Thursday, 23 February 2012

“Facebookမှ ပုံဟုတက်လာတတ်သော Virusလင့်အကြောင်း”

အသစ်ထွက် ဗိုင်းရပ်များနှင့် ဆေးနည်းများ
မြန်မာတက်ကနစ်ရှင်ဖိုရမ်
« on: August 23, 2011, 05:47:11 AM »
http://forum.myanmar-technicians.org/index.php?topic=2776.msg22426%3Btopicseen#new

မင်္ဂလာပါ

မည်သူမဆို ကူးယူလက်ဆင့်ကမ်းနိုင်သည်။ ကျွန်တော်တို့ပညာရှင်တွေ မဟုတ်ကြပေမယ့်
သိသင့်တဲ့အခါ အမှန်တစ်ကယ် သတိထားမိတဲ့အခါမျိုးမှာ တတ်နိုင်သလောက်ကြိုးစား
ရေးသားသတိပေးခဲ့တာတွေရှိပါတယ်။ ခုလဲ သိသင့်လို့ရေးသားပေးရပါတယ်။ လွန်ခဲ့တဲ့ ၂နှစ်က
ကျွန်တော် ဧဒင်မှာယခုဘလော့လိုမျိုး "Gtalk Virus"ဆိုတဲ့ ဘလော့လေးတစ်ခုကို အဖွဲ့ဝင်၂၀၀၀
ကျော်တုန်းက တင်ပေးခဲ့ဘူးပါတယ်။ ယခုလည်း အလားတူVirusလေးတွေ့မိတော့
အဖွဲ့သားများသာမက အင်တာနက်က Communication လို့ခေါ်တဲ့ Messenger and Talk
(ဥပမာ - Gtalk, Yahoo Messenger, Window Live Messenger, facebook စသဖြင့်
သုံးနေသူတွေအားလုံးသိအောင် ကျွန်တော် ရေးသားပေးခြင်းဖြစ်ပါတယ်။

ပထမဆုံး "Link"ဆိုတာကို တော်တော်များများသိကြပါတယ်။ Linkကို မြန်မာလိုပြန်လျှင်တော့ ချိတ်၊
အချိတ်အဆက်ဟု အဓိပါယ်ရပြီး အသိပေးလိုသောနေရာသို့ နေရာသို့ရောက်အောင်တင်ပေးသော
အင်တာနက်စာမျက်နှာ အညွှန်းကို Linkလိုခေါ်ဝေါ်သုံးစွဲကြပါတယ်။ ဥပမာ
http://www.xxxxxxxxxx.com/profiles/blog/show?id=4347155%3ABlogPost%...
http://www.xxxxxxxxxx.com/profiles/blogs/4347155:BlogPost:5064922#c...
စသဖြင့် သူငယ်ချင်းတစ်ယောက်ယောက်ကို ကြည့်စေချင်၊ သိစေချင်လို့ လမ်းညွှန်တဲ့ အထက်ပါစာကြောင်းများကို
လင့်-Linkဆိုတာ တော်တော်များများသိကြပါတယ်၊ မသိတဲ့သူအတွက်လည်းသိအောင် ရှင်းပြခြင်းပါ ....
အထက်ပါ လင့်မှာ Virus နေနိုင်သလားလို့မေးရင် မနေနိုင်ပါဘူးလို့ဖြေရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့
သူက စာလုံးတွေသာဖြစ်လို့ Virus နေလို့မရတာ အားလုံးသိကြပါတယ် ။
တစ်ကယ်တမ်း
VIRUSနေနိုင်တာက အဲ့လိုလင့်တွေက ပို့ပေးလိုက်တဲ့ အင်တာနက်စာမျက်နှာတစ်ခုခုမှာတော့ VIRUS ရှိနေနိုင်ပါတယ်
ဒါကို Web Securityလို့ခေါ်တဲ့ အင်တာနက်စာမျက်နှာက တဆင့်လာတဲ့ Virus ကို ကာကွယ်ပေးမယ့်
Anti-Virus တစ်ခုခုမတင်ထားပါက ထိုသို့သောစာမျက်နှာများတွင် ဖန်တီးသူ Cracker, Hacker
များလက်ဆော့ထားတဲ့ Virus ဝင်ရောက်နိုင်ပါတယ်။

ဒါဆို အင်တာနက်စာမျက်နှာမှာ Virus ရှိနိုင်သလားမေးလျှင် ဖြေရမှာက ဟုတ်ကဲ့
ရှိနိုင်ပါတယ်ခင်ဗျာ။ ဘယ်လို မျိုးဝင်လာသလဲ? တစ်ယောက်ယောက်က ရည်ရွယ်ပြီး ပေးပို့ထားတဲ့
လင့်တွေမှတဆင့် ရောက်သွားတဲ့စာမျက်နှာကို ရောက်သွားပါက Virus ဝင်ပါတယ်။
သို့ကြောင့် မိမိမကလစ်မီ သေချာစွာစီစစ်တတ်ဖို့ လိုအပ်ပါတယ် ....။ ဘယ်လိုစိစစ်မလဲ?
အောက်ပါလင့်ကို လုံးဝမကစ်ပဲ ကြည့်ပါ။ (အောက်ပါလင့်သည် Virus ဖြင့်ဖန်တီးထားသော
စာမျက်နှာလင့်ဖြစ်သည်)(လုံးဝမကလစ်ပါနှင့်)။

http://www.sirco.fr/album.php?Facebook.com-IMG216267.JPG
ယခု အထက်ပါလင့်မှာပါတဲ့ စာလုံးတွေကို သေချာကြည့်ပါ၊ ပထမဆုံး သင်တွေ့နိုင်တာက
Http://www.sirco.fr/ဖြစ်ပြီး နောက်မှ facebook.com ဆိုတာကို တွေ့ရပါလိမ့်မယ်။

ဒါကြောင့် အထက်ပါလင့်ဟာ Facebook မဟုတ်မှန်း သင်စစ်နိုင်ပါတယ် ။ ထပ်မံပြီ Album.php?
ဆိုတာတွေ့နိုင်ပါတယ်။ ထိုစာလုံးက .php?က သင့်ကို ဒုက္ခပေးမယ့်စာမျက်နှာရဲ့ အဓိကတရားခံပင်ဖြစ်ပါတယ်။
ဒါကြောင့် အထက်ပါလင့်မှာ Phpနှင့်ဖန်တီးထားသော Virusရှိနေတယ်ဆိုတာ သတိထားရမှာဖြစ်ပါတယ်ခင်ဗျာ ။
ထိုလင့်ကို ကလစ်လိုက်မိပါက မိမိအသုံးပြုနေသော Php နှင့် Java Languageဖြင့် Runသော Application
များဖြစ်သည့် Gtalk, Yahoo Messenger, Window Live MMessenger, Facebook...စသည်တို့မှ
မိမိသူငယ်ချင်းများထံ အလိုလျှောက် Virusလင့်များကို ရိုက်တင်သွားမည်ဖြစ်ပါတယ်။ ဒါဆို မသိနားမလည်သော
သင့်သူငယ်များပါ မသိပဲ ထိုလင့်များကို ကလစ်လိုက်ပါက Virus ကူးခံရမည်ဖြစ်ပါတယ်ခင်ဗျာ ......
ယနေ့ အများဆုံးသော Virusရှိသည့်စာမျက်နှာကိုရောက်မည့် လင့်များတွင် php, zip,exe, apk,
စသဖြင့်စာလုံးများပါဝင်လာမည်ကို အင်တာနက် အသုံးပြုသူများ အထူးသတိထားရန် အရေးကြီးပါတယ်။
တစ်ကယ်တမ်း မိမိတို့ သိသော Social Network များ ဟုတ်မဟုတ်ကို ထိုလင့်များ၏ ပထမစာလုံးများကို
သတိထား ဖတ်ရှု့သင့်ပါတယ် ။ ထိုအပြင် ထိုလင့်အများစုမှာ Photo, Videoများပါလို့ လှည့်စားတတ်တာကို
တွေ့ရမည်ဖြစ်ပါတယ်။ အောက်ပါလင့်များသည်လည်း Virusပါသော နမူနာလင့်များဖြစ်ပါတယ်ခင်ဗျာ လေ့လာကြည့်ပါ။
(လုံးဝမကလစ်ပါနှင့်)

၁. http://p15.safephotoblog.com:84/users/184/PartyPic012.JPG.zip

၂. http://www.sirco.fr/album.php?Facebook.com-IMG959472.JPG

အထက်ပါ လင့် ၂ခုမှာ .php နှင့် .zip ဆိုတာ တွေ့ရမည်ဖြစ်ပါတယ်။ ဒါဆို အဖွဲ့သားများ
သိရမှာက သင့်ကိုဒုက္ခပေးမည့် လင့်ဆိုတာ သိထားဖို့လိုပါတယ်ခင်ဗျား။ ဆက်လက်ပြီး ထိုလင့်များသည်
လင့်ချည်းသက်သက် တက်လာမည်မဟုတ်ပဲ အသုံးပြုနေသူများစိတ်ဝင်စားရန် . . .
Did you know I wasplanning on moving next month?
Here is a picture of the new place, what do you think?
The special photos for u.
Hahaha see fotos. စသဖြင့် စိတ်ဝင်စားရန် ဆွဲဆောင်ထားသောစာသားများပြီးမှ ရေးသားထားလေ့ရှိပြီး
ကလစ်ပါက သင့်ကွန်ပျူတာကို Format မချမချင်း ဒုက္ခပေးမည့် Virusဝင်လာမည်ဖြစ်ပါကြောင်း
အဖွဲ့သားများ သိပြီးသားသူလည်း သူငယ်ချင်းများကို လက်ဆင့်ကမ်းနိုင်ရန်နှင့် မသိသေးသူများ သတိထား
ရှောင်ရှားနိုင်ရန် ယနေ့ လူပြောများပြီး အဖြေမရ လိပ်ပတ်မလည်သော Facebook Virus, Gtalk Virus
ဟု ခေါ်ဆိုကြသည့် Virusများအကြောင်း နောက်တစ်ကြိမ် ပြန်လည်ရေးသားပေးရပါတယ် ။
လေးစားလျှက်
KOMYO
ဥယျာဉ်မှူး
www.edinooyin.com<>
http://www.facebook.com/notes/shwe-aeim-si/facebook-%E1%80%99%E1%80%BD%E1%80%95%E1%80%B6%E1%80%AF%E1%80%9F%E1%80%AF%E1%80%90%E1%80%80%E1%80%B9%E1%80%9C%E1%80%AC-%E1%80%90%E1%80%90%E1%80%B9%E1%80%B1%E1%80%9E%E1%80%AC-virus-%E1%80%9C%E1%80%84%E1%80%B7%E1%80%B9%E1%80%A1%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8-%E1%80%A1%E1%80%91%E1%80%B0%E1%80%B8%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%B8/376612162349923 မှ ကော်ပီကူးယူထားပါသည်။

No comments:

Post a Comment