညာရှင် ၁၊ အငယ်တန်း ဥပဒေအတိုင်ပင်ခံအ ဖြစ် ဂျာမဏီနိုင်ငံက ဥပဒေပညာရှင် ၁၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၂၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ အားလုံးပေါင်း အမေရိကန် ၉၊ ဗြိတိသျှ ၆၊ ဂျာမန် ၂၊ ဘင်္ဂလားဒေ့ရှ် ၈ ဦး ဖြစ်ပါတယ်။ အမေရိကန်ဥပဒေ ပညာရှင်တွေမှာ နာမည်ကြီး Foley Hoag ရှေ့နေကုမ္ပဏီက ရှေ့နေ ၂ ယောက်ပါဝင်ပါတယ်။
    မြန်မာနိုင်ငံကို ကိုယ်စားပြုသူကတော့ နိုင်ငံတော်ရှေ့နေချုပ် ဦးထွန်းရှင်၊ လက်ထောက်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်လှမျိုးနွယ်နဲ့ ရှေ့နေချုပ်ရုံးက ဦးကျော်ဆန်း၊ ရှေ့နေတွေ ဥပဒေအတိုင်ပင်ခံတွေအဖြစ် ပြင်သစ်နိုင်ငံက ဥပဒေပညာရှင် ၄၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၂၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၁၊ အကြံပေးတွေအဖြစ် ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ၁၊ မြန်မာရေတပ်ဗိုလ်မှူးကြီး ၁၊ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ၁၊ မြန်မာသံရုံးဝန်ထမ်း ၃၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၂၊ ပြင်သစ်နိုင်ငံက ဥပဒေပညာရှင် ၃၊ ရိုမေးနီးယားနိုင်ငံက ရေကြောင်းပညာရှင် ၁၊ အမေရိကန်နိုင်ငံက ပညာရှင် ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ အားလုံးပေါင်း ပြင်သစ် ၇၊ အမေရိကန် ၄၊ ဗြိတိသျှ ၁၊ ရိုမေးနီးယား ၁၊ မြန်မာ ၁၁ ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြင်သစ်တွေကို အဓိကထားငှားရမ်း ခဲ့တာ ထူးခြားနေပါတယ်။ တိုတယ်လ်ကုမ္ပဏီနဲ့ လက်ဝါးရိုက်ထားတာ ဖြစ်နိုင်ပါတယ်။ အိမ်ရှင်ဂျာမဏီကိုတော့ လျစ်လျူရှု ထားပါတယ်။ ဒီနိုင်ငံခြားသားပညာရှင်ဆိုသူတွေကို ၂၀၀၉ ဒီဇင်ဘာကနေ ၂၀၁၂ မတ်လအထိ ငွေဘယ်လောက်ပေး ငှားခဲ့ရသလဲ မသိပါ။     XXX ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေသဘောတူစာချုပ် (ကွန်ဗင်းရှင်း) ကို ၁၉၈၂ ခု ဧပြီ ၃၀ ရက်မှာ ချမှတ်ခဲ့ပြီးနောက် အ တည်ပြုလက်မှတ်ထိုးတဲ့နိုင်ငံအရေအတွက် ၆၀ သတ်မှတ်ချက်ပြည့်မှီသွားလို့ တနှစ်အကြာ ၁၉၉၄ ခု နိုဝင်ဘာ ၁၆ ရက်မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။ စာချုပ်အသက်ဝင်လာပြီးနောက် ၁၉၉၆ ခုမှာ လွတ်လပ်တဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး ITLOS ကို တည်ထောင်ခဲ့ပါတယ်။ ခုံရုံးတည်နေရာက ဂျာမဏီနိုင်ငံ ဟမ်းဘာ့ဂ် ဆိပ်ကမ်းမြို့ ဖြစ်ပါ တယ်။ ဒီမြို့ကို စာချုပ်အဖွဲ့ဝင်နိုင်ငံတွေက လျှို့ဝှက်မဲနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ပြင်ဥပဒေကွန်ဗင်းရှင်းကို အခု ကမ္ဘာ့နိုင်ငံပေါင်း ၁၆၁ နိုင်ငံ နဲ့ ဥရောပအသိုင်းအဝိုင်း EC အဖွဲ့တို့က လက်မှတ်ထိုးထားကြပါတယ်။ မြန်မာနိုင်ငံ မဆလအစိုးရက ၁၉၈၂ ခု ဒီဇင်ဘာ ၁၀ ရက်မှာ သဘောတူလက်မှတ်ထိုးခဲ့ပြီး နဝတ အစိုးရက ၁၉၉၆ ခု မေလ ၂၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ကတော့ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကျမှ အတည်ပြုခဲ့ပါတယ်။ ဒီလို သဘောတူအတည်ပြုထားတဲ့အတွက် ပင်လယ်ပြင်ဥပဒေခုံရုံး ဆုံးဖြတ်ချက်တွေကို မလိုက်နာလို့ မရတော့ပါဘူး။ လွတ်လပ်တဲ့တရားရုံးဖြစ်တဲ့အတွက် ခုံရုံးဟာ ကုလသမဂ္ဂလက်အောက်ခံ မဟုတ်ပေမဲ့ ကုလသမဂ္ဂနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှု ရှိပါတယ်။ ကုလအထွေထွေညီလာခံမှာ ဒီပင်လယ်ပြင်ခုံရုံးက လေ့လာသူအဆင့်အတန်းနဲ့ တက်ရောက်ခွင့်ရထားသလို ခုံရုံးဝန်ထမ်းတွေဟာလဲ ကုလသမဂ္ဂဝန်ထမ်းတွေလို လစာနဲ့ ခံစားခွင့်တွေ တန်းတူရကြပါတယ်။ ခုံရုံးတရားသူကြီး ၂၁ ဦးကို စာချုပ်ဝင်နိုင်ငံနဲ့အဖွဲ့တွေက ရွေးကောက်တင်မြှောက်ပါတယ်။ တရားသူကြီးတွေသက် တမ်း က ၉ နှစ်ဖြစ်ပြီး သုံးနှစ်တကြိမ် တရားသူကြီးသုံးပုံတပုံကို နယူးယောက်မြို့မှာ ရွေးကောက်ပါတယ်။ တရားသူကြီးအရွေး ခံရဖို့အတွက် အစည်းအဝေးတက်သူအားလုံးရဲ့ မဲသုံးပုံနှစ်ပုံရဖို့ လိုပါတယ်။ တရားသူကြီး ၂၁ ယောက် ထဲက ခုံရုံးဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌကို လျှို့ဝှက်မဲနဲ့ သုံးနှစ်သက်တမ်းအတွက် ရွေးကောက်ပါတယ်။
    အမှုတခု တင်လာရင်တော့ တရားပြိုင် နိုင်ငံ တွေဟာ တရားသူကြီး ၂၁ ယောက်ထဲ ကိုယ့်နိုင်ငံကမပါရင် ad hoc အရေးပေါ် ဆွဲခန့်တရားသူကြီးတယောက်စီ အဆိုပြုတင်သွင်းခွင့် ရှိပါတယ်။ ဒီတရားသူကြီးဟာ မူလတရားသူကြီး ၂၁ ယောက်နဲ့ တန်းတူ ဆောင်ရွက်ခွင့်ရှိပါတယ်။ ၁၉၉၆ ခုကနေ ကနေ့ထိ ပင်လယ်ပြင်ခုံရုံးဟာ အမှုပေါင်း ၁၉ မှုကို လက်ခံရရှိခဲ့၊ ၁၇ မှုကို စစ်ဆေးဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်အမှုက အမှုအမှတ် ၁၆ ဖြစ်ပါတယ်။ ပင်လယ်ပြင်ဥပဒေ အငြင်းပွားမှုတွေကို ဒီပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးအပြင် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကလဲ ကိုင်တွယ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ပြင်ခုံရုံးက စီရင်ချက်ဟာ အပြီးအပြတ်ဖြစ်ပြီး မလိုက်နာမနေရ ဖြစ်ပါ တယ်။ အယူခံခွင့်မရှိပါ။
    လက်ရှိတရားသူကြီး ၂၁ ဦးကတော့ … အာရှတိုက်က ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုးရီးယား၊ လက်ဘနွန်၊ အာဖရိကတိုက်က တောင်အာဖရိက၊ ဆီနီဂေါ၊ တန်ဇန်းနီးယား၊ ကိပ်ဗာ့ဒ်၊ အယ်လ်ဂျီးရီးယား၊ အနောက်ဥရောပနဲ့ မြောက်အမေရိကတိုက်က ဂျာမဏီ၊ ပြင်သစ်၊ သြစတြီးယား၊ မောလ်တာ အရှေ့ဥရောပက ပိုလန်၊ ရုရှား၊ ယူကရိန်း၊ တောင်နဲ့အလယ်အမေရိကတိုက်က ဘရာဇီး၊ ဂရီနေဒါ၊ ထရီနီးဒက်နှင့်တိုဘာဂို၊ အာဂျင်တီးနား တို့ဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်အမှုမှာ အရေးပေါ်ဆွဲခန့် တရားသူကြီးတွေအဖြစ် မြန်မာနိုင်ငံက အမေရိကန်တရားသူကြီး မစ္စတာ ဘားနာ့ဒ်အော့က်စ်မင်း၊ ဘင်္ဂလားဒေ့ရှ်က ဂါနာတရားသူကြီး မစ္စတာသောမတ်စ်မင်ဆာကို တင်သွင်းခဲ့လို့ အားလုံးပေါင်း တရားသူကြီး ၂၃ ယောက်ဖြစ်သွားပါတယ်။ ဒီ ဆွဲခန့်တရားသူကြီးတွေကို တရားပြိုင်နိုင်ငံတွေက လစာပေးရသလား မပေးရလား မသိပါ။ ၂၀၁၂-၂၀၁၅ အတွက် ဂျပန်တရားသူကြီးက ခုံရုံးဥက္ကဋ္ဌဖြစ်ပြီး တောင်အာဖရိကတရားသူကြီးက ဒုဥက္ကဋ္ဌ ဖြစ်ပါတယ်။ ၂၀၀၈-၂၀၁၁ အတွက် ခုံရုံးဥက္ကဋ္ဌက ကိပ်ဗာ့ဒ်၊ ဒုဥက္ကဋ္ဌက သြစတြီးယားက ဖြစ်ပါတယ်။ တရားသူကြီးအားလုံးဟာ ဥပဒေဘွဲ့ ၂ ခု ၃ ခုရထားတဲ့ ထိပ်တန်းဥပဒေပညာရှင် professional တွေဖြစ်ကြပါတယ်။
    XXX ဒီနောက်မှာတော့ အားလုံးသိတဲ့အတိုင်း ၂၀၁၂ ခု မတ်လ ၁၄ ရက်မှာ စီရင်ချက် ချခဲ့ပါတော့တယ်။ ခုံရုံးဟာ အချက် ၆ ချက်ကို စီရင်ဆုံးဖြတ်ခဲ့ပါတယ်။ ပထမသုံးချက်က ခုံရုံးရဲ့စီရင်ပိုင်ခွင့်တွေကို ဆုံးဖြတ်တာဖြစ်ပါတယ်။ စတုတ္ထအချက်က စိန့်မာတင်ကျွန်း တဝိုက်ကရေပြင် နယ်နိမိတ်သတ်မှတ်ချက်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တရားသူ ကြီး ၂၁ ယောက်၊ မြန်မာဘက်က တရားသူကြီး ၁ ယောက် (ထရီနီးဒက်နှင့် တိုဘာဂိုနိုင်ငံ) မဲပေးပါတယ်။ စိန့်မာတင် ကျွန်းရေပြင်ကို တဝက်ခွဲယူဖို့ မြန်မာ့ကြိုးပမ်းချက် ပယ်ချခံရပါတယ်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ တောင်အာဖရိက အပြင် မြန်မာကတင်ထားတဲ့ ဆွဲခန့် အမေရိကန်တရားသူကြီးကပါ ဘင်္ဂလားဒေ့ရှ်ဘက်က မဲပေးခဲ့ပါတယ်။ ပဉ္စမအချက်က စိန့်မာတင်ကျွန်းအလွန်ကနေ မိုင် ၂၀၀ အထိ သီးသန့်စီးပွားရေးဇုံ ပင်လယ်ပြင်ပိုင်နက်ကို ဆုံးဖြတ်တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ၂၁ မဲ၊ မြန်မာဘက်က ၁ မဲ (ထရီနီးဒက်နှင့်တိုဘာဂို) ရပါတယ်။ ဆဋ္ဌမအချက်ကတော့ သီးသန့်စီးပွားရေးဇုံ မိုင် ၂၀၀ အလွန်နယ်နိမိတ် သတ်မှတ်ရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ၁၉ မဲ၊ မြန်မာဘက်က ၃ မဲ (ဆီနီဂဲလ်၊ ထရီနီးဒက်နှင့်တိုဘာဂို၊ တရုတ်) ရပါတယ်။     ဒါဟာ ပင်လယ်ပြင်ဥပဒေသမိုင်းမှာ ပထမ ဆုံးစီရင်ချက် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအဆိုအရ သူတို့ဟာ ရေပိုင်နက် ၁၀၇,၀၀၀ စတုရန်းကီလိုမီတာ တောင်းတာကို ခုံရုံးက ၁၁၁,၀၀၀ စတုရန်းကီလိုမီတာ ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သီးသန့်စီးပွားရေးဇုံ မိုင် ၁၃၀ အစား မိုင် ၂၀၀ အပြည့်ရသွားပါတယ်။ မိုင် ၂၀၀ အလွန် ကမ်းဦးရေတိမ်ပိုင်းကိုလည်း လုပ်စားခွင့်ရသွားပါတယ်။ စီရင်ချက် စတုတ္ထပိုဒ်ပါနေရာဟာ ၂၀၀၈ ခုနှစ်ကုန်ပိုင်းတုန်းက နှစ်ဖက်ရေတပ်တွေ အဓိကစားခွက်လု ရန်စောင်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။ အခုစီရင်ချက် စတုတ္ထပိုဒ်အရ အဲဒီနှစ်နိုင်ငံ ရေပိုင်နက်ကိစ္စရန်ပွဲမှာ မြန်မာနိုင်ငံဟာ တရားခံအဖြစ် အပြစ်ပေးခံရတဲ့အဓိပ္ပာယ် ဖြစ်သွားပါတယ်။ နာဂစ်မုန်တိုင်းလို ဆိုးဝါးတဲ့ ဘင်္ဂလားပင်လယ်အော်က ထိုးနှက်ချက် ဖြစ်သွားပါတယ်။
    XXX ရခိုင်ပင်လယ်ပြင် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အနောက်ဖက်ပင်လယ်ပြင်ကို အဲသလို အမဲဖျက်ခဲ့ကြပါတယ်။
 

By ဂါမဏိ
ရည်ညွှန်း http://www.itlos.org/index.php?id=2&L=0 

Friday 9 March 2012

မူရင်းပို့စ်ကို ပြန်ရှာကြည့်တာ မတွေ့ရတောဘူး။ (မှတ်စု-ဗဟုသုတ)

    မြန်မာပြည်၏ အင်တာနက်လိုင်းအားလုံး၏ အဆုံးသတ်တွင် ဟံသာဝတီ Gateway တည်ရှိနေပါသည်။ ထို ဟံသာဝတီ Gateway သည် SEA-ME-WE3 အမည်ရှိသော Backbone ဖြင့် ချိတ်ဆတ်ထားသည်။ ထို့ပြင် ကုန်းတွင်းပိုင်း ချိတ်ဆတ်မှုအနေဖြင့် မဲခေါင်ဖိုက်ဘာဆက်ကြောင်းသို့ တရုတ်နှင့် ထိုင်းနိုင်ငံမှတစ်ဆင့် ချိတ်ဆတ်ထားသည်။
    ပုံ (၁) ကိုကြည့်ပါ။ ပုံ (၁) မြန်မာ့ဆက်သွယ်ရေးဌာန၏ နိုင်ငံတကာ Backbone ဆက်ကြောင်းပြပုံ ကုန်းတွင်းပိုင်း ချိတ်ဆက်မှုအနေဖြင့် မဲခေါင်ဆက်ကြောင်းသို့ ပုံ (၂)အတိုင်း ဆက်သွယ်ထားပါသည်။
    ပုံ (၂) မဲခေါင်ဆက်ကြောင်းပြ မြေပုံ မြန်မာပြည်တွင်းရှိ မြို့များအချင်းချင်းကိုလည်း ဖိုက်ဘာဆက်ကြောင်းများဖြင့် ဆက်သွယ်ထားရာ ဖိုက်ဘာဆက်ကြောင်း၏ အရှည်မှာ စုစုပေါင်း မိုင်အားဖြင့် မိုင်ရှစ်ထောင်ကျော် ရှည်လျားပါသည်။
    ပုံ (၃) တပ်ဆင်ပြီးသွားသော ဖိုက်ဘာဆက်ကြောင်းများ အင်တာနက်မြန်နှုန်း ပိုမိုမြင့်မားလာစေရန်အတွက် လက်ရှိ ရှိပြီးသား Main ISP များအပြင် မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ မုံရွာ၊ မကွေး၊ မြိတ် အစရှိသော မြို့များတွင် Sub-ISP များ ထားရှိပြီး ဆောင်ရွက်သွားရန် အစီအစဉ် ချမှတ်ထားပါသည်။
    ပုံ (၄) Sub ISP လျာထားဒေသကြီးများ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက် စုစုပေါင်း Bandwith ပမာဏသည် လက်ရှိအချိန်တွင် 3.145 Gbps ထိသာ ရရှိနေပါသည်။ ၂၀၁၀ခုနှစ် မတ်လအထိတွင် 1.285 Gbps ထိသာ ရှိခဲ့သည်။
    ပုံ(၅)ဟံသာဝတီ Gateway ၏ Bandwith ပမာဏ နောင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် အာရှ-ဥရောပ ရေအောက်လိုင်းဖြစ်သည့် SEA-ME-WE-4 ဖိုက်ဘာဆက်ကြောင်းဖြင့် ချိတ်ဆက်သွားရန် အစီအစဉ်ရှိသည်ဟု သိရပါသည်။
    ISP စနစ်များ ၂၀၀၄ ခုနှစ်မှ ၂၀၁၀ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံတွင် ISP(Internet Service Provider) နှစ်ခုရှိခဲ့ပါသည်။ တစ်ခုမှာ မြန်မာ့ဆက်သွယ်ရေးဌာန ISP ဖြစ်သော Myanmar Teleport (MTP) နှင့် နောက်တစ်ခုမှာ ရတနာပုံ ISP (YTP) တို့ ဖြစ်ပါသည်။ ယခင်ကရှိခဲ့သော Bagan Cyber Tech ပိုင် ISP ကို Myanmar Teleport က လက်လွှဲယူခဲ့သည်။
    ပုံ (၆) မြန်မာပြည် ISP များ၏ ကွန်ယက်ဖွဲ့စည်းပုံ (၂၀၀၄ ခုနှစ်မှ ၂၀၁၀ခုနှစ် အောက်တိုဘာလအထိ) အထက်ပါ ချိတ်ဆက်မှုအရ ပြည်သူပြည်သားများသည် အစိုးရပိုင်းနှင့် စစ်ဘက်ဆိုင်ရာများနှင့်အတူ ခွဲဝေသုံးစွဲရသောကြောင့် Internet အမြန်နှုန်း နှေးကွေးခဲ့ရပါသည်။ ISP စနစ်သစ် ISP ချိတ်ဆက်မှုအသစ်တွင် အဓိက ISP နှစ်ခု ခွဲထုတ်ထားပါသည်။ MOD ISP နှင့် MPT ISP တို့ဖြစ်သည်။
    ပုံ (၇) ကိုကြည့်ပါ။ ပံ (၇) မြန်မာပြည် ISP များ၏ ကွန်ယက်ဖွဲ့စည်းပုံ (လက်ရှိ) စစ်ဘက်ဆိုင်ရာသုံးစွဲမှုများသည် ပြည်သူပြည်သားများနှင့် ရောထွေးမှုမရှိတော့ဘဲ MOD ISP မှ ဖြတ်သန်းသွားပါသည်။ MPT ISP လက်အောက်တွင် Sub ISP အဖြစ် Yatanarpon Teleport ISP နှင့် Naypyitaw ISP တို့ကို ထားရှိထားပါသည်။ နေပြည်တော် ISP ကိုမူ အစိုးရသုံးအဖြစ် သတ်မှတ်ထားပြီး ပြည်သူပြည်သားများ သုံးစွဲမှုအားလုံးသည် ရတနာပုံ ISP မှတစ်ဆင့် ဖြတ်သန်းသွားမည် ဖြစ်ပါသည်။
    စနစ်သစ်အရ စစ်ဘက်ဆိုင်ရာသုံးစွဲမှုများနှင့် ပြည်သူပြည်သားများ သုံးစွဲမှုများ ရောထွေးမှု မရှိတော့သောကြောင့် Gateway နှင့် ISP များတွင် ၀န်ပိမှုလျော့ကျသွားမည် ဖြစ်ပြီး Sub ISP မှ Main ISP, Main ISP မှ Gateway သို့ ဖြတ်သန်းသောကြောင့် Bandwith ပိုမိုရရှိလာမည်ဖြစ်ပြီး အင်တာနက်အမြန်နှုန်း မြင့်တက်လာမည်ဖြစ်ပါသည်။ သို့သော် မြန်မာပြည်သူပြည်သားများအတွက် ယခင်ထက်ပိုမိုများလာသော ISP များကို အဆင့်ဆင့် ဖြတ်သန်းသွားရမည်ဖြစ်သည်။
    ပုံ (၈) မြန်မာပြည် ISP များသို့ အဆင့်ဆင့်ဖြတ်သန်းသွားပုံ (လက်ရှိ) ၂၀၁၀ခုနှစ် အောက်တိုဘာလမှ စတင်သုံးစွဲခဲ့သည့် စနစ်သစ်သည် စစ်ဖက်၊ အရပ်ဖက်နှင့် အစိုးရ၀န်ထမ်း ဟူ၍ အုပ်စုသုံးစု ခွဲခြားလိုက်ခြင်း ဖြစ်သည်။ တစ်တိုင်းပြည်လုံးရှိ ပြည်သူများသည် ရတနာပုံ ISP ကိုသာ အားထားသုံးစွဲရမည်ဖြစ်သောကြောင့် ရတနာပုံ ISP သည် စစ်ဘက်နှင့် အစိုးရ၀န်ထမ်းသုံး ISP များထက် များစွာ ၀န်ပိသွားမည်ဖြစ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံအတွက် လောလောဆယ် ရရှိထားသော 3.145 Gbps ကို ISP သုံးခုက ညီတူညီမျှ ခွဲဝေသုံးစွဲရသည်ဆိုပါက ISP တစ်ခုချင်းစီအတွက် ပျှမ်းမျှရရှိမည့် Bandwidth မှာ 1.048 Gbps သာ ရရှိမည်ဖြစ်သည်။ နိဂုံး စစ်တမ်းကောက်ယူမှုများအရ မြန်မာပြည်သည် လူတစ်ထောင်လျှင် တစ်ဦးနှုန်း အင်တာနက်သုံးစွဲသည်ဟု ဆိုထားပါသည်။ ထို့ကြောင့် လူဦးရေသန်းခြောက်ဆယ်ဆိုပါက အင်တာနက်သုံးစွဲသူဦးရေ ခြောက်သောင်းခန့်ရှိမည်ဟု အကြမ်းဖြင်းအားဖြင့် ယူဆနိုင်ပါသည်။ လက်တွေ့တွင် ထိုပမာဏထက် မြောက်မြားစွာ ပိုနိုင်ပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အင်တာနက်သုံးစွဲသူဦးရေ ၁၈.၃ သန်းကျော်ရှိနေပြီး ထိုသုံးစွဲမှုပမာဏအတွက် 104.28 Gbps ရှိသော Bandwidth သုံးစွဲနေပြီ ဖြစ်ပါသည်။
    တစ်နည်းအားဖြင့် တစ်ဦးချင်းစီလျှင် 6.07 Mbps နှုန်းထားဖြင့် သုံးစွဲနေပြီ ဖြစ်ပါသည်။ မြန်မာပြည်သူတစ်ယောက်အတွက်မူ မိမိ ISP ၏ Bandwidth မှာ 1.048 Gbps သာရှိသောကြောင့် သုံးစွဲသူဦးရေ ၆၀၀၀၀ ကျော်ဖြင့် တွက်ပါက လူအားလုံး တစ်ပြိုင်နက်တည်း အသုံးပြုလျှင် တစ်ဦးလျှင် ရရှိမည့် Bandwidth မှာ 0.017 Mbps သာ ရရှိနေပါသည်။ ထို့ကြောင့် မြန်မာပြည်၏ အင်တာနက်အမြန်နှုန်း မြင့်မားစေရန်တွက် တစ်ခုတည်းသော ဖြေရှင်းနည်းမှာ နိုင်ငံ၏ Bandwidth ကို ချဲ့ရုံမှတစ်ပါး အခြားမရှိပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။

http://www.myanmaritmen.org/articles/internet/myanmar-internet-network-map.html 

Saturday 25 February 2012

“အဟဲ ! မြန်မာ့ဂုဏ်ဆောင်ဝန်ကြီးများ?”

“အဆောက်အဦးထဲ ငွေ(၁)ဆ ဦးတင့်ဆန်းအိတ်ထဲ ငွေ(၂) မြန်မာ့ဂုဏ်ဆောင် ပြည်သူ့လွှတ်တော်အဆောက်အဦး”

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်းသည် နိုင်ငံတော်ငွေကြေးအမြောက်အများကို ပညာသားပါပါ လိမ်လည်ယူထားသူ ဖြစ်သည်။ ပြည့်သူ့လွှတ်တော်အဆောက်အဦးသည် အမှန်တကယ် ကုန်ကျငွေ၏(၂)ဆကျော်ခန့် ကုန်ကျကြောင်း နေပြည်တော်တွင်ဆောက်လုပ်နေသော ဆောက်လုပ်ရေးလုပ်ငန်း၇ှင် အသိုင်းအ၀န်းအားလုံးမှ သိရှိပြီးဖြစ်သည်။ ၄င်းလိမ်လည်မှု ဥပမာတစ်ခုပြောရလျှင် ပြည်သူ့လွှတ်တော်အား အမြန်ပြီးချင်၍ ငွေကြေးရင်းခြင်းကို ၁၅ရက်တစ်ကြိမ် ရှင်းပေးသည်။


အားကစားဝန်ကြီးဦးတင့်ဆန်း
ထိုစဉ်က တပ်ချုပ်ကြီးဗိုလ်ချုပ်မှုးကြီးသန်းရွှေမှာ တစ်လတစ်ခါလာရောက်၍ ပြည်သူ့လွှတ်တော်အဆောက်အဦးကို စစ်ဆေးသည်။ အတွင်းရေးမှုး(၁)သီဟသူရဦးတင်အောင်မြင့်သည် နေ့စဉ် တစ်နေ့လျှင်တစ်ခါလာ၍ စစ်ဆေးသည်။ လုပ်ငန်းအချိန်မီပြီးစီးရေးအတွက် ငွေကြေးကန့်သတ်ချက်မထားဘဲ (၁၅)ရက်တစ်ခါ ငွေရှင်းပေးသည်။

၎င်းထံ လာရောက်လုပ်ကိုင်သည့် Subကန်ထရိုက်တာများနှင့် ပစ္စည်းပေးသွင်းသူများသည် Billတင်သည့်အခါ (၃)ဆခန့်မြှင့်တင်၍ ဘောက်ချာဖွင့်ပေးရသည်။ Subကန်ထရိုက်တာများနှင့် ပစ္စည်းပေးသွင်းသူများသည် ဘောက်ချာ(၃)ဆခန့် မြှင့်တင်ပေးရသော်လည်း မူလပေါက်ဈေးအတိုင်းသာရ၇ှိပြီး ပိုငွေ(၂)ဆကို ဦးတင့်ဆန်းမှရ၇ှိသည်။ ဥပမာ V-Pile Co.,Ltdမှ 6“ Pileတစ်ချောင်းအတွက် တစ်ပေလျှင် 3.5$သာရ၇ှိသော်လည်း ဘောက်ချာတွင် 10.5$ တင်ရေးပေးရသည်။ ပိုငွေ7$tအား ဦးတင့်ဆန်းမှရ၇ှိသည်။

ဦးတင့်ဆန်းသည် ပစ္စည်းဖိုးပေါ်မှ အသားတင်အမြတ် နှစ်ဆရရှိသည်။ ၄င်း၏ အဆောက်အဦးကြီးကြပ်ခ (Supervision Fees)သည် စုစုပေါင်းကုန်ကျစရိတ်၏ 10%နှင့် မမျှော်မှန်းနိုင်သော Contingencyအတွက် 5% ရ၇ှိပါသည်။ နေပြည်တော်ကောင်စီ အထူးစီမံကိန်းများစစ်ဆေးရေးအဖွဲ့မှ ဦးတင့်ဆန်းသည် ကျပ်သိန်းပေါင်း၃သိန်းကျော အပိုထုတ်ယူထားကြောင်း၊ ပစ္စည်းဖိုးဘောက်ချာများ၌ ဈေးတင်ထားကြောင်း စစ်ဆေးတွေ့ရှိသော်လည်း ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်နေသဖြင့် ဆက်လက်မတင်ပြဘဲထားသည်။

 ပြည်သူ့လွှတ်တော်ဥက္ကဌဦးရွှေမန်းမှလည်း ဦးတင့်ဆန်း၏ လုပ်ရပ်များကို အနည်းငယ်သာသိရှိသော်လည်း ဒေါသဖြစ်လျှက်ရှိသည်။ ၄င်း၏ ACE CONSTRUCTION COMPANYအား နေပြည်တော်ဆောက်လုပ်ရေးလောကတွင် မမြင်ချင်ကြောင်း ထုတ်ပြောသည့်အဆင့်အထိ ဖြစ်လာသည်။

လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း
ယခု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဖြစ်သည့်အခါ နိုင်ငံခြားမှ ဟိုတယ်လုပ်ငန်းရင်းနှီးမြှုပ်နှံမည့် ပြည်ပလုပ်ငန်းရှင်များနှင့် ဆွေးနွေးသည့်အခါတွင် ဟိုတယ်မြေနေရာပေးမည်၊ ၄င်း၏ ACE CONSTRUCTION COMPANY ဆောက်လုပ်ရန် ပြောကြားပါသည်။ ၀န်ကြီးအရှိန်အ၀ါသုံး၍ ၄င်းလုပ်ငန်း၇ှင်များအား မိမိတို့၏စိတ်ကြိုက်ကုမ္ပဏီများကို ရွေးချယ်ခွင့်မရှိ ဖြစ်နေပါသည်။ ဦးတင့်ဆန်း၏ အတ္တကြီးမှုကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။


၎င်းသည် တစ်ချိန်က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ပြီး ဦးသန့်အရေးအခင်းတွင်ပါဝင်၍ အဖမ်းခံခဲ့ရဖူးသည်။ အတိတ်မှ ၄င်း၏ နိုင်ငံရေးလှုပ်ရှားမှုများကို ကျွန်မမှ ထောက်ခံခဲ့ဖူးပါသည်။

ပြည်သူ့လွှတ်တော်ဆောက်လုပ်ရေးလုပ်ငန်းအား ဦးတင့်ဆန်းမှတင်ထားသည့် ဘောက်ချာအားလုံးကို အထူးစစ်ဆေးရေးဖွဲ့စည်း၍ ၄င်းတင်ထားသည့်ဘောက်ချာဈေးနှုံးများနှင့် ၄င်းလုပ်ကိုင်ခဲ့သည့်အချိန်မှ ပစ္စည်းနှင့် အမှန်တကယ်ပြင်ပပေါက်ဈေးတို့ကို နှိုင်းယှဉ်စစ်ဆေး အရေးယူသင့်သည်။ ပြည်ပတိုင်းပြည်များတွင် ဦးတင့်ဆန်းဝယ်ယူထားသည့် ပိုင်ဆိုင်မှုများမှာ အထူးပင်များပြားလှပါသည်။


၎င်းကိစ္စရပ်များအားလုံးကို ပြည်သူလူထုမှစ၍ နိုင်ငံတော်သမ္မတကြီးအထိသိ၇ှိရန် Mediaများမှ ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံအပ်ပါသည်။


လေးစားစွာဖြင့် 
မလွင်သန္တာစိုး
(ရန်ကုန်စက်မှုတက္ကသိုလ်)

http://www.thithtoolwin.com/2012/02/blog-post_6859.html မှ ကော်ပီကူးယူထားပါသည်။
Palenat

Friday 24 February 2012

“စတုတ္ထမဏ္ဍိုင် နှင့် ဆရာအော်ပီကျယ်”

ဆရာအော်ပီကျယ်၏ ဆွေးနွေးချက်
ပြည်သူ့ခေတ်ဂျာနယ် တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ
၂၀၁၁ ဇူလိုင် ၂၀ရက်၊ နေ့လည် ၁နာရီမှ ၄နာရီ၊ Central Hotel
The Fourth Estate Symposium တွင်အော်ပီကျယ်၏ ဆွေးနွေးချက်