Wednesday, 3 October 2012

* * * ABSDF ပါဂျောင်(၃၈)ဦး သတ်ဖြတ်မှုသည် နိုင်ငံတကာရာဇဝတ်မှုသာ ဖြစ်သည်။

        ဆိုတဲ့ခေါင်းစဉ်နဲ.ဆောင်းပါးတပုဒ်ကို ၂-၁၀-၂၀၁၂ ရက်ထုတ် NEWS WATCH WEEKLY ဂျာနယ်အတွဲ (ရ)၊ အမှတ်(၆၅) မှာရေးသားထားပါတယ်။ ဆောင်းပါးရှင်ကတော့ မောင်ဌေးဦး(စိန်ဂျွန်း)ဆိုသူ ဖြစ်ပါတယ်။
    မတရားလူမဆန်စွာ ညှင်းပန်းသတ်ဖြတ်ခံရသူများအတွက် တရားလမ်းကြောင်းမ လွဲမှားသွား၍ အမှန်တရားများ၊ တရားမျှတမှုများ၊ အပြည့်အဝခံစားခွင့် မရမည်ကို စိုးရိမ်ကြောင့်ကျမိသဖြင့် ဤဆောင်းပါးကို ရေးသားရခြင်းဖြစ်ကြောင်း အစချီကာ လူမျိုးတုန်းသတ်ဖြတ်မှု (Genocide)၊ လူသားမျိုးနွယ်အား ဆန့်ကျင်ကျုးလွန်မှု (Crime against humanity) နှင့် စစ်ရာဇဝတ်မှု (War Crime) တို့သည် နိုင်ငံတကာရာဇဝတ်မှုကြီးများ ဖြစ်ကြောင်း၊ ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များနှင့်အတူ နုရင်ဘတ်အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်ခုံရုံးမှ အဓိပ္ပါယ်ဖွင့်ဆိုထားသော စစ်ဖြစ်ပွါးနေချိန် (သို့)ြ  ငိမ်းချမ်းချိန်တွင် ကျုးလွန်သော လူသားမျိုးနွယ်အား ဆန့်ကျင်သောရာဇဝတ်မှုများသည် ပြစ်မှုကျုးလွန်ရာ နိုင်ငံဥပဒေတွင် အဆိုပါပြစ်မှုများကို ပြဌာန်းမထားလျှင်လည်း ဤနိုင်ငံတကာဥပဒေနှင့် သက်ဆိုင်ကြောင်း ဖော်ပြထားသည် ဟု ဆိုပြီး လူပေါင်းတရာကျော်ကို စစ်ထောက်လှမ်းရေးဟု စွတ်စွဲဖမ်းဆီးကာ ၃၈ ဦးကို အပြင်းအထန် ညှင်းပန်းနှိပ်စက်၍ လူသားမဆန်ရက်စက်စွာ သတ်ဖြတ်ခဲ့မှုသည် သာမန်လူသတ်မှုအမျိုးအစား မဟုတ်ကြောင်း ထင်ရှားသည်။
    အပြည်ပြည်ဆိုင်ရာ စစ်ရာဇဝတ်မှုဖြင့် တရားစွဲလိုပါက စွဲဆိုနိုင်ခွင့်ရှိသူများမှာ နိုင်ငံတော်အစိုးရမှလည်းကောင်း၊ လုံခြုံရေးကောင်စီမှလည်းကောင်း၊ ကုလအထွေထွေအတွင်းရေးမှုး၏ တင်ပြချက်အပေါ် လုံခြုံရေးကောင်စီ၏ ထောက်ခံချက်ဖြင့်လည်းကောင်း တရားစွဲဆိုနိုင်သည်။ ထိုကြောင့် ပါဂျောင်စခန်းတွင် ကျောင်းသားကျောင်းသူပေါင်း တရာကျော်ကို စစ်ထောက်လှမ်းရေးဟု စွတ်စွဲဖမ်းဆီးကာ ၃၈ ဦးကို အပြင်းအထန် ညှင်းပန်းနှိပ်စက်၍ လူသားမဆန်ရက်စက်စွာ သတ်ဖြတ်ခဲ့မှုသည် လူသားမျိုးနွယ်အား ဆန့်ကျင်သောရာဇဝတ်မှု (Crime against humanity)ဖြစ်သည်ဟု သူယုံကြည်ကြောင်းနှင့် မြန်မာတရားသူကြီးများပါဝင်သော အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးတွင် အပြည်ပြည်တဆိုင်ရာ တရားဥပဒေစံနှုန်းများနှင့်အညီ ကြားနာစစ်ဆေးမှုပြုနိုင်မှသာ စွပ်စွဲခံရသူများရော၊ နစ်နာဆုံးရှုံးခဲ့ရသူများအတွက်ပါ တရားမျှတမှုကို ခံစားရမှာဖြစ်ကြောင်း၊ ထိုကြောင့် နစ်နာသူမိသားစုဝင်များ၊လွတ်မြောက်လာသော ကျောင်းသားဟောင်းများအနေနှင့် ကော်မရှင်ဖွဲ့ စုံစမ်းစစ်ဆေးရန် တောင်းဆိုနေမှုထက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်မှုခုံရုံးတခု မြန်မာနိုင်ငံတွင် လာရောင်ဖွင့်လှစ်၍ အမှုကို ကြားနားစစ်ဆေးပေးပါရန် နိုင်ငံတော်သမ္မတကြီးအား၎င်း၊ ကုလ အတွင်းရေးမှုးချုပ် မစ္စတာဘန်ကီမွန်းထံသို့၎င်း၊ ကုလ လုံခြုံရေးကောင်စီဥက္ကဌ ထံ လိပ်မူ၍ တောင်းဆိုခြင်းက တရားနည်းလမ်းမှန်ကန်လိမ့်မည် ဟု ယူဆကြောင်း၊ မတရားပြုကျင့်ခံခဲ့ရသူများအတွက် တရားမျှတမှုနှင့် အမှန်တရားပေါ်ပေါက်စေခြင်းအကျိုးငှာ ရေးသားထားကြောင်း - ဟု ရေးသားဖော်ပြထားပါသည်။

                                   -----------------------------------
    အထက်ပါ ဖော်ပြချက်နှင့်ပတ်သတ်၍ စိတ်ကြိုက်အကြံပြုချက်တစ်ခုကို အားတက်သရော (အားတက်ဖွယ်) တွေ့ရှိရသောငေ့် Blogထားပါသည်။
                                   -----------------------------------

* * *    ကျနော်လည်း အစောကြီးကတည်းက ဒါနိုင်ငံတကာဆိုင်ရာ ရာဇဝတ်မှုလို့ ပြောပါတယ်ဗျာ။
ဖြစ်မြောက်အောင် ပထမ ကိုယ့်ဘက်က ပြင်ဆင်ဖို့က ဒီအတွက် အေဘီ (မြောက်) ကျောင်းသားရဲဘော်များအား လူမဆန်စွာ ညှင်းပန်းနှိပ်စက်သတ်ဖြတ်မှု အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံးတင်ရေးအဖွဲ့ (သင့်တော်တဲ့ အခြားနာမည် ရွေးလိုက ရွေးပါ) ကို ဦးစွာဖွဲ့ပြီး လိုအပ်သလောက်

ကော်မီတီ (အလုပ်အုပ်စု) ဖွဲ့ပါ။ ကော်မီတီ အသီးသီးကို အောက်ပါလုပ်ငန်းတွေကို တာဝန်ခွဲပေးပါ။
    (၁) အချိန်စဉ်အတိုင်း ဖြစ်ပျက်ခဲ့တာတွေကို တန်းစီပြုစုပါ။
    (၂) အဲဒီဖြစ်ရပ်တွေရဲ့ သာဓက ဆောင်းပါးတွေ ပေးစာတွေကို ရွေးချယ်ပါ။
    (၃) သားသမီးများ ဆုံးရှုံးရုံမက အရှက်ကြီးစွာရခဲ့တဲ့ မိဘဆွေမျိုးများထံက တိုင်စာများ စုဆောင်းပါ။
    (၄) အဲဒါတွေအားလုံးကို အဖွဲ့တစ်ဖွဲ့ဖွဲ့ပြီး အင်္ဂလိပ်လို ဘာသာပြန်ပါ၊ (ပြင်သစ်လိုပါ ပြန်နိုင်ရင် ပိုကောင်းပါတယ်)
    (၅) မိမိဖက်မှ လိုက်ပါဆောင်ရွက်ပေးမည့် ပြည်တွင်းမှ ရှေ့နေ ရှာထားပါ။ အင်္ဂလိပ်လို ကျကျနနလျှောက်ထားနိုင်သူကို ဦးစားပေးပြီး ကျန်ရှေ့နေများကို အဖွဲ့ဝင်အဖြစ် ရံထားပါ။
    (၆) ကော်မီတီတစ်ခုကို ရံပုံငွေရှာခိုင်းပါ။

    အဆင်သင့်ဖြစ်ရင် ကျနော်ကူညီနိုင်မယ်ထင်တာက ကျနော် မဟာဝိဇ္ဇာတန်းတက်စဉ်က အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ကိုဖီအာနန်ရဲ့ ဥပဒေဆိုင်ရာ အကြံပေးလုပ်ခဲ့သူ ပါမောက္ခတစ်ယောက်ရဲ့အတန်းကို တက်ခဲ့ဖူးပါတယ်။

ဆီမက်စတာတစ်ခုပဲ ဆိုပေမယ့် ဆရာနဲ့ ဆက်ဆံရေးအတော်ကောင်းခဲ့ပါတယ်၊ အဲဒီဆရာ့ဆီက အကြံဉာဏ် တောင်းခံကြည့်ပေးပါ့မယ်။ ဘာပဲဖြစ်ဖြစ် ဒီအမှုမျိုးကို ကူညီမဲ့ ကမ္ဘာ့ရှေ့နေတွေ မနည်းမနောရှိမယ်လို့ ယုံကြည်ပါတယ်။
အဓိကက ကိုယ့်ဘက်က လုပ်စရာရှိတာတွေ လုပ်ထားဖို့ပါ။ ဒီကြားမှာ အားလုံးက တွင်တွင်ကျယ်ကျယ်လုပ်ရမယ့် အခြားတစ်ခုကတော့
ဒီအမှုရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ပြည်သူတွေ များများသိအောင် လုပ်ဖို့ပါပဲ။

* * *    အဓိကကတော့ (ကျနော့် အထင်ပေါ့ဗျာ) နန်းအောင်ထွေးကြည်၊ ကိုထိန်လင်း၊ ကိုညီညီ၊ ကိုကျော်ကြီး၊ ကိုစိုးလင်း၊ ကိုနေဝင်းအောင် စသဖြင့် အမှတ်တရ ဆောင်းပါးတွေ ရေးခဲ့ တင်ပြခဲ့သူတွေ အများကြီးပါ။ အဲဒါတွေ တူရာပေါင်း၊ မတူတာတွေ ရှေ့နောက်စီ၊ ပြီး

စာတန်းတစ်စောင်ပြုစုဖို့ လိုမယ်ထင်ပါတယ်။ အဲဒီစာတန်းအတွက် ပုံစံအကြမ်းလိုချင်ရင် ကျနော် အဆိုပြုပေးနိုင်ပါတယ်။ ဆမားညီညီ ထင်တယ်နော်၊ အင်္ဂလိပ်လို စာရေးကောင်းသူ။ အဲဒါ သူ့အနေနဲ့ တခြားသူတွေရဲ့စာကို ဘာသာပြန်မပေးနိုင်ရင်တောင် သူရေးတာတွေကို

အင်္ဂလိပ်လို အကုန်ပြန်ရေးခိုင်းပါ။ မြန်မာပြည်မှာ အင်္ဂလိပ်လို ကောင်းကောင်းဘာသာပြန်နိုင်သူရှာရင် ရပါတယ်။ အဲဒီမှာလဲ ဘာသာပြန်ဖို့ လူရှာနည်းကို ကျနော် အကြံပေးနိုင်ပါတယ် (ကျနော် ဂျပန်မှာ အင်္ဂလိပ်လို မပြောတတ်၊ မရေးတတ်ပဲ ဘာသာပြန်ကုမ္ဗဏီအသေးလေးထောင်ပြီး

ဘာသာပြန်စားတဲ့လူတွေနဲ့ ခဏအလုပ်လုပ်ဖူးလို့ ဘယ်လိုရွေးရတယ်ဆိုတာ ကျနော်ကောင်းကောင်း သိပါတယ်)။

    အဲဒီစာတန်းကို ဂူဂယ်ပေါ်မှာ၊ ဂူဂယ်စကော်လာပေါ်မှာ ဖြန့်တင်လိုက်ရင် နိုင်ငံတကာမျက်စေ့ထဲ ဝုန်းကနဲ ဒိုင်းကနဲ ဝင်သွားမယ်။ သြော်၊ အပေါ်မှာ ပြောခဲ့တဲ့ ဘာသာပြန်တွေကိုတော့ ထိုက်သင့်တဲ့ အခကြေးငွေပေးပြီး ခိုင်းတာကောင်းပါတယ်။ ဒီအတွက် စောစောကတည်းက ရံပုံငွေထူထောင်ထားသင့်တယ်လို့ ပြောတာပါ။ အသေအချာ ကော်မီတီနဲ့ စာရင်းနဲ့ ပွင့်လင်းမြင်သာဖြစ်အောင် လုပ်ထားရင် ငွေအလွဲသုံးစားမှုကို တားနိုင်ပါတယ်။
    နောက်ပြီးတော့ ခုနစာတန်းကို ကမ္ဘာ့အစိုးရဌာနအသီးသီးကို အွန်လိုင်းကနေ ပို့နိုင်တယ်၊ တက္ကသိုလ်ပေါင်းစုံကိုလည်း ပို့နိုင်တယ်။ အဲဒီကနေ လိုအပ်တဲ့ အကူအညီတွေကိုလည်း လက်မလည်အောင်ရနိုင်တယ်လို့ ယုံကြည်ပါတယ်။
    အဲဒီအဖွဲ့မှာ အေဘီ (မြောက်) (တောင်)က ကာယကံရှင်တွေနဲ့ အမှန်တရားအတွက် တိုက်မဲ့သူတွေ ပါဝင်ပါစေ၊ အထူးသဖြင့် အင်္ဂလိပ်လို ကောင်းကောင်းကျွမ်းသူတွေ (အခု အမေရိကား၊ သြစီ စသဖြင့်) မှာ နေထိုင်နေသူတွေ ပါပါစေ၊ မနန်းအောင်ထွေးကြည်၊ မအေးအေးစိုးဝင်း၊ ကိုဆမားညီညီ၊ ကိုကျော်ကြီး စသဖြင့်ပေါ့ဗျာ၊ ကျနော် အကုန်လည်း မမှတ်မိပါဘူး။ ကျနော် ထည့်မရေးနိုင်သူတွေ အများကြီးနေမှာပါ။ ခွဲခြားတာ မဟုတ်ဘူးဆိုတာတော့ နားလည်ပေးပါ။ သင့်တော်သူတွေပါဖို့ သက်ဆိုင်သူတွေကပဲ အဓိကဆုံးဖြတ်ကြပါ။


အောင်မြင်ပါစေ -
                             By Nyunt Shwe

အလုပ်အကိုင်အခွင့်အလမ်း ပြဿနာ ကင်းဝေးရန်


    မြန်မာပြည်မှာ အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာ ရှိနေပါတယ်။ ရှားတယ်လို့လည်း ဆိုကြ ပြန်ပါတယ်။ စာဖတ်သူအချို့ အလုပ်ဝင် နေပြီထင်တယ်။ အချို့ လည်း အလုပ်ရှာနေ ဆဲ ဖြစ်မယ်ထင်တယ်။ သို့တည်း မဟုတ် အလုပ် တွေတစ်ခုပြီးတစ်ခု ဝင်လိုက်ထွက် လိုက် ဖြစ်နေသူများလည်း ရှိမယ် ထင်ပါတယ်။ ဒါဟာ မြန်မာပြည် မှာ တော်တော်ဖြစ်နေ တဲ့ ပြဿနာ တစ်ခု ဖြစ်ပါတယ်။

    လုပ်ငန်းရှင်များဘက်မှ ထွက်လာတဲ့ စကားက ဒီလိုပါ။ ဝန်ထမ်းတွေ အသုံးမကျဘူး။ လခတော့ ပိုယူချင်တယ်။ လုပ်သားဘက်က ထွက်လာတဲ့ စကားကလည်း တို့သူဌေး လူလည် ကျတယ်။ လခနည်းတယ်။ အစရှိသဖြင့် လုပ်ငန်းရှင်နဲ့ လုပ်သားကြား ကွန်းဖလင့်တွေ ဖြစ်နေပါတယ်။ အကျိုးဆက်ကတော့ မြန်မာပြည်မှာ အလုပ်လက်မဲ့ ဦးရေ မြင့်တက်စေခြင်း ဖြစ်ပါတယ်။ အလုပ်ရပြန်တော့လဲ နှစ်ဦးနှစ်ဖက် အဆင်မပြေမှု များကြောင့် လိုသလောက် ခရီးမရောက်ပဲ လုပ်ငန်းမတွင်ကျယ်၊ လုပ်သား အသုံးမကျ ဖြစ် ရပါတယ်။ ဒီတော့ လုပ်သားနဲ့ လုပ်ငန်းရှင်တို့ သိရှိရမယ့် အခြေခံအချက်တို့ ရှိလာပါတယ်။

လုပ်သား (ဝန်ထမ်း)
    စာဖတ်သူတို့ အလုပ်လျှောက်နေပြီလား။ အလုပ်ရရင်ပြီးရော အသိ၊ မိတ်ဆွေ သွင်းပေးလို့ သွားလိုက်တာမျိုးက ခပ်များများဖြစ်နေပါတယ်။ အချို့ ကျတော့လည်း ကိုယ်တိုင် အပင်ပန်း ခံသွားလျှောက်ပါတယ်။ ဘယ်လိုပဲ ဖြစ်ဖြစ် အလုပ်လျှောက်ပြီဆိုရင် အင်တာဗျူးဝင်ရပါမယ်။ အင်တာဗျူးဟာ လုပ်သားတစ်ဦးရဲ့  အရေးအကြီးဆုံး အစိတ်အပိုင်း ဖြစ်ပါ တယ်။ တော်တော် များများ အင်တာဗျူး မြင်ဖူးပါတယ်။ ဟုတ်ကဲ့။ အင်း၊ ဟုတ်၊ အဲ၊ ဟို အစရှိသဖြင့် ကိုယ့်ကိုယ် ယုံကြည်ချက်မရှိတဲ့ လေသံနဲ့ အင်တာဗျူးခံ ဝင်သူများရှိပါတယ်။ ဒါမျိုးလုံးဝ မလုပ်ပါနဲ့။ ကိုယ်က အလုပ်ရချင်လို့ လာတာမှန်ပါတယ်။ ကျွန်လုပ်ရန် လာတာမဟုတ်ပါ။ ကိုယ့်တတ် ထားတဲ့ ပညာကို သူ့ရဲ့  လုပ်ငန်းဆောင်တာမှာ ပြန်လည်အသုံးချခြင်းသာ ဖြစ်ပြီး မိမိ ပညာနဲ့ အလုပ်အား ငှားရမ်းလိုက်ခြင်း ဖြစ်ပါတယ်။ ဒီတော့ ငှားရမ်းသူဖက်က ရင်ကော့ခေါင်းမော့ နေနိုင်ပါတယ်။ အမူအရာကို မဆိုလိုပါ။ မိမိရဲ့ စိတ်ထဲမှာ ယုံကြည်မှု ရှိနေဖို့ ဖြစ်ပါတယ်။

    အင်တာဗျူးပြီဆိုပါစို့။ မေးသမျှကို အင်း၊ အဲ လုပ်ပြီးဖြေတာမျိုးမဟုတ်ပဲ သာမန်လူတစ်ဦးအား စကားပြောသလို ပြောဆိုနိုင်ပါတယ်။ အသက်ကြီးသူဆိုရင်တော့ ယဉ်ကျေးစွာနဲ့ေ တာ့ ပြောဆိုရပါမယ်။ အင်တာဗျူးသူကို ပြောခွင့် အများကြီး မပေးပါနဲ့။ သူမေးလိုက် တဲ့ မေးခွန်းတစ်ကြောင်းတိုင်းက ဟုတ်၊ အင်းတို့နဲ့ပဲ ဖြေနေရရင် ကိုယ့်ရဲ့  အင်ပရက်ရှင်ဟာ တော်တော်လေးကျနေပါပြီ။ မိမိလုပ်ခဲ့တာတွေကို တစ်ခုချင်းဆီ ဂုဏ်ယူ စွာ ပြောပြနိုင်ရပါမယ်။ မိမိလုပ်လိုတဲ့ ဆန္ဒ၊ ရှိနေတဲ့ အိုင်ဒီယာတို့ကို ထုတ်ဖော်ပြနိုင်ရမယ်။ အလုပ်စလုပ်ဖို့ အင်တာဗျူး ဝင်တာဆိုရင်လည်း မကြောက်မရွံ့  ဆွေးနွေးနိုင်ရမယ်။ အမှန်တော့ အလုပ်ဝင်ရန် အင်တာဗျူးဟာ စာမေးပွဲ စစ်တာမဟုတ်ပါဘူး။ အရိုးရှင်းဆုံး ဥပမာပေးရင်- မင်း မီးမွေးတတ်လား၊ ငါတို့မှာ ထင်းနဲ့ အသားတွေရှိတယ်။ မီးမွေးဖို့ လူမရှိဘူး လို့ မေးတဲ့သဘောဖြစ်ပြီး ဖြေဆိုသူကလည်း ဟုတ်ကဲ့ မီးမွေးတတ်ပါတယ်။ သို့ပေမယ့် ကောင်းကောင်းကြီး မမွေးတတ်ဘူး။ အရင်ကတော့ ဒီလိုမီးမွေးဖူးပါတယ်။ အစရှိသဖြင့် သူလိုအပ်နေတဲ့ ကဏ္ဍမှာ ကိုယ်က လုပ်နိုင်လား မနိုင် တိုင်ပင်ဆွေးနွေး ၊ မေးမြန်းခြင်းသာ ဖြစ်ပါတယ်။ အင်တာဗျူး ဝင်ဖြေသူ လူများလာတဲ့အတွက် အပြိုင်အဆိုင် သဘောသတ်မှတ်လို့ စာမေးပွဲတစ်ခုပမာ ဖြစ်လာရပါတယ်။

    အလုပ်ရသွားပြီဆိုပါစို့။ တကယ်စေတနာထားပြီး လုပ်ပါ။ ကိုယ်လုပ်တဲ့အလုပ်ကို အကောင်းဆုံး လုပ်ပါ။ သူခိုင်းလို့လုပ်ရတာ တာဝန်ပြီး ပြီးရော လုံးဝမလုပ်ပါနဲ့။ စေတနာ တစ်ခုချို့ ရင် ယင်းအလုပ် မအောင်မြင်နိုင် ပါဘူး။ ကိုယ့်ရဲ့ အိုင်ဒီယာများကို အလုပ်ထဲမှာ ပေါင်းစပ်ပါ။ ခိုင်းတာတွေပဲ လိုက်လုပ်တာမျိုး မလုပ်ပါနဲ့။ သူဒါခိုင်းလို့ ဒီလိုပဲလုပ်လိုက် တယ်ဆိုရင် ရိုးရိုးကြည့်တော့ကောင်းပေမယ့် စဉ်းစားကြည့်ရင် မကောင်းပါဘူး။ ဒီမှာ ကိုယ့်ရဲ့  ဦးနှောက်ကို ပြည့်ပြည့်ဝဝ အသုံးမချပါဘူး။ အိုင်ဒီယာလေးတွေပေါင်းပြီး သက်ဆိုင်ရာ စီနီယာ၊ သူဌေး အစရှိသဖြင့် တို့ကို အကြံဥာဏ်ပေးပါ။ ကိုယ်လုပ်ရတဲ့ ဘောင်လေးမှာတင် ဘယ်လိုအကောင်းဆုံးလုပ်ပြီး ချပြရင် အထက်လူကြီးတို့ ဘယ်လိုသဘောကျမယ်ဆိုတာကို သိထားရပါမယ်။ တကယ်လည်း ဖန်တီးနိုင်ရပါမယ်။ ဒီလိုဖန်တီးနိုင်မှုတွေ၊ အလုပ်ကြိုးစားမှုတွေကို ကြည့်ပြီးတော့ လုပ်ငန်းရှင်တို့က လခတိုးမြင့်ခြင်း၊ ရာထူးတိုးမြင့်ခြင်းတွေ လုပ်ပေးပါတယ်။ သို့ပေမယ့် ဆန္ဒမစောပါနဲ့။ ဒီအတွက် အချိန်ကာလတစ်ခု ကြာပါတယ်။ ခန့်မှန်းထားတာထက် ကြာပြီး ကိုယ့်အရည်အချင်းကို လုပ်ငန်းရှင်က အသိအမှတ်မပြုဘူးဆိုရင် စာဖတ်သူတို့ ဘာလုပ်သင့်တယ်ဆိုတာကို သိရှိမယ်ထင်ပါတယ်။

    ဒီအလုပ်ကို ဆက်လက်မတွဲပါနဲ့။ ကိုယ့်အတွက် တက်လမ်းမရှိပါဘူး။ အချို့ လုပ်ငန်းရှင် သူခိုင်းတာပဲလုပ်စေ ချင်ပါတယ်။ သူလိုချင်တာလေးပဲ ထုတ်သုံးပြီး ဝန်ထမ်းရဲ့  စွမ်းရည် ကို ဘောင်ခတ်ထားတတ်ပါတယ်။ ဒီလို ဘောင်ခတ်ထားတတ်တဲ့ သူဌေးမျိုး၊ လုပ်ငန်းရှင် မျိုးဆိုရင်တော့ ဆက်လက်မတွဲပါနဲ့။ ကိုယ်က တစ်သက်လုံး ဝန်ထမ်းလုပ် မယ့်သူမှမ မဟုတ်တာ။ ဘဝဆိုတာ ရှည်လျားပြီး ကြိုးစားဖို့ လမ်းက အမြဲပွင့်နေဖို့ လိုပါတယ်။ ဒီလို လမ်းပိတ်တတ်ရင်တော့ နောက်အလုပ် တစ်ခု ပြောင်း ဖို့လိုအပ်ပါတယ်။ ဒီတော့ အပြင်လောကနဲ့လည်း အဆက်အသွယ် မပြတ်ပါနဲ့။ ကိုယ်လုပ်နေတာနဲ သက်ဆိုင်တဲ့ နယ်ပယ်ကို အမြဲလေ့လာထားပါ။ အခြေအနေကို အမြဲတမ်း စောင့်ကြည့်ပါ။ ဒီထက်ပိုကောင်းတဲ့ အခွင့်အလမ်းတွေ တွေ့ရှိနိုင်ပါတယ်။

    သို့ပေမယ့် လုပ်ငန်းရှင်ကို ကျေးဇူးကန်းတာမျိုးတော့ မလုပ်ဖို့ လိုအပ်ပါတယ်။ ဒီမှာ အလုပ် လုပ်နေတယ်။ နောက်အလုပ်တစ်ခုက လစာကောင်းလို့ ပြောင်းပစ်လိုက်တယ် မလုပ်ပါနဲ့။ ငွေကိုချည်းကြည့်ပြီးတော့ ယခုလို တစ်ခုပြီးတစ်ခုပြောင်းခြင်းက ကိုယ့်အတွက် မကောင်းပါဘူး။ ခဏခဏ ခြံခုန်တတ်တဲ့ မြင်းကို ဘယ်သူမှ မမွေးရဲ တော့သလို၊ ခဏခဏ လစာကောင်းရာ ပြောင်းတတ်တဲ့ ဝန်ထမ်းကိုလည်း လုပ်ငန်းရှင်တို့ ကြောက်ပါတယ်။ ဒါကြောင့် အလုပ်စဝင်ကတည်းက ကိုယ်ရသင့်တဲ့လစာကို တစ်ခါတည်းညှိနှိုင်းဖို့ လိုအပ်ပါ တယ်။ ဒါကြောင့် အင်တာဗျူးမှာကတည်းက ကိုယ်ရသင့်တဲ့ လခကို တစ်ခါတည်း ပြောဖို့ လိုအပ်ပါတယ်။ ပိုလည်း မပြောပါနဲ့။ လျော့လည်း မပြောပါနဲ့။ အစမ်းခန့်ကာလအတွင်း ရသင့်တဲ့ လစာ၊ ပြီးရင် ရသင့်တဲ့ လစာ အားလုံးကို တစ်ခါတည်းတွက်ချက်ပြီး အင်တာဗျူးမှာ တစ်ခါတည်း ညှိနှိုင်းပါ။ ညှိနှိုင်းလို့ မရရင် မတွန့်ဆုပ်ပါနဲ့။ ယနေ့ခေတ်မှာ အလုပ်မရှားပါ။ နောက်အလုပ် တစ်ခုပြောင်းလျှောက်ဖို့ တိုက်တွန်းပါတယ်။

    အကယ်၍ ကိုယ်စိတ်ကြိုက်တွေ့တဲ့ အလုပ်တစ်ခုရလိုက်ပြီဆိုရင် စေတနာ၊ ဝီရိယ၊ ပညာ အားလုံး ပေါင်းစပ်လို့ တကယ် စွမ်းဆောင်လုပ်ကိုင်ရပါမယ်။ ဒါဆို ကြိမ်းသေအောင်မြင် ပါတယ်။ ကိုယ့်ဘဝအတွက်လည်း တက်လမ်းတွေ အများကြီးရှိလာပါတယ်။

လုပ်ငန်းရှင် (ဝန်ထမ်းငှားရမ်းသူ)
    ကိုယ့်က လုပ်သားလိုလို့ ခေါ်တယ်ဆိုပါစို့။ အင်တာဗျူးမှာကတည်းက လုပ်သားကို သေချာစစ်ဆေး မေးမြန်းပါ။ ယင်းမေးမြန်းချက်ထဲမှာ သူ့ရဲ့ ပညာအရည်အချင်း၊ လုပ်ကိုင်မှုစွမ်းရည် အားလုံးကို တစ်ခါတည်းသိရှိဖို့ လိုအပ်ပါတယ်။ ပြီးတော့ ကိုယ်က လုပ်သားကို ထိုက်တန်တဲ့ လစာတစ်ခု သတ်မှတ်ထားရပါမယ်။ ကိုယ်လည်း ပေးနိုင်မယ်။ ပေးသင့်တဲ့ ပမာဏတစ်ခုလည်း ဖြစ်ကို ဖြစ်ရပါမယ်။ ဒီမှာကတည်းက လုပ်ငန်းရှင်ဟာ သမာသမတ်ကျဖို့ လိုအပ်ပါတယ်။ အင်တာဗျူးဝင်ဖြေသူက တောင်းဆိုလာတဲ့ ပမာဏသာ ပိုများနေပါက ညှိနှိုင်းကြည့်ပါ၊ မရင်ရင် မခန့်ပဲ နောက်ထပ် အင်တာဗျူးဝင်လျှောက်သူများကို စစ်ဆေးနိုင်ပါတယ်။ ဒီခေတ်မှာ လုပ်သားမရှားပါ။

    ကိုယ်ရွေးတဲ့ လုပ်သားဟာ ကိုယ့်လုပ်ငန်းအတွက်လည်း တကယ် အကျိုးဖြစ်ထွန်းစေဖို့ လိုအပ်ပါတယ်။ လုပ်သားတွေမှာ မထင်မှတ်တဲ့ အိုင်ဒီယာတွေ၊ ပညာရပ်တွေ ရှိပါတယ်။ ဒါတွေကို ယူသုံးလိုက်ရင် လုပ်ငန်းပိုတွင်ပြီး လုပ်သားစွမ်းရည်များများကို ရရှိနိုင်ပါတယ်။ ဝန်ထမ်းများကို အမြဲစောင့်ကြည့်နေရပါမယ်။ တကယ် ကြိုးစားအားထုတ်သူ၊ ဝီရိယရှိသူ၊ ဦးဆောင်လမ်းပြ ပေးနိုင်သူများရှိရင် Promote လုပ်ပေးဖို့ မတွန့်ဆုပ်ပါနဲ့။ ရာထူး တိုးပေးဖို့ မတွန့်ဆုပ်ပါနဲ့။ နေရာပေးဖို့ မတွန့်ဆုပ်ပါနဲ့။ ဒီလိုသာ မလုပ်ရင် ဒီလိုလုပ်ပေးတဲ့ နေရာတစ်ခုကို ထွက်ခွာသွားနိုင်လို့ ဖြစ်ပါတယ်။ ကိုယ် သွေးထားပေးတဲ့ ဓားက အခြားလူလက်ထဲရောက်သလို ဖြစ်သွားပြီး ယင်းဝန်ထမ်းဟာ အခြားနေရာမှာ လက်စွမ်းတွေ ပြနေတတ်ပါတယ်။ ကိုယ့်စီမှာ ဝန်ထမ်းမြဲနေအောင် ကြိုးစားရပါမယ်။ ဒါကြောင့် လုပ်သားတွေရဲ့ အရည်အချင်း၊ ကြိုးစားမှု၊ သစ်ဆန်းနိုင်မှုများကို လေ့လာစောင့်ကြည့် အသုံးချပေးနေရပါမယ်။

    လုပ်ငန်းလည်း ပိုမိုတွင်ကျယ်သလို ဝန်ထမ်းလည်း မိမိပေးတဲ့ အလုပ်ကို မြတ်နိုးလာတတ်ပါတယ်။ တစ်ခါခါမှာ စုန်းပြူးပါတတ်ပါတယ်။ အင်တာဗျူးမှာတုန်းက သတိမထားမိပေးမယ့် နောက်တော့ သူ့ဟာ အလုပ်မတွင်တဲ့ သူတစ်ယောက်မျိုး ဖြစ်လာတတ်ပါတယ်။ ရေသာမခိုရင်တောင် တာဝန်ပြီးပြီးရော လုပ်တတ်ပါတယ်။ နောက်အခြား အလုပ်များကောင်းမလား စောင့်ကြည့်နေတတ်ပါတယ်။ ဒါမျိုးဆိုရင် လက်တွဲဖြုတ်ဖို့ ဝန်လေးစရာ မလိုပါဘူး။ မိမိကို ခုတုံးလုပ်ပြီး အခြားနေရာမှာ လက်စွမ်းပြမယ့်သူ များ ဖြစ်ပါ တယ်။

    ဝန်ထမ်းကောင်းသာ ရထားရင် လုပ်ငန်းရှင်ဘက်ကလည်း တူညီသော ပေးဆပ်မှု၊ ထိုက်တန်သော ပေးဆပ်မှုကို အမြဲ ပေးစွမ်းနိုင်ရပါမယ်။ ကိုယ့်ဘက်က ဆက်မပေးနိုင်ဘူးဆိုရင်လည်း သူ့ကို ပျံသန်းခွင့် ပေးလိုက်ပါ။ ဒီတော့ အလုပ်ကိုချစ်အောင် ကိုယ်က ဖန်တီးပေးထားရင်တော့ လစာနည်းရင်တောင် ဝန်ထမ်းအချို့ က ဒီမှာပဲ မြဲအောင်လုပ်ပါတယ်။ ဒါကြောင့် ဝန်ထမ်းမြဲဖို့ဆိုတာ ငွေက အဓိကမဟုတ်ပါဘူး။ ဝန်ထမ်းတွေအတွက် ငွေမဟုတ်တဲ့ အခြား စိတ်ပိုင်းဆိုင်ရာထောက်ပံ့မှုများ ဖြစ်ပါတယ်။ ဝန်ထမ်းတွေချစ်ခင်တဲ့ သူဌေးဖြစ်အောင် နေရပါမယ်။

    လုပ်ငန်းရှင်ဘက်ကလည်း လုပ်သားဆီက လိုအပ်တာကိုယူသုံးတယ်၊ ထိုက်သင့်သလို ပြန်လည် ပေးချေမယ်၊ လုပ်သားများကလည်း လုပ်ငန်းရှင်တောင်းဆိုတဲ့ စွမ်းဆောင်ရည်ကို ၁၀၀ရာခိုင်နှုန်း ပေးစွမ်းနိုင်ရပါမယ်။ ကိုယ်ကလည်း ထိုက်တန်သလို ပြန်ရပါမယ်။ ဒါဆိုရင် လုပ်သားနဲ့ လုပ်ငန်းရှင်ကြား ညှိနှိုင်းလို့ အဆင်ပြေသွားပါပြီ။ လုပ်သားလည်း အလုပ်မြဲသလို လုပ်ငန်းရှင်အတွက်လည်း လုပ်သားမြဲမှာ ဖြစ်ပါတယ်။ ဒီတော့ လုပ်ငန်းရှင်များမှလည်း ဂျာနယ်မှာ ကြော်ငြာခဏခဏထည့်ခေါ်ရတာ ကင်းသလို၊ လုပ်သားများလည်း ဂျာနယ်စောင့်ဖတ်ပြီး အလုပ်လျှောက်ရတဲ့ ဘဝက ကင်းပါတယ်။

    ဒီနေရာမှာ အဓိက စကားပြောတာ အတ္တ နဲ့ ပရပဲ ဖြစ်ပါတယ်။ ပုထုဇဉ်လူသားတိုင်းမှာ အတ္တကိုယ်စီ ရှိနေကြပါတယ်။ ကိုယ်အတွက်ချည်း ကြည့်ပြီး လုပ်ဆောင်တတ်ကြပါတယ်။ လုပ်ငန်းရှင်ရယ်မှ မဆိုလို လုပ်သားများပါ ကိုယ့်အတ္တကိုယ်ချည်း ရှေ့ တန်းတင်မယ်ဆိုရင်၊ မိမိအတွက်ပဲ စဉ်းစားနေမယ်ဆိုရင် အလုပ်မတွင်ပါဘူး။ ကိုယ့်အတွက် အတ္တ သူ့အတွက် ပရ နှစ်မျိုးလုံးကို အချိုးညီညီ စဉ်းစားပြီး လုပ်ဆောင်တတ်မယ်ဆိုရင် နှစ်ဘက်လုံး ကြိမ်းသေ အောင်မြင်ရမှာ ဖြစ်ပါတယ်။

    စာဖတ်သူ လုပ်ငန်းရှင်များ လုပ်သားမြဲလို့ လုပ်သားများလည်း အလုပ်မြဲကြပါစေ။   


By TechSpace Journal