Thursday, 22 March 2012

It is called Myanmar Goverment, at March 2012!

  အမှုအမှတ် ၁၆ (သို့မဟုတ်) တရားခံဖြစ်သွားသော နိုင်ငံတော် Posted by admin on March 22, 20120 Comment ၁၆ ရာစုနှစ်တုန်းက စစ်တကောင်းနဲ့ ဒက္ကားမြို့တွေကို သိမ်းပိုက်အုပ်ချုပ်နိုင်ခဲ့တဲ့ လွတ်လပ်တဲ့ ရခိုင်ဘုရင့်နိုင်ငံဟာ ၁၇၈၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်မှာ ဗမာဘုရင်လက်အောက်ကို ကျရောက်ပြီး လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာ ဆုံးရှုံးသွားခဲ့ပါတယ်။ အဲဒီကစလို့ ရခိုင်ပင်လယ်ပြင်ဟာ ကမ္ဘာ့နယ်ချဲ့ခေတ်၊ ဒုတိယကမ္ဘာစစ်ခေတ်တို့မှာ ဗြိတိသျှ အချုပ်အခြာအာ ဏာအောက်၊ ဖဆပလ လွတ်လပ်ရေးခေတ်၊ မဆလ-နဝတ-နအဖ စစ်အာဏာရှင်ခေတ်တွေ တလျှောက်လုံးမှာတော့ မြန်မာနိုင်ငံရဲ့အချုပ်အခြာအာဏာအောက်ရောက်ခဲ့ပြီး အခုနောက်ဆုံး ၂၀၁၂ ခု မတ်လ ၁၄ ရက်မှာတော့ မနည်းလှတဲ့ အစိတ်အပိုင်းဟာ ဘင်္ဂလားဒေ့ရှ်ရဲ့ အချုပ်အခြာအာဏာအောက်ကို တရားဝင်ကျရောက် သွားပါတော့တယ်။ ၂၀၀၈ ခုနှစ်၊ နိုဝင်ဘာလမှာ ဒီပင်လယ်ပြင်ပိုင်နက်ကိစ္စကြောင့် ဘင်္ဂလားဒေ့ရှ်ရေတပ်နဲ့ မြန်မာရေတပ် ရန်စောင်ခဲ့ကြပါတယ်။ လက်နက်မဲ့ ဒီမိုကရေစီအတိုက်အခံတွေ၊ လက်နက်အင်အားနည်းတဲ့ တိုင်းရင်းသားတပ်တွေအပေါ် လက်နက်အားကိုး ဗိုလ်ကျမင်းမူနေခဲ့တဲ့ နအဖစစ်တပ်ရဲ့ စစ်သင်္ဘောတွေဟာ ဒီဇယ်ဆီမတတ်နိုင်လို့ ပင်လယ်ထဲ ကျောက်ချနေ ရင်နေ၊ ကျောက်မချရင် စက်ပိတ်မျှောနေရချိန်မှာ ဘင်္ဂလားဒေ့ရှ်စစ်သင်္ဘောတွေက မီးခိုးတလူလူနဲ့ ပတ်မောင်းပြီး စစ်ဟန်ရေးပြနေတာကို ပါးစပ်အဟောင်းသားနဲ့ ငေးကြည့်နေခဲ့ရပါတယ်။ နှစ်နိုင်ငံစလုံးရဲ့သခင်ကြီး တရုတ်က ကြားဝင်ဟန့်တားခဲ့လို့ စစ်ရေးပိုင်းမှာ ဒါလောက်နဲ့ပြီးသွားခဲ့ပြီးနောက် ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဒီပင်လယ်ပိုင်နက်ကိစ္စကို ၂၀၀၉ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှာ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးမှာ တရားဝင် အမှုစွဲခဲ့ပါတယ်။ ဒီစွဲဆိုချက်ကို ခုံရုံးက အမှုအမှတ် (၁၆) အဖြစ် အဲဒီနေ့မှာဘဲ လက်ခံစာရင်းသွင်းခဲ့ပါတယ်။ အဲဒီ နေ့မှာဘဲ ခုံရုံးမော်ကွန်းထိန်းက မြန်မာစစ်အစိုးရကို အကြောင်းကြားခဲ့သလို ဒီဇင်ဘာ ၁၇ ရက်မှာလဲ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဆီ အကြောင်းကြားခဲ့ပါတယ်။
    XXX မြန်မာ နအဖအစိုးရက ခုံရုံးဆုံးဖြတ်ချက်တွေကို လိုက်နာပါ့မယ်လို့ ၂၀၀၉ နိုဝင်ဘာ ၄ ရက်မှာ ကြေညာခဲ့ပြီး ဘင်္ဂလား ဒေ့ရှ်အစိုးရက ၂၀၀၉ ဒီဇင်ဘာ ၁၂ ရက်မှာ ကြေညာခဲ့ပါတယ်။ ၂၀၁၀ ဇန်နဝါရီ ၁၄ ရက်မှာတော့ နအဖ အစိုးရက ခုံရုံး ဆုံးဖြတ်ချက်ကို မလိုက်နာနိုင်ဘူးလို့ အကြောင်းကြားခဲ့ပြန်ပါတယ်။ ဒါပေမဲ့ အရေးပေါ်ဆွဲခန့် တရားသူကြီးနာမည် အဆိုပြုတင်သွင်းပြီး ရှေ့နေအဖွဲ့နာမည်စာရင်းတွေ ပေးပို့ခဲ့ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက ခုံရုံးကိုတင်ပြချင်တဲ့ အချက်အလက် ကိန်းဂဏန်း မြေပုံ ရေပုံတွေကို ၂၀၁၀ ဇူလိုင် ၁ ရက်နေ့မှာ ပေးပို့ခဲ့ပြီး မြန်မာနိုင်ငံကတော့ ၂၀၁၀ ဒီဇင်ဘာ ၁ ရက်နေ့ကျမှ ဒီလို အချက်အလက် ကိန်းဂဏန်းတွေ ပေးပို့ခဲ့ပါတယ်။ ခုံရုံးရှေ့ နှစ်ဖက်လျှောက်လဲချက်တွေကို ၂၀၁၁ ခု စက်တင်ဘာလမှာ လုပ်ခဲ့ကြပါတယ်။ ဘင်္ဂလားဒေ့ရှ်က စက်တင်ဘာ ၈၊ ၉၊ ၁၂၊ ၁၃၊ ၂၁၊ ၂၂ ရက်တွေမှာ လျှောက်လဲပြီး မြန်မာက စက်တင်ဘာ ၁၅၊ ၁၆၊ ၁၉၊ ၂၀၊ ၂၄ ရက်တွေမှာ လျှောက်လဲခဲ့ကြပါတယ်။ နအဖအစိုးရဘက်က လျှောက်လဲချက်ထဲမှာ ၁၉၇၄ ခုတုံးက ဘင်္ဂလားဒေ့ရှ်နဲ့ ရေပြင်ပိုင်နက်ကိစ္စ သဘောတူလက်မှတ်ထိုးခဲ့တဲ့ ရေတပ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ချစ်လှိုင်ကို မြန်မာနိုင်ငံကိုယ်စား သဘောတူလက်မှတ်ထိုးခွင့်အာဏာ မရှိသူအဖြစ် ငြင်းပယ်ပြီး ၁၉၇၄ နဲ့ ၂၀၀၈ ခုတုံးက ဘင်္ဂလားဒေ့ရှ်နဲ့ သဘောတူလက်မှတ်ထိုးခဲ့တာတွေကို တရားမဝင်တဲ့သဘော အရူးကွက်နင်းခဲ့ပါတယ်။ (ဗမာစစ်အစိုးရရဲ့ ကတိတွေ စာချုပ်တွေ ဘယ်လောက်ယုံရတယ် ခိုင်မာတယ်ဆိုတာ ပြနေပါတယ်။)
    နအဖ အစိုးရဟာ ရခိုင်ပြည်နယ်ကမ်းရိုးတန်းကို ဂွမြို့တောင်ဘက်နားအထိသာ သတ်မှတ်ထားပေမဲ့ ခုံရုံးမှာတော့ မော်တင်စွန်းအထိ ကမ်းခြေအရှည် ၅၈၇ ကီလိုမီတာ ပြခဲ့ပါတယ်။ ခုံရုံးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကိုယ်စားပြုသူက နိုင်ငံခြားရေးဝန်ကြီး (အမျိုးသမီး) ဒီပုမိုနီ၊ လက်ထောက်အဖြစ် နိုင်ငံခြားရေးအထူးအတွင်းဝန် အငြိမ်းစားရေတပ်ဗိုလ်ချုပ် ခါရ်ရှစ်ဒ်အလမ်၊ ရှေ့နေတွေ ဥပဒေအတိုင်ပင်ခံတွေအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနအတွင်းဝန် ၁၊ ဂျာမဏီဆိုင်ရာသံအမတ်ကြီး ၁၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၃၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၃၊ အကြံပေးတွေအဖြစ် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၄၊ ဗြိတိန် နိုင်ငံက ဥပဒေပညာရှင် ၁၊ အမေရိကန်နိုင်ငံက ရေကြောင်းပထဝီပညာရှင် ၃၊ တသီးပုဂ္ဂလကျွမ်းကျင် သူတွေအဖြစ် အ မေရိကန်နိုင်ငံက အဏ္ဏဝါဘူမိဗေဒပညာရှင် ၁၊ ဂျာမဏီနိုင်ငံက ဘူမိဗေဒပညာရှင် ၁၊ အငယ်တန်း ဥပဒေအတိုင်ပင်ခံအ ဖြစ် ဂျာမဏီနိုင်ငံက ဥပဒေပညာရှင် ၁၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၂၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ အားလုံးပေါင်း အမေရိကန် ၉၊ ဗြိတိသျှ ၆၊ ဂျာမန် ၂၊ ဘင်္ဂလားဒေ့ရှ် ၈ ဦး ဖြစ်ပါတယ်။ အမေရိကန်ဥပဒေ ပညာရှင်တွေမှာ နာမည်ကြီး Foley Hoag ရှေ့နေကုမ္ပဏီက ရှေ့နေ ၂ ယောက်ပါဝင်ပါတယ်။
    မြန်မာနိုင်ငံကို ကိုယ်စားပြုသူကတော့ နိုင်ငံတော်ရှေ့နေချုပ် ဦးထွန်းရှင်၊ လက်ထောက်များအဖြစ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဒေါ်လှမျိုးနွယ်နဲ့ ရှေ့နေချုပ်ရုံးက ဦးကျော်ဆန်း၊ ရှေ့နေတွေ ဥပဒေအတိုင်ပင်ခံတွေအဖြစ် ပြင်သစ်နိုင်ငံက ဥပဒေပညာရှင် ၄၊ အမေရိကန်နိုင်ငံက ဥပဒေပညာရှင် ၂၊ ဗြိတိန်နိုင်ငံက ဥပဒေပညာရှင် ၁၊ အကြံပေးတွေအဖြစ် ဂျာမဏီနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ၁၊ မြန်မာရေတပ်ဗိုလ်မှူးကြီး ၁၊ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ၁၊ မြန်မာသံရုံးဝန်ထမ်း ၃၊ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်း ၂၊ ပြင်သစ်နိုင်ငံက ဥပဒေပညာရှင် ၃၊ ရိုမေးနီးယားနိုင်ငံက ရေကြောင်းပညာရှင် ၁၊ အမေရိကန်နိုင်ငံက ပညာရှင် ၂ ဦးတို့ ပါဝင်ခဲ့ပါတယ်။ အားလုံးပေါင်း ပြင်သစ် ၇၊ အမေရိကန် ၄၊ ဗြိတိသျှ ၁၊ ရိုမေးနီးယား ၁၊ မြန်မာ ၁၁ ယောက်ဖြစ်ပါတယ်။ မြန်မာနိုင်ငံက ပြင်သစ်တွေကို အဓိကထားငှားရမ်း ခဲ့တာ ထူးခြားနေပါတယ်။ တိုတယ်လ်ကုမ္ပဏီနဲ့ လက်ဝါးရိုက်ထားတာ ဖြစ်နိုင်ပါတယ်။ အိမ်ရှင်ဂျာမဏီကိုတော့ လျစ်လျူရှု ထားပါတယ်။ ဒီနိုင်ငံခြားသားပညာရှင်ဆိုသူတွေကို ၂၀၀၉ ဒီဇင်ဘာကနေ ၂၀၁၂ မတ်လအထိ ငွေဘယ်လောက်ပေး ငှားခဲ့ရသလဲ မသိပါ။     XXX ကုလသမဂ္ဂ ပင်လယ်ပြင်ဥပဒေသဘောတူစာချုပ် (ကွန်ဗင်းရှင်း) ကို ၁၉၈၂ ခု ဧပြီ ၃၀ ရက်မှာ ချမှတ်ခဲ့ပြီးနောက် အ တည်ပြုလက်မှတ်ထိုးတဲ့နိုင်ငံအရေအတွက် ၆၀ သတ်မှတ်ချက်ပြည့်မှီသွားလို့ တနှစ်အကြာ ၁၉၉၄ ခု နိုဝင်ဘာ ၁၆ ရက်မှာ စတင်အသက်ဝင်လာခဲ့ပါတယ်။ စာချုပ်အသက်ဝင်လာပြီးနောက် ၁၉၉၆ ခုမှာ လွတ်လပ်တဲ့ ပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံး ITLOS ကို တည်ထောင်ခဲ့ပါတယ်။ ခုံရုံးတည်နေရာက ဂျာမဏီနိုင်ငံ ဟမ်းဘာ့ဂ် ဆိပ်ကမ်းမြို့ ဖြစ်ပါ တယ်။ ဒီမြို့ကို စာချုပ်အဖွဲ့ဝင်နိုင်ငံတွေက လျှို့ဝှက်မဲနဲ့ ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ ပင်လယ်ပြင်ဥပဒေကွန်ဗင်းရှင်းကို အခု ကမ္ဘာ့နိုင်ငံပေါင်း ၁၆၁ နိုင်ငံ နဲ့ ဥရောပအသိုင်းအဝိုင်း EC အဖွဲ့တို့က လက်မှတ်ထိုးထားကြပါတယ်။ မြန်မာနိုင်ငံ မဆလအစိုးရက ၁၉၈၂ ခု ဒီဇင်ဘာ ၁၀ ရက်မှာ သဘောတူလက်မှတ်ထိုးခဲ့ပြီး နဝတ အစိုးရက ၁၉၉၆ ခု မေလ ၂၁ ရက်မှာ အတည်ပြုခဲ့ပါတယ်။
    ဘင်္ဂလားဒေ့ရှ်ကတော့ ၂၀၀၁ ခုနှစ် အောက်တိုဘာ ၁၂ ရက်ကျမှ အတည်ပြုခဲ့ပါတယ်။ ဒီလို သဘောတူအတည်ပြုထားတဲ့အတွက် ပင်လယ်ပြင်ဥပဒေခုံရုံး ဆုံးဖြတ်ချက်တွေကို မလိုက်နာလို့ မရတော့ပါဘူး။ လွတ်လပ်တဲ့တရားရုံးဖြစ်တဲ့အတွက် ခုံရုံးဟာ ကုလသမဂ္ဂလက်အောက်ခံ မဟုတ်ပေမဲ့ ကုလသမဂ္ဂနဲ့ နီးနီးကပ်ကပ် ဆက်ဆံမှု ရှိပါတယ်။ ကုလအထွေထွေညီလာခံမှာ ဒီပင်လယ်ပြင်ခုံရုံးက လေ့လာသူအဆင့်အတန်းနဲ့ တက်ရောက်ခွင့်ရထားသလို ခုံရုံးဝန်ထမ်းတွေဟာလဲ ကုလသမဂ္ဂဝန်ထမ်းတွေလို လစာနဲ့ ခံစားခွင့်တွေ တန်းတူရကြပါတယ်။ ခုံရုံးတရားသူကြီး ၂၁ ဦးကို စာချုပ်ဝင်နိုင်ငံနဲ့အဖွဲ့တွေက ရွေးကောက်တင်မြှောက်ပါတယ်။ တရားသူကြီးတွေသက် တမ်း က ၉ နှစ်ဖြစ်ပြီး သုံးနှစ်တကြိမ် တရားသူကြီးသုံးပုံတပုံကို နယူးယောက်မြို့မှာ ရွေးကောက်ပါတယ်။ တရားသူကြီးအရွေး ခံရဖို့အတွက် အစည်းအဝေးတက်သူအားလုံးရဲ့ မဲသုံးပုံနှစ်ပုံရဖို့ လိုပါတယ်။ တရားသူကြီး ၂၁ ယောက် ထဲက ခုံရုံးဥက္ကဋ္ဌ နဲ့ ဒုဥက္ကဋ္ဌကို လျှို့ဝှက်မဲနဲ့ သုံးနှစ်သက်တမ်းအတွက် ရွေးကောက်ပါတယ်။
    အမှုတခု တင်လာရင်တော့ တရားပြိုင် နိုင်ငံ တွေဟာ တရားသူကြီး ၂၁ ယောက်ထဲ ကိုယ့်နိုင်ငံကမပါရင် ad hoc အရေးပေါ် ဆွဲခန့်တရားသူကြီးတယောက်စီ အဆိုပြုတင်သွင်းခွင့် ရှိပါတယ်။ ဒီတရားသူကြီးဟာ မူလတရားသူကြီး ၂၁ ယောက်နဲ့ တန်းတူ ဆောင်ရွက်ခွင့်ရှိပါတယ်။ ၁၉၉၆ ခုကနေ ကနေ့ထိ ပင်လယ်ပြင်ခုံရုံးဟာ အမှုပေါင်း ၁၉ မှုကို လက်ခံရရှိခဲ့၊ ၁၇ မှုကို စစ်ဆေးဆုံးဖြတ်ခဲ့ပြီး ဖြစ်ပါတယ်။ မြန်မာ-ဘင်္ဂလားဒေ့ရှ်အမှုက အမှုအမှတ် ၁၆ ဖြစ်ပါတယ်။ ပင်လယ်ပြင်ဥပဒေ အငြင်းပွားမှုတွေကို ဒီပင်လယ်ပြင်ဥပဒေဆိုင်ရာ နိုင်ငံတကာခုံရုံးအပြင် အပြည်ပြည်ဆိုင်ရာတရားရုံး ICJ ကလဲ ကိုင်တွယ်ပါတယ်။ ဒါပေမဲ့ ပင်လယ်ပြင်ခုံရုံးက စီရင်ချက်ဟာ အပြီးအပြတ်ဖြစ်ပြီး မလိုက်နာမနေရ ဖြစ်ပါ တယ်။ အယူခံခွင့်မရှိပါ။
    လက်ရှိတရားသူကြီး ၂၁ ဦးကတော့ … အာရှတိုက်က ဂျပန်၊ အိန္ဒိယ၊ တရုတ်၊ တောင်ကိုးရီးယား၊ လက်ဘနွန်၊ အာဖရိကတိုက်က တောင်အာဖရိက၊ ဆီနီဂေါ၊ တန်ဇန်းနီးယား၊ ကိပ်ဗာ့ဒ်၊ အယ်လ်ဂျီးရီးယား၊ အနောက်ဥရောပနဲ့ မြောက်အမေရိကတိုက်က ဂျာမဏီ၊ ပြင်သစ်၊ သြစတြီးယား၊ မောလ်တာ အရှေ့ဥရောပက ပိုလန်၊ ရုရှား၊ ယူကရိန်း၊ တောင်နဲ့အလယ်အမေရိကတိုက်က ဘရာဇီး၊ ဂရီနေဒါ၊ ထရီနီးဒက်နှင့်တိုဘာဂို၊ အာဂျင်တီးနား တို့ဖြစ်ပြီး မြန်မာ-ဘင်္ဂလားဒေ့ရှ်အမှုမှာ အရေးပေါ်ဆွဲခန့် တရားသူကြီးတွေအဖြစ် မြန်မာနိုင်ငံက အမေရိကန်တရားသူကြီး မစ္စတာ ဘားနာ့ဒ်အော့က်စ်မင်း၊ ဘင်္ဂလားဒေ့ရှ်က ဂါနာတရားသူကြီး မစ္စတာသောမတ်စ်မင်ဆာကို တင်သွင်းခဲ့လို့ အားလုံးပေါင်း တရားသူကြီး ၂၃ ယောက်ဖြစ်သွားပါတယ်။ ဒီ ဆွဲခန့်တရားသူကြီးတွေကို တရားပြိုင်နိုင်ငံတွေက လစာပေးရသလား မပေးရလား မသိပါ။ ၂၀၁၂-၂၀၁၅ အတွက် ဂျပန်တရားသူကြီးက ခုံရုံးဥက္ကဋ္ဌဖြစ်ပြီး တောင်အာဖရိကတရားသူကြီးက ဒုဥက္ကဋ္ဌ ဖြစ်ပါတယ်။ ၂၀၀၈-၂၀၁၁ အတွက် ခုံရုံးဥက္ကဋ္ဌက ကိပ်ဗာ့ဒ်၊ ဒုဥက္ကဋ္ဌက သြစတြီးယားက ဖြစ်ပါတယ်။ တရားသူကြီးအားလုံးဟာ ဥပဒေဘွဲ့ ၂ ခု ၃ ခုရထားတဲ့ ထိပ်တန်းဥပဒေပညာရှင် professional တွေဖြစ်ကြပါတယ်။
    XXX ဒီနောက်မှာတော့ အားလုံးသိတဲ့အတိုင်း ၂၀၁၂ ခု မတ်လ ၁၄ ရက်မှာ စီရင်ချက် ချခဲ့ပါတော့တယ်။ ခုံရုံးဟာ အချက် ၆ ချက်ကို စီရင်ဆုံးဖြတ်ခဲ့ပါတယ်။ ပထမသုံးချက်က ခုံရုံးရဲ့စီရင်ပိုင်ခွင့်တွေကို ဆုံးဖြတ်တာဖြစ်ပါတယ်။ စတုတ္ထအချက်က စိန့်မာတင်ကျွန်း တဝိုက်ကရေပြင် နယ်နိမိတ်သတ်မှတ်ချက်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တရားသူ ကြီး ၂၁ ယောက်၊ မြန်မာဘက်က တရားသူကြီး ၁ ယောက် (ထရီနီးဒက်နှင့် တိုဘာဂိုနိုင်ငံ) မဲပေးပါတယ်။ စိန့်မာတင် ကျွန်းရေပြင်ကို တဝက်ခွဲယူဖို့ မြန်မာ့ကြိုးပမ်းချက် ပယ်ချခံရပါတယ်။ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန်၊ တောင်အာဖရိက အပြင် မြန်မာကတင်ထားတဲ့ ဆွဲခန့် အမေရိကန်တရားသူကြီးကပါ ဘင်္ဂလားဒေ့ရှ်ဘက်က မဲပေးခဲ့ပါတယ်။ ပဉ္စမအချက်က စိန့်မာတင်ကျွန်းအလွန်ကနေ မိုင် ၂၀၀ အထိ သီးသန့်စီးပွားရေးဇုံ ပင်လယ်ပြင်ပိုင်နက်ကို ဆုံးဖြတ်တာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က ၂၁ မဲ၊ မြန်မာဘက်က ၁ မဲ (ထရီနီးဒက်နှင့်တိုဘာဂို) ရပါတယ်။ ဆဋ္ဌမအချက်ကတော့ သီးသန့်စီးပွားရေးဇုံ မိုင် ၂၀၀ အလွန်နယ်နိမိတ် သတ်မှတ်ရာမှာ ဘင်္ဂလားဒေ့ရှ်ဘက်က ၁၉ မဲ၊ မြန်မာဘက်က ၃ မဲ (ဆီနီဂဲလ်၊ ထရီနီးဒက်နှင့်တိုဘာဂို၊ တရုတ်) ရပါတယ်။     ဒါဟာ ပင်လယ်ပြင်ဥပဒေသမိုင်းမှာ ပထမ ဆုံးစီရင်ချက် ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနအဆိုအရ သူတို့ဟာ ရေပိုင်နက် ၁၀၇,၀၀၀ စတုရန်းကီလိုမီတာ တောင်းတာကို ခုံရုံးက ၁၁၁,၀၀၀ စတုရန်းကီလိုမီတာ ပေးလိုက်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သီးသန့်စီးပွားရေးဇုံ မိုင် ၁၃၀ အစား မိုင် ၂၀၀ အပြည့်ရသွားပါတယ်။ မိုင် ၂၀၀ အလွန် ကမ်းဦးရေတိမ်ပိုင်းကိုလည်း လုပ်စားခွင့်ရသွားပါတယ်။ စီရင်ချက် စတုတ္ထပိုဒ်ပါနေရာဟာ ၂၀၀၈ ခုနှစ်ကုန်ပိုင်းတုန်းက နှစ်ဖက်ရေတပ်တွေ အဓိကစားခွက်လု ရန်စောင်ခဲ့တဲ့နေရာ ဖြစ်ပါတယ်။ အခုစီရင်ချက် စတုတ္ထပိုဒ်အရ အဲဒီနှစ်နိုင်ငံ ရေပိုင်နက်ကိစ္စရန်ပွဲမှာ မြန်မာနိုင်ငံဟာ တရားခံအဖြစ် အပြစ်ပေးခံရတဲ့အဓိပ္ပာယ် ဖြစ်သွားပါတယ်။ နာဂစ်မုန်တိုင်းလို ဆိုးဝါးတဲ့ ဘင်္ဂလားပင်လယ်အော်က ထိုးနှက်ချက် ဖြစ်သွားပါတယ်။
    XXX ရခိုင်ပင်လယ်ပြင် သို့မဟုတ် ပြည်ထောင်စုမြန်မာနိုင်ငံတော်ရဲ့ အနောက်ဖက်ပင်လယ်ပြင်ကို အဲသလို အမဲဖျက်ခဲ့ကြပါတယ်။
 

By ဂါမဏိ
ရည်ညွှန်း http://www.itlos.org/index.php?id=2&L=0 

Friday, 9 March 2012

မူရင်းပို့စ်ကို ပြန်ရှာကြည့်တာ မတွေ့ရတောဘူး။ (မှတ်စု-ဗဟုသုတ)

    မြန်မာပြည်၏ အင်တာနက်လိုင်းအားလုံး၏ အဆုံးသတ်တွင် ဟံသာဝတီ Gateway တည်ရှိနေပါသည်။ ထို ဟံသာဝတီ Gateway သည် SEA-ME-WE3 အမည်ရှိသော Backbone ဖြင့် ချိတ်ဆတ်ထားသည်။ ထို့ပြင် ကုန်းတွင်းပိုင်း ချိတ်ဆတ်မှုအနေဖြင့် မဲခေါင်ဖိုက်ဘာဆက်ကြောင်းသို့ တရုတ်နှင့် ထိုင်းနိုင်ငံမှတစ်ဆင့် ချိတ်ဆတ်ထားသည်။
    ပုံ (၁) ကိုကြည့်ပါ။ ပုံ (၁) မြန်မာ့ဆက်သွယ်ရေးဌာန၏ နိုင်ငံတကာ Backbone ဆက်ကြောင်းပြပုံ ကုန်းတွင်းပိုင်း ချိတ်ဆက်မှုအနေဖြင့် မဲခေါင်ဆက်ကြောင်းသို့ ပုံ (၂)အတိုင်း ဆက်သွယ်ထားပါသည်။
    ပုံ (၂) မဲခေါင်ဆက်ကြောင်းပြ မြေပုံ မြန်မာပြည်တွင်းရှိ မြို့များအချင်းချင်းကိုလည်း ဖိုက်ဘာဆက်ကြောင်းများဖြင့် ဆက်သွယ်ထားရာ ဖိုက်ဘာဆက်ကြောင်း၏ အရှည်မှာ စုစုပေါင်း မိုင်အားဖြင့် မိုင်ရှစ်ထောင်ကျော် ရှည်လျားပါသည်။
    ပုံ (၃) တပ်ဆင်ပြီးသွားသော ဖိုက်ဘာဆက်ကြောင်းများ အင်တာနက်မြန်နှုန်း ပိုမိုမြင့်မားလာစေရန်အတွက် လက်ရှိ ရှိပြီးသား Main ISP များအပြင် မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ မုံရွာ၊ မကွေး၊ မြိတ် အစရှိသော မြို့များတွင် Sub-ISP များ ထားရှိပြီး ဆောင်ရွက်သွားရန် အစီအစဉ် ချမှတ်ထားပါသည်။
    ပုံ (၄) Sub ISP လျာထားဒေသကြီးများ မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက် စုစုပေါင်း Bandwith ပမာဏသည် လက်ရှိအချိန်တွင် 3.145 Gbps ထိသာ ရရှိနေပါသည်။ ၂၀၁၀ခုနှစ် မတ်လအထိတွင် 1.285 Gbps ထိသာ ရှိခဲ့သည်။
    ပုံ(၅)ဟံသာဝတီ Gateway ၏ Bandwith ပမာဏ နောင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် အာရှ-ဥရောပ ရေအောက်လိုင်းဖြစ်သည့် SEA-ME-WE-4 ဖိုက်ဘာဆက်ကြောင်းဖြင့် ချိတ်ဆက်သွားရန် အစီအစဉ်ရှိသည်ဟု သိရပါသည်။
    ISP စနစ်များ ၂၀၀၄ ခုနှစ်မှ ၂၀၁၀ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံတွင် ISP(Internet Service Provider) နှစ်ခုရှိခဲ့ပါသည်။ တစ်ခုမှာ မြန်မာ့ဆက်သွယ်ရေးဌာန ISP ဖြစ်သော Myanmar Teleport (MTP) နှင့် နောက်တစ်ခုမှာ ရတနာပုံ ISP (YTP) တို့ ဖြစ်ပါသည်။ ယခင်ကရှိခဲ့သော Bagan Cyber Tech ပိုင် ISP ကို Myanmar Teleport က လက်လွှဲယူခဲ့သည်။
    ပုံ (၆) မြန်မာပြည် ISP များ၏ ကွန်ယက်ဖွဲ့စည်းပုံ (၂၀၀၄ ခုနှစ်မှ ၂၀၁၀ခုနှစ် အောက်တိုဘာလအထိ) အထက်ပါ ချိတ်ဆက်မှုအရ ပြည်သူပြည်သားများသည် အစိုးရပိုင်းနှင့် စစ်ဘက်ဆိုင်ရာများနှင့်အတူ ခွဲဝေသုံးစွဲရသောကြောင့် Internet အမြန်နှုန်း နှေးကွေးခဲ့ရပါသည်။ ISP စနစ်သစ် ISP ချိတ်ဆက်မှုအသစ်တွင် အဓိက ISP နှစ်ခု ခွဲထုတ်ထားပါသည်။ MOD ISP နှင့် MPT ISP တို့ဖြစ်သည်။
    ပုံ (၇) ကိုကြည့်ပါ။ ပံ (၇) မြန်မာပြည် ISP များ၏ ကွန်ယက်ဖွဲ့စည်းပုံ (လက်ရှိ) စစ်ဘက်ဆိုင်ရာသုံးစွဲမှုများသည် ပြည်သူပြည်သားများနှင့် ရောထွေးမှုမရှိတော့ဘဲ MOD ISP မှ ဖြတ်သန်းသွားပါသည်။ MPT ISP လက်အောက်တွင် Sub ISP အဖြစ် Yatanarpon Teleport ISP နှင့် Naypyitaw ISP တို့ကို ထားရှိထားပါသည်။ နေပြည်တော် ISP ကိုမူ အစိုးရသုံးအဖြစ် သတ်မှတ်ထားပြီး ပြည်သူပြည်သားများ သုံးစွဲမှုအားလုံးသည် ရတနာပုံ ISP မှတစ်ဆင့် ဖြတ်သန်းသွားမည် ဖြစ်ပါသည်။
    စနစ်သစ်အရ စစ်ဘက်ဆိုင်ရာသုံးစွဲမှုများနှင့် ပြည်သူပြည်သားများ သုံးစွဲမှုများ ရောထွေးမှု မရှိတော့သောကြောင့် Gateway နှင့် ISP များတွင် ၀န်ပိမှုလျော့ကျသွားမည် ဖြစ်ပြီး Sub ISP မှ Main ISP, Main ISP မှ Gateway သို့ ဖြတ်သန်းသောကြောင့် Bandwith ပိုမိုရရှိလာမည်ဖြစ်ပြီး အင်တာနက်အမြန်နှုန်း မြင့်တက်လာမည်ဖြစ်ပါသည်။ သို့သော် မြန်မာပြည်သူပြည်သားများအတွက် ယခင်ထက်ပိုမိုများလာသော ISP များကို အဆင့်ဆင့် ဖြတ်သန်းသွားရမည်ဖြစ်သည်။
    ပုံ (၈) မြန်မာပြည် ISP များသို့ အဆင့်ဆင့်ဖြတ်သန်းသွားပုံ (လက်ရှိ) ၂၀၁၀ခုနှစ် အောက်တိုဘာလမှ စတင်သုံးစွဲခဲ့သည့် စနစ်သစ်သည် စစ်ဖက်၊ အရပ်ဖက်နှင့် အစိုးရ၀န်ထမ်း ဟူ၍ အုပ်စုသုံးစု ခွဲခြားလိုက်ခြင်း ဖြစ်သည်။ တစ်တိုင်းပြည်လုံးရှိ ပြည်သူများသည် ရတနာပုံ ISP ကိုသာ အားထားသုံးစွဲရမည်ဖြစ်သောကြောင့် ရတနာပုံ ISP သည် စစ်ဘက်နှင့် အစိုးရ၀န်ထမ်းသုံး ISP များထက် များစွာ ၀န်ပိသွားမည်ဖြစ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံအတွက် လောလောဆယ် ရရှိထားသော 3.145 Gbps ကို ISP သုံးခုက ညီတူညီမျှ ခွဲဝေသုံးစွဲရသည်ဆိုပါက ISP တစ်ခုချင်းစီအတွက် ပျှမ်းမျှရရှိမည့် Bandwidth မှာ 1.048 Gbps သာ ရရှိမည်ဖြစ်သည်။ နိဂုံး စစ်တမ်းကောက်ယူမှုများအရ မြန်မာပြည်သည် လူတစ်ထောင်လျှင် တစ်ဦးနှုန်း အင်တာနက်သုံးစွဲသည်ဟု ဆိုထားပါသည်။ ထို့ကြောင့် လူဦးရေသန်းခြောက်ဆယ်ဆိုပါက အင်တာနက်သုံးစွဲသူဦးရေ ခြောက်သောင်းခန့်ရှိမည်ဟု အကြမ်းဖြင်းအားဖြင့် ယူဆနိုင်ပါသည်။ လက်တွေ့တွင် ထိုပမာဏထက် မြောက်မြားစွာ ပိုနိုင်ပါသည်။ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အင်တာနက်သုံးစွဲသူဦးရေ ၁၈.၃ သန်းကျော်ရှိနေပြီး ထိုသုံးစွဲမှုပမာဏအတွက် 104.28 Gbps ရှိသော Bandwidth သုံးစွဲနေပြီ ဖြစ်ပါသည်။
    တစ်နည်းအားဖြင့် တစ်ဦးချင်းစီလျှင် 6.07 Mbps နှုန်းထားဖြင့် သုံးစွဲနေပြီ ဖြစ်ပါသည်။ မြန်မာပြည်သူတစ်ယောက်အတွက်မူ မိမိ ISP ၏ Bandwidth မှာ 1.048 Gbps သာရှိသောကြောင့် သုံးစွဲသူဦးရေ ၆၀၀၀၀ ကျော်ဖြင့် တွက်ပါက လူအားလုံး တစ်ပြိုင်နက်တည်း အသုံးပြုလျှင် တစ်ဦးလျှင် ရရှိမည့် Bandwidth မှာ 0.017 Mbps သာ ရရှိနေပါသည်။ ထို့ကြောင့် မြန်မာပြည်၏ အင်တာနက်အမြန်နှုန်း မြင့်မားစေရန်တွက် တစ်ခုတည်းသော ဖြေရှင်းနည်းမှာ နိုင်ငံ၏ Bandwidth ကို ချဲ့ရုံမှတစ်ပါး အခြားမရှိပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။

http://www.myanmaritmen.org/articles/internet/myanmar-internet-network-map.html 

Saturday, 25 February 2012

“အဟဲ ! မြန်မာ့ဂုဏ်ဆောင်ဝန်ကြီးများ?”

“အဆောက်အဦးထဲ ငွေ(၁)ဆ ဦးတင့်ဆန်းအိတ်ထဲ ငွေ(၂) မြန်မာ့ဂုဏ်ဆောင် ပြည်သူ့လွှတ်တော်အဆောက်အဦး”

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီး နှင့် အားကစားဝန်ကြီး ဦးတင့်ဆန်းသည် နိုင်ငံတော်ငွေကြေးအမြောက်အများကို ပညာသားပါပါ လိမ်လည်ယူထားသူ ဖြစ်သည်။ ပြည့်သူ့လွှတ်တော်အဆောက်အဦးသည် အမှန်တကယ် ကုန်ကျငွေ၏(၂)ဆကျော်ခန့် ကုန်ကျကြောင်း နေပြည်တော်တွင်ဆောက်လုပ်နေသော ဆောက်လုပ်ရေးလုပ်ငန်း၇ှင် အသိုင်းအ၀န်းအားလုံးမှ သိရှိပြီးဖြစ်သည်။ ၄င်းလိမ်လည်မှု ဥပမာတစ်ခုပြောရလျှင် ပြည်သူ့လွှတ်တော်အား အမြန်ပြီးချင်၍ ငွေကြေးရင်းခြင်းကို ၁၅ရက်တစ်ကြိမ် ရှင်းပေးသည်။


အားကစားဝန်ကြီးဦးတင့်ဆန်း
ထိုစဉ်က တပ်ချုပ်ကြီးဗိုလ်ချုပ်မှုးကြီးသန်းရွှေမှာ တစ်လတစ်ခါလာရောက်၍ ပြည်သူ့လွှတ်တော်အဆောက်အဦးကို စစ်ဆေးသည်။ အတွင်းရေးမှုး(၁)သီဟသူရဦးတင်အောင်မြင့်သည် နေ့စဉ် တစ်နေ့လျှင်တစ်ခါလာ၍ စစ်ဆေးသည်။ လုပ်ငန်းအချိန်မီပြီးစီးရေးအတွက် ငွေကြေးကန့်သတ်ချက်မထားဘဲ (၁၅)ရက်တစ်ခါ ငွေရှင်းပေးသည်။

၎င်းထံ လာရောက်လုပ်ကိုင်သည့် Subကန်ထရိုက်တာများနှင့် ပစ္စည်းပေးသွင်းသူများသည် Billတင်သည့်အခါ (၃)ဆခန့်မြှင့်တင်၍ ဘောက်ချာဖွင့်ပေးရသည်။ Subကန်ထရိုက်တာများနှင့် ပစ္စည်းပေးသွင်းသူများသည် ဘောက်ချာ(၃)ဆခန့် မြှင့်တင်ပေးရသော်လည်း မူလပေါက်ဈေးအတိုင်းသာရ၇ှိပြီး ပိုငွေ(၂)ဆကို ဦးတင့်ဆန်းမှရ၇ှိသည်။ ဥပမာ V-Pile Co.,Ltdမှ 6“ Pileတစ်ချောင်းအတွက် တစ်ပေလျှင် 3.5$သာရ၇ှိသော်လည်း ဘောက်ချာတွင် 10.5$ တင်ရေးပေးရသည်။ ပိုငွေ7$tအား ဦးတင့်ဆန်းမှရ၇ှိသည်။

ဦးတင့်ဆန်းသည် ပစ္စည်းဖိုးပေါ်မှ အသားတင်အမြတ် နှစ်ဆရရှိသည်။ ၄င်း၏ အဆောက်အဦးကြီးကြပ်ခ (Supervision Fees)သည် စုစုပေါင်းကုန်ကျစရိတ်၏ 10%နှင့် မမျှော်မှန်းနိုင်သော Contingencyအတွက် 5% ရ၇ှိပါသည်။ နေပြည်တော်ကောင်စီ အထူးစီမံကိန်းများစစ်ဆေးရေးအဖွဲ့မှ ဦးတင့်ဆန်းသည် ကျပ်သိန်းပေါင်း၃သိန်းကျော အပိုထုတ်ယူထားကြောင်း၊ ပစ္စည်းဖိုးဘောက်ချာများ၌ ဈေးတင်ထားကြောင်း စစ်ဆေးတွေ့ရှိသော်လည်း ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်နေသဖြင့် ဆက်လက်မတင်ပြဘဲထားသည်။

 ပြည်သူ့လွှတ်တော်ဥက္ကဌဦးရွှေမန်းမှလည်း ဦးတင့်ဆန်း၏ လုပ်ရပ်များကို အနည်းငယ်သာသိရှိသော်လည်း ဒေါသဖြစ်လျှက်ရှိသည်။ ၄င်း၏ ACE CONSTRUCTION COMPANYအား နေပြည်တော်ဆောက်လုပ်ရေးလောကတွင် မမြင်ချင်ကြောင်း ထုတ်ပြောသည့်အဆင့်အထိ ဖြစ်လာသည်။

လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း
ယခု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဖြစ်သည့်အခါ နိုင်ငံခြားမှ ဟိုတယ်လုပ်ငန်းရင်းနှီးမြှုပ်နှံမည့် ပြည်ပလုပ်ငန်းရှင်များနှင့် ဆွေးနွေးသည့်အခါတွင် ဟိုတယ်မြေနေရာပေးမည်၊ ၄င်း၏ ACE CONSTRUCTION COMPANY ဆောက်လုပ်ရန် ပြောကြားပါသည်။ ၀န်ကြီးအရှိန်အ၀ါသုံး၍ ၄င်းလုပ်ငန်း၇ှင်များအား မိမိတို့၏စိတ်ကြိုက်ကုမ္ပဏီများကို ရွေးချယ်ခွင့်မရှိ ဖြစ်နေပါသည်။ ဦးတင့်ဆန်း၏ အတ္တကြီးမှုကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။


၎င်းသည် တစ်ချိန်က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ပြီး ဦးသန့်အရေးအခင်းတွင်ပါဝင်၍ အဖမ်းခံခဲ့ရဖူးသည်။ အတိတ်မှ ၄င်း၏ နိုင်ငံရေးလှုပ်ရှားမှုများကို ကျွန်မမှ ထောက်ခံခဲ့ဖူးပါသည်။

ပြည်သူ့လွှတ်တော်ဆောက်လုပ်ရေးလုပ်ငန်းအား ဦးတင့်ဆန်းမှတင်ထားသည့် ဘောက်ချာအားလုံးကို အထူးစစ်ဆေးရေးဖွဲ့စည်း၍ ၄င်းတင်ထားသည့်ဘောက်ချာဈေးနှုံးများနှင့် ၄င်းလုပ်ကိုင်ခဲ့သည့်အချိန်မှ ပစ္စည်းနှင့် အမှန်တကယ်ပြင်ပပေါက်ဈေးတို့ကို နှိုင်းယှဉ်စစ်ဆေး အရေးယူသင့်သည်။ ပြည်ပတိုင်းပြည်များတွင် ဦးတင့်ဆန်းဝယ်ယူထားသည့် ပိုင်ဆိုင်မှုများမှာ အထူးပင်များပြားလှပါသည်။


၎င်းကိစ္စရပ်များအားလုံးကို ပြည်သူလူထုမှစ၍ နိုင်ငံတော်သမ္မတကြီးအထိသိ၇ှိရန် Mediaများမှ ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံအပ်ပါသည်။


လေးစားစွာဖြင့် 
မလွင်သန္တာစိုး
(ရန်ကုန်စက်မှုတက္ကသိုလ်)

http://www.thithtoolwin.com/2012/02/blog-post_6859.html မှ ကော်ပီကူးယူထားပါသည်။
Palenat

Friday, 24 February 2012

“စတုတ္ထမဏ္ဍိုင် နှင့် ဆရာအော်ပီကျယ်”

ဆရာအော်ပီကျယ်၏ ဆွေးနွေးချက်
ပြည်သူ့ခေတ်ဂျာနယ် တစ်နှစ်ပြည့် အထိမ်းအမှတ်ပွဲ
၂၀၁၁ ဇူလိုင် ၂၀ရက်၊ နေ့လည် ၁နာရီမှ ၄နာရီ၊ Central Hotel
The Fourth Estate Symposium တွင်အော်ပီကျယ်၏ ဆွေးနွေးချက်

“ရပ်ဝေးမြေမှ ချစ်သမီးသို့”


အတွေးတို့က ယိမ်းထိုးနေသည်။ တည်ငြိမ်မှု မရှိ။ အင်တာနက်ကဖေးပေါ်မှာ ဝေးဝေးမှတခါတရံပဲ တွေ့ခွင့်ရတဲ့
ချစ်သမီးလေးက “အဖေ သမီးတို့ကို ချစ်သေးရဲ့လား” တဲ့..... နှလုံးအိမ်အတွင်းမှာ ထိခိုက်နာကျင်သွားသည်...
“မေးရက်လိုက်တာ သမီးလေးရယ်..”အတိတ်ရပ်ဝန်းဆီသို့ အတွေးတို့ခုန်ထွက်သွားပြီး..?

ထိုင်းနိုင်ငံ မဲဟောင်ဆောင် ခရိုင်အတွင်းရှိ နန်းဆွယ်ရွာလေး၏ သီတင်းကျွတ်မီးထွန်းပွဲတော်သို့ ကျနော်
ရောက်ရှိသွားခဲ့သည်။ ရည်ရွယ်ချက်မဲ့စွာ ပွဲဈေးတန်းအတွင်း လှည့်ပတ်ကြည့်ရှုနေဆဲ။

ကျနော့်မျက်လုံးများက မြန်မာပြည်မှ လာရောက်ရောင်းချသော ဘုရားပုံကားချပ်များကို အကြည့်ရောက်သွားခဲ့သည်။ လိုချင်တပ်မက် စိတ်တို့ကလည်း ထိန်းသိမ်း၍ပင်မရခဲ့။ အိပ်ကပ်အတွင်းမှာ ငွေနှင့်တူ၍ ခြူးတပြားမှ မပါ။ အိမ်မှာလည်း မရှိ။ မိသားစု စားဝတ်နေရေး မပြည့်စုံ မချောင်လည်သည့်ဘဝ။ ဒီကြားထဲ ကျန်းမာရေးမကောင်း၍ ဗိုက်ခွဲကုသခံခဲ့ရသည်။ ဝမ်းဗိုက်မခွဲခင် သေလုမျောပါးဖြစ်နေသော ကျနော့်ကို အားလုံးက လက်လျှော့ထားလိုက်ကြသည်။ သေမည့်နေ့ကို စောင့်ကြည့်နေကြသလို။ ဘာမျှမတတ်နိုင်ကြ။

အဲဒီအချိန်မှာ ကံတရားက ဖေးမကူညီလိုက် သည်လားတော့ မသိ။ သူငယ်ချင်းတဦးရောက်လာပြီး ဆိုင်ကယ်နှင့် မဲဟောင်ဆောင်ဆေးရုံကြီးသို့ ခေါ်ဆောင် သွားသည်။ ဆေးရုံကို ရောက်ရောက်ချင်း ဆရာဝန်နှင့် သူနာပြု များမှ အရေးပေါ်ခွဲစိတ်ကုသရန် လိုအပ်ကြောင်းပြောကာ ချက်ချင်းပင် ခွဲစိတ်ခန်းအတွင်းသွင်းပြီး အသက်လု ခွဲစိတ်ကုသပေးမှုကြောင့်သာ ယနေ့အချိန်ထိ အသက်ရှင် နေထိုင်နိုင်ခြင်းဖြစ်သည်။ ဆရာဝန်နှင့် သူနာပြုဆရာ ဆရာမတို့ ကျေးဇူးတရားကို ကျနော်ဘယ်သောခါမျှ မမေ့နိုင်တော့။ ဆေးရုံမှဆင်းခွင့်ရသောအခါတွင်လည်း ခွဲစိတ်ခကုန်ကျစရိတ်မပေးနိုင်သည်ကို ခွင့်လွှတ်ပေးရုံတင်မက ဆက်လက်သောက်သုံးရန်ဆေးဝါးနှင့်တကွ အိမ်အပြန်လမ်းစရိတ်ငွေ ၂၀၀ ဘတ်ကိုပင် ပေးကမ်းလိုက်သေးသည်။

မီးထွန်းပွဲတော်၌ ကျနော်လည်ပတ်နေချိန်တွင် ဆေးရုံဆင်းခဲ့ပြီးနောက် ၆ လကျော်ကျော်အချိန်ဖြစ်သည်။ ပွဲဈေးထဲ လှည့်လည်လျှောက်သွားရင်း လက်ဝှေု့စင်တခုအနီးသို့ ရောက်ရှိသွားမိသည်။ စိတ်တို့က ဟိုရောက် ဒီရောက်၊ အတွေးနှင့် မျက်လုံးအိမ်အတွင်းသို့ ဘုရားပုံကားချပ်များကတလှည့် မွေးဖွားခါနီး အိမ်သူဇနီး၏ မျက်နှာကတလှည့် လူ့လောကသို့ အပြစ်မဲ့စွာဝင်ရောက်လာမည့် ရင်သွေးငယ်အတွက် ထွေးပတ်စရာအနှီးပင် မစုဆောင်းရသေး။ ကျနော့်အတွက် ငွေကြေးအပူတပြင်း လိုအပ်နေပေပြီ။

ဆုံးဖြတ်ချက်တခုကို ပိုင်ပိုင်နိုင်နိုင်ချလိုက်သည်။ လိုအပ်သောငွေရရှိရန်အတွက် လက်ဝှေ့ပြိုင်ပွဲတွင် ဝင်ရောက် ထိုးသတ်ယှဉ်ပြိုင်ရန် စာရင်းသွင်းလိုက်သည်နှင့် ထိုင်းလက်ဝှေ့ဒိုင်လူကြီးများက ကျနော်နှင့် ထိုးသတ်ရမည့် ပြိုင်ဘက်ကို ရွေးပေးကြသည်။ ကိုယ်နှင့် ယှဉ်ပြိုင်ဘက်ကို ကြည့်လိုက်သောအခါ အရပ်အမောင်း အလွန် ကောင်းပြီး ကျစ်လစ်ခိုင်ခန့်နေသည်ကို တွေ့ရသည်။ အနိုင်ထိုးသတ်နိုင်လျှင် ဆုကြေးငွေ ဘတ်၅၀၀ ရရှိမည်ဖြစ်ပြီး ရှုံးနိမ့်ပါက ဘတ်၂၅၀သော ငွေကြေးကိုသာ ရရှိမည်ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ကျနော်ထိုးသတ်ရန် သဘောတူ၍ စိန်ခေါ်လိုက်သည်။

ခက်နေသည်က ကျနော့်ကို ရေတိုက်ပြုစုမည့်သူပင်မရှိ။ တဘက်လူအတွက်မှာတော့ အစစအရာရာ ပြည့်စုံနေပေသည်။ ထိုးသတ်ရာတွင် ဝတ်ဆင်ရန်အတွက် ဘောင်းဘီတိုမရှိ၍ ငှားရ သေးသည်။ လက်ဝှေ့စင်ပေါ်သို့ ရောက်သောအခါ သူ့ကိုအားပေးမည့် ပရိသတ်ကအပြည့် ကျနော့်ဘက်မှာက မြန်မာပြည်မှ ဘုရားပုံကားချပ်များကို လာရောက်ရောင်းချသော ရှမ်းပအို့ဖြစ်သူ ကိုဆောင်းဦးတဦးသာ ရှိနေပေသည်။ ဒိုင်လူကြီးမှ စလွှတ်သည်နှင့် သူနှင့်ကျနော်တည်၍ ထိုးသတ်ကြသည်။ အရပ်ပုသော်လည်း လက်မြန် ခြေမြန်ရှိသော ကျနော့်ကို တော်တော်နှင့်မထိုးနိုင်။ အရှောင်အတိမ်းကောင်းသောကြောင့် အတော်သက်သာရာ ရခဲ့သည်။ ပရိသတ်ကလည်း ပွဲဆူနေပေပြီ။

ပထမအချီမှ တတိယအချီသို့ပင် ရောက်ရှိခဲ့ပါသည်။ ကျနော်အလွန် မောဟိုက်နေသော်လည်း မမြင်ရသေးသည့် ရင်သွေးငယ်အတွက် ခွန်အားတို့က ပြည့်ဝနေခဲ့သည်။ တဘက်လူက ကျနော့်အားနည်းချက်ကို မည်သို့သိရှိသွားသည်မသိ။ တတိယအချီ တာလွှတ်သည့်နှင့် ဝမ်းဗိုက်ကိုသာ သဲကြီးမဲကြီး ဦးတည်တိုက်ခိုက်သည်။ ခြေထောက်နှင့် ကန်သည်။ ပူးမိလျှင်လည်း ဒူးနှင့်တိုက်သည်။ နောက်ဆုံး ကြိုးဝိုင်းထဲမှာ ကျနော်ဘုန်းဘုန်းလဲကျသွားတော့သည်။ လဲကျနေသောကျနော့်ကို ကိုဆောင်းဦးက တွဲကူ၍ စင်အောက်သို့ဆင်းခဲ့ရသည်။ အရှုံးအတွက် ဆုကြေးငွေ ၂၅၀ ဘတ် ရရှိလိုက်သည်။ အသက်ရှူမှားလောက်အောင် ခံစားနေရသော ကျနော့်ကို ကိုဆောင်းဦးမှ “ညီလေး မင်းကိုလေးစားတယ်၊ ကိုယ့်မြေကိုယ့်ရေမှာ မဟုတ်ပေမဲ့ သတ္တိရှိရှိနဲ့ အကောင်းဆုံးရင်ဆိုင် ထိုးသတ်ခဲ့တယ်။ မင်းကို ဂုဏ်ပြုတဲ့အနေနဲ့ လိုချင်တဲ့ဘုရားပုံကားချပ်တွေ ကြိုက်တာကိုသာ ရွေးယူလိုက်ကွာ။ အကိုမင်းအတွက် လက်ဆောင်ပေးမယ်။ မြန်မာ ဆိုတာ ဘယ်နေရာရောက်ရောက် သတ္တိအရာမှာ မခေဘူးဆိုတဲ့ဂုဏ်ပုဒ်နဲ့တင် အကိုကျေနပ်တယ်” တဲ့။

လေးလံထိုင်းမှိုင်းနေသော ခန္ဓာကိုယ်ကြီးကို သယ်ဆောင်ရင်း လက်ထဲမှာကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားတဲ့ ငွေ၂၅၀ဘတ်ဟာ လူ့လောကကြီးထဲကို ရောက်လာတော့မယ့် ရင်သွေးငယ်အတွက် အကျိုးတစုံတရာရှိမယ်ဆိုတာ ကျနော်ယုံကြည်နေမိပါတော့သည်။
(၁၀ နှစ်နီးပါး အနေဝေးကွာနေသော ချစ်သမီး သိစေရန် ရည်ညွှန်းရေးသားပါသည်။)

by Win Ko on Thursday, February 23, 2012 at 10:04am
အုပ်ကြီးဖေ
23-02-2012 
http://www.ex-absdf.com/2012/02/blog-post_9453.html#more မှ အလွမ်းပြေ ကော်ပီကူးထားပါသည်။
Palenat

“လူပျက်ဇာ၈နာ သူရ ခွေသရမ်းကြီး သို့ လိပ်မူခြင်း”



"http://www.youtube.com/embed/7Irr0ruwcs8" နှင့်ပတ်သတ်၍
အမြင်များကို စုစည်းဆန္ဒပေးခြင်း

“ခွင့်လွတ်တယ်ဆိုတာ ခွင့်လွတ်ဖို့ ထိုက်တန်ရဲ့လား - မတန်ဘူးလား၊ ချင့်ချိန်သင့်ပါတယ်။
ဒီနေ့အတိုင်းအတာအထိအောင် သက်ဆိုင်တဲ့အနှိပ်စက်ခံခဲ့ရသူတွေက တာဝန်ယူဖြေ၇ှင်းပေးဖို့
တရားသောနည်းလမ်းဖြင့်တောင်းဆိုနေတာကိုတောင် ယောကျာင်္းတွေပီပီ ကိုယ့်အပြစ် ကိုယ်ဝန်မခံရဲဘူး။
ကိုယ်တာဝန်ကိုတောင် ကိုယ်တာဝန်မယူရဲတဲ့ သူတွေကို မတရားခံခဲ့ရတဲ့သူတွေက ကြိုပြီးတော့
ခွင့်လွတ်ဖို့ဆိုတာ အကြံပြုသူက ခွေးသရမ်းကြီး-လူပျက်ဇာဂနာ (ညိုမြရေးခဲ့တဲ့ ခွေးသရမ်းကြီးလွတ်နေပြီ)လား?
မတရားအဓမ္မပြုမူတာတွေကို မလိုအပ်ပါဘဲ ခွင့်လွတ်တယ်ဆိုတာ ကြံရာပါအဖြစ် အထမြောက်တယ်နော်။
အမှုမှန်ကိုတောင် ဒါ - တကယ့်တရားခံပါ၊ တကယ့်လူသတ်တရားခံပါ လို့ ပီပီပြင်ပြင် မဖော်ထုတ်နိုင်သေးဘူး
- ခွင့်လွတ်ဖို့တဲ့, အမှုမှန်အတွက် ဖော်ထုတ်နေကြတဲ့ သူတွေက ဘာတွေလဲ- အရှက်မရှိ
သောက်တင်းပြောနေကြတဲ့ သဘောလားဗျာ။ ကြည့်လဲလုပ်ပါဦး - ဒါသမိုင်းအမှန်ဆိုရင်
လူပျက်ခွေးသရမ်းကြီး - ရယ်စရာတွေလျှောက်မပြောနဲ့၊ သွေးတွေ ထပ်ထွက်နေဦးမယ်”
(ဆန္ဒမှန်တွေကို တင်ပြပေးကြပါ - ဇာ၈နာဒီလိုပြောတယ်ဆိုတာမျိုးနဲ့ ငြိမ်နေရင်
ဆိတ်ဆိတ်နေ=၀န်ခံသဘောတူရာ ရောက်နေပါလိမ့်မယ်ဗျား)။

မြောက်ပိုင်းကျောင်းသားတွေကို သတ်တဲ့ကိစ္စကိုစဉ်းစားခိုင်းတဲ့ ကိုသူရ(ဇာဂနာဂတုံးကြီး)သို့ -
ကျနော်အိုးဝေအောင်က စဉ်းစားမိသမျှ အနည်းငယ်ရေးချလိုက်မိပါတယ်။
ဇာဂနာက မြောက်ပိုင်းကိစ္စကို ပေါ့ပျက်ပျက်ပြောသွားတယ် လို့ ကွန်မန့်တချို့မှာဖတ်ခဲ့မိလို့
ကွန်မန့်ပြန်ရေးပြီး ”ဘယ်မှာပြောသွားတာလဲ။ ညွှန်ပြပေးဖို့“ ပြန်မေးခဲ့ပေမယ့်
-လိုချင်တဲ့ လင့်ခ် စောင့်ပေမယ့်  မရခဲ့လို့-ကိုယ်တိုင်ရှာဖွေလိုက်တော့ အခုတွေ့ရှိခဲ့ပါတယ်။

အဲဒီစကားကို ကိုသူရက ၂၀၁၂ခု၊၂လပိုင်း၊၄ရက်နေ့ ၊၀ါရှင်တန်ဒီစီမှာလုပ်ခဲ့တဲ့
ဆွေးနွေးပွဲ ယူကျု ရုပ်သံဖိုင် (၂၃း၁၆) မှာ စပြီး ပြောခဲ့တာကို လေ့လာတွေ့ရှိရပါတယ်။
http://youtu.be/7Irr0ruwcs8
<iframe width=560 height=315 src="http://www.youtube.com/embed/7Irr0ruwcs8" frameborder=0 allowfullscreen=""></iframe>

ဇာဂနာပြောတဲ့ မြောက်ပိုင်းကိစ္စအကြောင်းအရာ အကျဉ်းချုပ်က--
” အခုမီဒီယာတွေမှာ ထိုးတင်နေကြတာ မြောက်ပိုင်းမှာ ကျောင်းသားတွေကို သတ်ဖြတ်တဲ့ကိစ္စ။ အဲဒီမှာ
သတ်တဲ့အရေအတွက်နဲ့ စစ်တပ်က သတ်ခဲ့တဲ့ မြန်မာလူမျိုးအရေအတွက် ဘယ်ဟာပိုများလဲ။
....ထိန်လင်းတို့၊ မောင်မောင်ဝမ်းတို့ သူတို့ တကယ်ကြုံခဲ့တာ မှန်ပါတယ်။ ...ဘယ်သူလှည့်ကွက်ထဲကို
ဘယ်သူဝင်နေတယ်ဆိုတာ နည်းနည်းစဉ်းစားကြပါဦး။...ကျနော်တို့ကိုယ်တိုင် ပုရွက်ဆိတ်တွေ
ဖြစ်ကုန်တယ်။ အဲဒါလေးလည်း စဉ်းစားစေချင်တယ်....”တဲ့။

ကိုသူရကို ကျနော်စဉ်းစားမိတာလေး ပြန်ရေးပြလိုက်ပါတယ်။ “မြန်မာစစ်တပ်နဲ့စစ်ထောက်လှမ်းရေးတွေ
သတ်ခဲ့တယ်ဆိုတာက သူတို့ကသူတို့နဲ့ဆန့်ကျင်ဘက်မှန်သမျှကို ရန်သူလို့ သဘောထားပြီး
သတ်ခဲ့တာ။ သူတို့သတ်တာ ရှင်းတယ်။ မထူးဆန်းဘူး။ ရန်သူကို ရန်သူလိုမြင်ပြီး သတ်တာ။

မြောက်ပိုင်းမှာသတ်ခဲ့တဲ့ကိစ္စက ကိုယ့်တော်လှန်ရေး ရဲဘော် ရဲမေ မိတ်ဆွေအချင်းချင်းကို ရန်သူလို့ စွပ်စွဲပြီး
သတ်တာ။ အရေအတွက်နည်းပေမယ့် အရမ်းကိုထူးဆန်းတယ်။ မြန်မာ့သမိုင်းမှာ မေ့ခိုင်းလို့မရတဲ့ သတ်ဖြတ်မှု..။

အဲဒီသတ်ဖြတ်မှုကို မြန်မာစစ်တပ်က သတ်ဖြတ်မှုထက် အရေအတွက်မများဘူး၊ ..ဆိုတိုင်း forgive လုပ်မခိုင်းပါနဲ့။
forget လည်း လုပ်မခိုင်းပါနဲ့။ အရေအတွက်ထက် အရည်အချင်းက ဒီကိစ္စမှာ အရေးပိုကြီးပါတယ်။

လူသတ်တဲ့စစ်တပ်က သူ့သမားရိုးကျအလုပ် လူသတ်ရမှာ၊ လူသတ်တဲ့ အရည်အချင်းနဲ့
ပြည့်စုံရမှာ ထူးဆန်းစွာဖော်ထုတ်စရာ မလိုဘူး။ ပေါ်နေပြီးသား။ အေး..ဒါပေမယ့်..လူသတ်တဲ့
စစ်တပ်ကို ပြုပြင်ပြောင်းလဲ ပြောင်းပြန်လှန်ကာ- တော်လှန်ချင်လို့- တော်လှန်ရေးလုပ်ဖို့
လာကြတဲ့ ကျောင်းသားတွေက- သူတို့အချင်းချင်း ပြန်သတ်ကြတဲ့ သမားရိုးကျမဟုတ်တဲ့ ..
မှားယွင်းတဲ့ အတွေးအခေါ်တွေ ..အရည်အချင်းတွေနဲ့ ဖောက်ပြန်ရက်စက်စွာ ခေါင်းဖြတ်သတ်ခဲ့ကြတဲ့ အမှုက
အရမ်းကို ထူးဆန်းနေတယ်။ အဲဒါတွေ နှစ်၂၀ကျော် မပေါ်ခဲ့လို့ အခု ဖော်ထုတ်နေတယ်။

အဲဒီ မတရားတဲ့ ..ထူးဆန်းတဲ့ ..ကိုယ့်အချင်းချင်း ပြန်သတ်တဲ့ အမှု  ပေါ်ခဲ့တာဟာ -ကိုသူရရဲ့
ပရုပ်ဆီအ၀ိုင်းခံရတဲ့ ပုရွက်ဆိတ်ဥပမာကို လွန်ခဲ့တဲ့နှစ်၂၀ကျော် ကာလကတည်းက အဲဒီ
လူသတ်သမားတွေဆီ ကြိုတင် အမှီ သတင်းစကား မပို့ပေးနိုင်ခဲ့တဲ့ ကိုသူရရဲ့ အားနည်းချက်လို့ အပြစ်တင်ချင်တယ်။


ဒါ့ကြောင့် မြောက်ပိုင်းက လူသားစားပုရွက်ဆိတ်တစုဟာ သူတို့ကိုယ်တိုင် မြောက်ပိုင်းကွင်းထဲ ၀ိုင်းထိုင်ပြီး- ပုရွက်ဆိတ်
တော်လှန်ရေးသမားအချင်းချင်း ခေါင်းဖြတ်ကိုက်သတ်ပြီး ပြီးသွားခဲ့ပြီထင်ခဲ့ပေမယ့် -

အခု သူတို့ကွင်းထဲကနေ သူတို့ကိုယ်တိုင် မရုန်းထွက်နိုင်ဘဲ ရှိနေသေးတာမို့ -
ဒီကွင်းထဲက ရုန်းကန်ရှင်သန်ခြင်း မရှိအောင်-
ဒီကွင်းထဲမှာပဲ လုံးပါးပါးပြီးကြိုးကွင်းစွပ်ပြီး သေအောင်အမှုမှန်ဖော်ထုတ်နေမှုတွေကို မှေးမှိန်အောင် -
ကိုသူရတို့ လို လူတွေ လှည့်ကွက်စကားတွေ ၀င်မပြောသင့်ပါ..လို့ စဉ်းစားမိတဲ့အတိုင်း ရေးချလိုက်ပါတယ်။

အရေအတွက်နဲ့အရည်အချင်း ကွဲပြားပါစေ ကိုသူရ ဇာဂနာနဲ့ အပေါင်းအသင်းတို့ရေ။
အိုးဝေအောင် ၏ စာမျက်နှာကို တွေးမြင်ခံစားရင်း ကျွန်တော်၏ဆန္ဒမှန်ကို အများနဲ့စုစည်းကြည့်တာပါ!

· · Share

  • 12 shares

    • Ma Su Mon ခင်ဗျားတို့ ပိုင်ရင်တော့ လုပ်ကြပေါ့ဗျာလို့ ပြောသွားတဲ့ သူ့နောက်ဆုံးစကားကို မှတ်မှတ်သားသားဖြစ်မိတယ်..
      13 hours ago · · 5

    • Hm SoeMinn ဒီဂတုံးကြီး စကားကို လက်လွတ်စပယ် ပြောပေါင်းများပြီ။ လူတောထဲဝင်ပြီး လူတွေနဲ့ စကားပြောပါ များလေ လူပျက်မှန်း သိသာလေပဲ။။။
      12 hours ago · · 5

    • Khant Ko Ko
      လွတ်သွားတဲ.သဘောမျိုးရောက်နေပြီ ပေးဆပ်ခဲ.ရတာတွေကိုလေးစားပါတယ် ကိုစိုးမင်းပြောသလိုဘဲ ငါပြောရင် မှန်ရမယ်ဆိုတဲ.စိတ်မျိုးနဲ.လက်လွတ်စပါယ်ပြောတာအတော်များပြီ အဖွဲ.ကိုထိခိုက်စော်ကားတာမဟုတ်ဘူး မြောက်ပိုင်းလူသတ်တရားခံတွေကို အမှန်တရားကိုဝန်ခံခိုင်းေ...See More

      11 hours ago · · 4

    • Thar Swe ပထမဆုံး စမ်းစစ်လေ့လာရမှာက ကိုဇာဂနာရဲ့ အခြေအနေဖြစ်ပါတယ်။
      10 hours ago · · 1

    • Thar Swe ကိုဇာဂနာမှာ ပြဿနာတွေရှိပါတယ်။
      10 hours ago · · 1

    • Thar Swe ကိုဇာဂနာဟာ မီဒီယာတွေနဲ့ ပြဿနာဖြစ်ဘူးပါတယ်။
      10 hours ago ·

    • Thar Swe ဇာဂနာ ဘာ့ကြောင့် အဲဒီအချိန်၊ အဲဒီနေရာ၊ အဲဒီ ပရိတ်ဿတ်ရှေ့ မှာ အဲဒီလိုပြောသလိုဆိုတာ ကျနော် သုံးသပ်ဆွေးနွေးချင်တယ်။ သိချင်တယ်ဆိုရင် ကျနော်ဆွေးနွေးချက်ကို ကျနော် ဒီမှာ ရေးပြပါမယ်။ ကိုဇာဂနာကို ပုဂ္ဂိုလ်ရေးထိခိုက်သလိုမဖြစ်ရအောင် အတတ်နိုင်ဆုံး ရှောင်ကွင်းရေးပါမယ်။ ထိခိုက်တာပါသွားခဲ့ရင်လည်း ခွင့်လွှတ်ပါလို့ ကျနော်ပြောချင်ပါတယ်။
      10 hours ago ·

    • Thar Swe နိုင်/ကျဉ်းလွတ်မြောက်ရေးမှာလည်း လွဲချော်မှုတွေ ဖြစ်ဖူးတဲ့အတွက် သူ့အပေါ် ယုံကြည်မှုကျဆင်းတာမျိုးလည်းကြူံခဲ့ရသူဖြစ်ပါတယ်
      10 hours ago · · 1

    • Thar Swe နိုင်/ကျဉ်းထောက်ပံ့ရေးမှာလည်း aapp ကို ခလုပ်သွားတိုက်မိလို့ ကိုဇာဂနာတောင်းပန်ခဲ့ရတာရှိပါတယ်
      10 hours ago · · 3

    • Thar Swe ပြည်တွင်းမှာလည်း စစ်ထောက်လှမ်းရေးအကြီးအကဲဖြစ်သူ ခင်ညွန့်ကိုလည်း ပထမဆုံး ဖက်လှဲတကင်းလုပ်ခဲ့တဲ့အတွက် ဒီမိုကရေစီ အင်အားစုတွေ ပြည်သူတွေမှာ အံ့သြတကြီးဖြစ်စေခဲ့တဲ့လူဖြစ်ပါတယ်
      10 hours ago · · 3

    • Thar Swe ပြည်တွင်းက ပရိဟိတလုပ်ငန်းအပါအ၀င် ဒီမိုကရေစီရေးလှုပ်ရှားမှုတွေမှာ တချို့ ထင်ရှားတဲ့ လူပုဂ္ဂိုလ်တွေ၊ အစုအစည်းတွေနဲ့ ကိုဇာဂနာဟာ ကင်းကွာသထက် ကင်းကွာမှုဖြစ်လာပြီး အမြင်ကွဲလွဲမှုတွေလည်း ကြုံတွေ့နေရတာဖြစ်ပါတယ်။
      10 hours ago · · 2

    • Thar Swe
      အထက်မှာ ကျနော်တင်ပြခဲ့တာတွေက ကိုဇာဂနာရဲ့ အခြေအနေဖြစ်ပါတယ်။ သူအမေရိကန်ရောက်တော့ ခုလိုပွဲမျိုးမှာ သူဘာပြောမလဲ၊ အခြေနေ အချိန်အခါကို တွက်ဆပြီးတော့ ပြောတဲ့သဘောဖြစ်ပါတယ်။ ရွှေပွဲလာပရိဿတ်တွေဆိုတာ တော်လှန်ရေးအင်အားစုတွေကနေ တတိယနိုင်ငံတခုကို နည်းအမျု...See More

      10 hours ago · · 1

    • Thar Swe
      ဒါတင်ပဲလားဆိုတော့ ပြည်တွင်းမှာ မြောက်ပိုင်းမှာ အသတ်ခံခဲ့ရသူတွေအတွက် နှစ် ၂၀ အထိမ်းအမှတ် လုပ်တဲ့ပွဲတွေကိုလည်း သေးသိမ်တဲ့သဘောမျိုးနဲ့ပြောသွားတယ်။ ဒါဟာ ကိုဇာဂနာမှာ မီဒီယာနဲ့တင် ပြဿနာ မဟုတ်တော့ပဲ ပြည်တွင်းက အင်အားစုတွေနဲ့ပါ တစုံတရာ ပြဿနာရှိနေတယ...See More

      10 hours ago · · 5

    • Thar Swe နောက်တခါ ထူးဆန်းတာက ဒေါ်စုရဲ့ ခရီးစဉ်မှာ ကြံ့ဖွတ်ဖက်က ခရီးစဉ်အဟန့်အတားဖြစ်အောင်လုပ်တဲ့သဘော စည်းရုံးရေးမအောင်မြင်အောင် ယုတ်မာတဲ့နည်းတွေသုံးနေတဲ့ သတင်းတွေကို သတင်းမီဒီယာတွေက ဖော်ပြတာကိုလည်း ပြစ်တင်ဝေဖန်ပြောဆိုသွားတယ်။ မကြိုက်သလိုပြောသွားတယ်။ ဒါလည်း အံ့သြစရာကောင်းတယ်။
      9 hours ago · · 5

    • Thar Swe ဒါကြောင့် ကိုဇာဂနာကို ကျနော် ဂရုထဲ ဖိတ်ခေါ်ခဲ့တာဖြစ်ပါတယ်။ မြောက်ပိုင်းကိစ္စကို ဘယ်သူတွေ ဘယ်လိုဖြေရှင်းဆောင်ရွက်နေကြတယ်ဆိုတာ သိစေချင်တဲ့သဘောနဲ့ ဖိတ်ခေါ်လိုက်တာဖြစ်ပါတယ်။
      9 hours ago · · 1

    • Thar Swe ကိုဇာဂနာ ဂရုထဲမှာ သေချာလေ့လာမိတဲ့အခါမှာ အံ့အားသင့်သွားပါလိမ့်မယ်။ ဒီလူတွေဟာ ကိုဇာဂနာထင်သလို ရန်သူပျောက်နေတဲ့လူတွေမဟုတ်။ ရန်သူကိုဆန့်ကျင်နေတဲ့လူတွေဖြစ်သလို၊ ကိုယ့်အချင်းချင်းမှာလည်း ဒီလို ဒီလိုနည်းလမ်းတွေနဲ့ ဖြေရှင်းဖို့ ကျိုးစားနေတဲ့လူတွေဖြစ်တယ်ဆိုတာ ကိုဇာဂနာ သိသွားပါလိမ့်မယ်။
      9 hours ago · · 2

    • Thar Swe
      ဒီထဲမှာရှိတဲ့လူတွေအားလုံးဟာ ကိုဇဂနာအပါအ၀င် နိုင်/ကျဉ်းတွေလွတ်မြောက်ရေး လှုပ်ရှားတောင်းဆိုသူတွေ။ ဒီပယင်းကိစ္စကို နိုင်ငံတကာရှေ့ မှောက်ရောက်အောင် ကြိုးပမ်းခဲ့သူတွေ။ ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးမှာလည်း သံဃာတော်တွေ ကျောင်းသားပြည်သူတွေဖက်က ရပ်တည်ပံ...See More

      9 hours ago · · 6

    • Thar Swe ကျေးဇူးတင်ပါတယ်။ ကျနော့်သုံးသပ်ချက်ထဲမှာ ကိုဇာဂနာကို စော်ကားတယ်၊ ပုဂ္ဂိုလ်ရေးတိုက်ခိုက်သလိုပါတယ်လို့ မြင်ခဲ့ရင် ကျနော်တောင်းပန်ပါတယ်။ ကျနော် ရိုးရိုးသားသားနဲ့ သုံးသပ်တင်ပြတာပဲဖြစ်ပါတယ်။
      9 hours ago ·

    • Khant Ko Ko
      အမှန်တရားဆိုတာအမြင်မတူညီတာတွေကိုညှိုနှိုင်းအဖြေရှာခြင်းပါ ကိုသားဆွေရေ ဘျွာစိတ်အနှောင်.အယှက်ဖြစ်မနေပါနဲ. ဇာဂနာလိုလူမျိုးက ကျွန်တော်တို.လိုအဆင်.ကိုပြန်လည်ခြေပမှာမဟုတ်ပါဘူး ဒါပေမဲ. ဒီထဲက ကော်မန်.တွေကိုဖတ်မိရင်တော. ကိုဇာဂနာ စဉ်းစားမိလိမ...See More

      9 hours ago · · 3

    • Dogthanshwe Shwe အချိန်နဲ့ အချိန်အခါ ကိုကည့်ပြီးတော လုပ်ုကပါအုံး မြည်မာပြည် ဒီမိုကရေစီ မရသေခင်မှာ ဒီမိုကရေစီ အင်းအားစုတွေမှာ အချင်းချင်း ပြန်တိုက်ခိုက်နေတယ်ဆိုရင် ဘယ်သူတွေက ၀မ်းသာနေမလဲ ဆိုတာ စန်းစာုးကပါအုံး
      8 hours ago · · 1

    • Khin Yu Yu သူဟာ လူပြက်တယောက်။ သူ့ အရည်အချင်းကဒီလောက်ပဲ။ လူကြီးတယောက် ဖြစ်နိုင်တဲ့အရည်အချင်းစိတ်နှလုံး ပြည့်ဝမှု မရှိဘူး။မယုံရင် သူ့ ကို ရာထူးတခုခု သို့ မဟုတ် လုပ်ပိုင်ခွင့် တခုခုလောက်ပေးကြည့်လိုက်။ လူအများစိတ်ဆင်းရဲရတာပဲအဖတ်တင်လိမ့်မယ်။
      7 hours ago · · 4

    • Ko Balai Aung Soe
      လူဆိုတာက ပြောမှားဆိုမှားတော့ ရှိကြတာပေါ့..။ အချင်းချင်းပြောမှား ဆိုမှား ဖြစ်လာခဲ့ရင်...အပြုသဘောဘောင်ထဲကနေ...ကိုဇာဂနာပြောတာ ဒီနေရာမှာ- မှားနေတယ်- ဒီနေရာမှာ ဒါမျိုးမပြောသင့်ဘူး ဆိုပြီး.. .ဝေဖန်- ထောက်ပြပြောဆိုတာဟာ...အကောင်းဘက်ကို ဦးတည်ပါတယ်။...See More

      7 hours ago · · 2

    • Aung Khing
      ထပ်ပြောခွင့်ပြုကြပါခင်ဗျား “ခွင့်လွတ်တယ်ဆိုတာ ခွင့်လွတ်ဖို့ ထိုက်တန်ရဲ့လား - မတန်ဘူးလား။ ချင့်ချိန်သင့်ပါတယ်။ ဒီနေ့အတိုင်းအတာအထိအောင် သက်ဆိုင်တဲ့အနှိပ်စက်ခံခဲ့ရသူတွေက တာဝန်ယူဖြေ၇ှင်းပေးဖို့ တရားသောနည်းလမ်းဖြင့်တောင်းဆိုနေတာကိုတောင် ယောကျာင်္း...See More

      7 hours ago · · 3

    • Ko Balai Aung Soe ခွင့်လွှတ်သင့် ခွင့်လွှတ်ထိုက်တဲ့အမှားကိုတော့ ခွင့်လွှတ်ရ မှာပဲ...ခွင့်မလွှတ် သင့်- ခွင့်မလွှတ်ထိုက်တဲ့အမှား ကိုတော့...ဘယ်လိုလုပ်လုပ် ခွင့်လွှတ်ပေး လို့မရပါဘူး။ လုပ်ရဲပြီး မခံရဲသူတွေကြောင့် ပြဿတွေဟာ တိုးပွါးနေတာပါ..။
      6 hours ago · · 3

    • Htat Aung ရဲဘော်ဂတုန်း ကိုယ်မသိတဲ့ကိစ္စကို ၀င်ရောက်ပြီးမပါမိပါစေနဲ့ မြေက်ပိုင်းက လူသတ်မှုဟာ ရဲဘော်နဲ့ အလှမ်းဝေးပါတယ် ပေါ့ပျက်ပျက်မပြောနဲ့ ဒါလူပျက်ဇာတ်ခုံမဟုတ်ဘူး သေသွားတာ တကယ်တော်လှန်ရေးသမား ကျောင်းသားတွေ အဲဒါကိုဖဲရိုက်သလို ဒီဖဲနဲ့ဟိုဖဲကို ချေလိုက် ကျန်တာကိုအမှတ်ပေါင်းမယ်တော့မလုပ်နဲ့လေ အဲဒါသမိုင်းတွေ အရော်အစားလုပ်နေတာမဟုတ်ဘူး
      6 hours ago · · 6

    • Htat Aung
      ရဲဘော်ကပြောသေးတယ် အန်တီစုကိုဘောလုံးကွင်းမှာ တရားမဟောရတာကို မီဒီယာဒါကိုပဲပြောနေတယ် ဘာလဲ အကြွေးဒေါ်လာ12 ဘီလီယံတင်တာမပြောဘူးတဲ့ ဒီမှာရဲဘော်နိုင်ငံတိုင်းမှာအကြွေးမကင်းဘူး ရဲဘော်ကြီးဇနီးနေတဲ့ အမေရိကန်ကြီးဆိုပိုဆိုးသေးတယ် အကြွေးဆိုတာအဲဒါမြန်မာပြည...See More

      6 hours ago · · 3

    • Htat Aung နောက်တခုရဲဘော်မှားသွားတာ် ဗိုလ်ချုပ်အောင်ဆန်းရုပ်ရှင်မှာ ပြည်တွင်းက ရုပ်ရှင်သရုပ်ဆောင်တွေကိုမသုံးဘူးလို့ပြောတယ် အဲဒါမလုပ်ရဘူး ကိုယ့်အနုပညာရှင်အချင်းချင်းကိုစော်ကားသလိုဖြစ်တယ် အဲဒါကြောင့်အန်တီစုတို့ ၀င်ထိမ်းလိုက်ရတယ်မဟုတ်လား စေတနာနဲ့သတိပေးတာရဲဘော်
      6 hours ago · · 1

    • Htat Aung ရဲဘော်က လိုင်းပျောက်နေတယ် နိုင်ငံရေးကိုထဲထဲဝင်ဝင်လုပ်မှာလား လူပျက်လား တကိုယ်တော် အဆင်ပြေသလိုပြောနေမှာလား လူမှုရေးလား အသက်တွေမငယ်တော့ပါဘူး တခုခုကိုဆုံးဖြတ်ပါ
      6 hours ago · · 5

    • Htat Aung အင်အန်ဒီမှာပညာတတ်မရှိဘူးလို့ပြောတော့ ဆရာဦးဝင်းတင်ကပြောတယ် မဟုတ်လား ဂတုံးကြီးတို့လိုလူတွေလိုတယ် လာလုပ်ပါဆိုတော့ ဟိုလိုဒီလိုလုပ်နေတယ်
      6 hours ago · · 3

    • Htat Aung ရဲဘော်ကြီူးက ငါးခြောက်နဲ့ပရုပ်ဆီထဲကကိုမထွက်နိုင်ဘူး အခုလဲ အယ်အေမှာ ပရုပ်ဆီသွားဝိုင်းနေလောက်ပြီပေါ့ သေချာဝိုင်းနော် တော်ကြာ ကွင်းထဲကထွက်သွားအုံးမယ်
      6 hours ago · · 2

    • Ko Balai Aung Soe အခုလို...ကိုဇာဂနာကို ထောက်ပြဝေဖန်ထားတာတွေ အားလုံးကောင်း ပါတယ်...တခါတရံမှာ လူတချို့ဟာ... အောက်ခြေလွတ်ပြီး- ကိုယ်ဘာတွေလုပ်နေသလဲဆိုတာကိုယ်လည်းမသိသလို....နဘေးနားက ပရိတ်သတ်တွေလည်း ဘာပြောပြောလက်ခုပ်တီးပြီး- လက်ခုပ်မှုတ်တဲ့ ပရိတ်သတ်တွေ မဖြစ်ဖို့တော့လိုတယ်။ အမှားပြုသူတွေအနေနဲ့ ကိုယ့်အမှားကို တပါးသူကထောက်ပြ တဲ့အပေါ်... ကျေးဇူးတင်တတ်တဲ့ ကောင်းမွန်တဲ့ အကျင့်တွေကိုလည်း မွေးမြူတတ်ဖို့ လိုပါတယ်။
      6 hours ago · · 6

    • Maungmaung Skw
      ကိုဇာဂနာ သတိထားသင့်ပါတယ်
      စင်တိုင်းဟာ အငြိမ့်စင် မဟုတ်ဘူး
      လူတိုင်းဟာ ပျက်လုံးတွေကို
      ကြိုက်ကြတာမဟုတ်ဘူး
      ခင်ဗျားပြောသမျှ ခံနေကြမဲ့သူတွေ
      ...See More


    • Ko Ko Gyi ဘာပဲပြောပြော ပြည်သူတစ်ယောက်အနေနဲ့ ကိုသူရကိုလေးစားပါတယ်။ ပြည်တွင်းထဲမှာနေပြီး ထောင်ကျခံရဲတဲ့သတ္တိတစ်ခုတည်း နဲ့တင် လေးစားပါတယ်

    • Khu Daun
      ဒီမိုကရေစီအချင်းချင်းတိုက်ခိုက်နေတာမဟုတ်ဘူး... ဒီမိုကရေစီအကြောင်းပြော.. လူ့ အခွင့်အရေးပြော... တရားမျှတရေအတွက် တိုက်ပွဲဝင်နေပါတယ်လို့ ပြောပြီး.. အာဏာရူးပြီး ကိုယ့်ဘ၀တူသူတွေ ရက်ရက်စက်စက်သတ်... ပြီတော့ တောတွင်းခေတ်မကောင်းတော့ မြို့ ပေါ်တက်.. အဖ...See More

      about an hour ago · · 1