“အဆောက်အဦးထဲ ငွေ(၁)ဆ ဦးတင့်ဆန်းအိတ်ထဲ ငွေ(၂) မြန်မာ့ဂုဏ်ဆောင် ပြည်သူ့လွှတ်တော်အဆောက်အဦး”
![]() |
| အားကစားဝန်ကြီးဦးတင့်ဆန်း |
၎င်းထံ လာရောက်လုပ်ကိုင်သည့် Subကန်ထရိုက်တာများနှင့် ပစ္စည်းပေးသွင်းသူများသည် Billတင်သည့်အခါ (၃)ဆခန့်မြှင့်တင်၍ ဘောက်ချာဖွင့်ပေးရသည်။ Subကန်ထရိုက်တာများနှင့် ပစ္စည်းပေးသွင်းသူများသည် ဘောက်ချာ(၃)ဆခန့် မြှင့်တင်ပေးရသော်လည်း မူလပေါက်ဈေးအတိုင်းသာရ၇ှိပြီး ပိုငွေ(၂)ဆကို ဦးတင့်ဆန်းမှရ၇ှိသည်။ ဥပမာ V-Pile Co.,Ltdမှ 6“ Pileတစ်ချောင်းအတွက် တစ်ပေလျှင် 3.5$သာရ၇ှိသော်လည်း ဘောက်ချာတွင် 10.5$ တင်ရေးပေးရသည်။ ပိုငွေ7$tအား ဦးတင့်ဆန်းမှရ၇ှိသည်။
ဦးတင့်ဆန်းသည် ပစ္စည်းဖိုးပေါ်မှ အသားတင်အမြတ် နှစ်ဆရရှိသည်။ ၄င်း၏ အဆောက်အဦးကြီးကြပ်ခ (Supervision Fees)သည် စုစုပေါင်းကုန်ကျစရိတ်၏ 10%နှင့် မမျှော်မှန်းနိုင်သော Contingencyအတွက် 5% ရ၇ှိပါသည်။ နေပြည်တော်ကောင်စီ အထူးစီမံကိန်းများစစ်ဆေးရေးအဖွဲ့မှ ဦးတင့်ဆန်းသည် ကျပ်သိန်းပေါင်း၃သိန်းကျော အပိုထုတ်ယူထားကြောင်း၊ ပစ္စည်းဖိုးဘောက်ချာများ၌ ဈေးတင်ထားကြောင်း စစ်ဆေးတွေ့ရှိသော်လည်း ပြည်ထောင်စုဝန်ကြီးတစ်ဦးဖြစ်နေသဖြင့် ဆက်လက်မတင်ပြဘဲထားသည်။
ပြည်သူ့လွှတ်တော်ဥက္ကဌဦးရွှေမန်းမှလည်း ဦးတင့်ဆန်း၏ လုပ်ရပ်များကို အနည်းငယ်သာသိရှိသော်လည်း ဒေါသဖြစ်လျှက်ရှိသည်။ ၄င်း၏ ACE CONSTRUCTION COMPANYအား နေပြည်တော်ဆောက်လုပ်ရေးလောကတွင် မမြင်ချင်ကြောင်း ထုတ်ပြောသည့်အဆင့်အထိ ဖြစ်လာသည်။
လွှတ်တော်ဆောက်လုပ်စဉ်က လုပ်ငန်းခွင်မြင်ကွင်း
ယခု ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဖြစ်သည့်အခါ နိုင်ငံခြားမှ ဟိုတယ်လုပ်ငန်းရင်းနှီးမြှုပ်နှံမည့် ပြည်ပလုပ်ငန်းရှင်များနှင့် ဆွေးနွေးသည့်အခါတွင် ဟိုတယ်မြေနေရာပေးမည်၊ ၄င်း၏ ACE CONSTRUCTION COMPANY ဆောက်လုပ်ရန် ပြောကြားပါသည်။ ၀န်ကြီးအရှိန်အ၀ါသုံး၍ ၄င်းလုပ်ငန်း၇ှင်များအား မိမိတို့၏စိတ်ကြိုက်ကုမ္ပဏီများကို ရွေးချယ်ခွင့်မရှိ ဖြစ်နေပါသည်။ ဦးတင့်ဆန်း၏ အတ္တကြီးမှုကိုသာ ဖော်ပြခြင်းဖြစ်ပါသည်။၎င်းသည် တစ်ချိန်က ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်ပြီး ဦးသန့်အရေးအခင်းတွင်ပါဝင်၍ အဖမ်းခံခဲ့ရဖူးသည်။ အတိတ်မှ ၄င်း၏ နိုင်ငံရေးလှုပ်ရှားမှုများကို ကျွန်မမှ ထောက်ခံခဲ့ဖူးပါသည်။
ပြည်သူ့လွှတ်တော်ဆောက်လုပ်ရေးလုပ်ငန်းအား ဦးတင့်ဆန်းမှတင်ထားသည့် ဘောက်ချာအားလုံးကို အထူးစစ်ဆေးရေးဖွဲ့စည်း၍ ၄င်းတင်ထားသည့်ဘောက်ချာဈေးနှုံးများနှင့် ၄င်းလုပ်ကိုင်ခဲ့သည့်အချိန်မှ ပစ္စည်းနှင့် အမှန်တကယ်ပြင်ပပေါက်ဈေးတို့ကို နှိုင်းယှဉ်စစ်ဆေး အရေးယူသင့်သည်။ ပြည်ပတိုင်းပြည်များတွင် ဦးတင့်ဆန်းဝယ်ယူထားသည့် ပိုင်ဆိုင်မှုများမှာ အထူးပင်များပြားလှပါသည်။
၎င်းကိစ္စရပ်များအားလုံးကို ပြည်သူလူထုမှစ၍ နိုင်ငံတော်သမ္မတကြီးအထိသိ၇ှိရန် Mediaများမှ ကူညီဆောင်ရွက်ပေးရန် အကူအညီတောင်းခံအပ်ပါသည်။
လေးစားစွာဖြင့်
မလွင်သန္တာစိုး
(ရန်ကုန်စက်မှုတက္ကသိုလ်)
http://www.thithtoolwin.com/2012/02/blog-post_6859.html မှ ကော်ပီကူးယူထားပါသည်။
Palenat


No comments:
Post a Comment