တည်နေရာ
ရန်ကုန်တက္ကသိုလ်သည် ရန်ကုန်မြို့၊ ကမာရွတ်မြို့နယ်၊ အင်းယားကန်၏ အနောက်တောင်ဘက်၊ ပြည်လမ်းနှင့် တက္ကသိုလ်ရိပ်သာလမ်းဆုံ
ဆုံရာတွင်တည်ရှိသည်။ ပင်မတက္ကသိုလ်ကျောင်းဝန်း နှင့် လှိုင်ကျောင်းဝန်းဟူ၍ ၂မျိုးရှိပြီး၊ ဂျတ်ဆင်ဘုရားကျောင်းမှာ ပင်မကျောင်းဝန်းအတွင်းတွင်
ရှိသည်။ ဘွဲ့ နှင်းသဘင်ခမ်းမအနီးတွင်ရှိသော အထင်ကရ သစ်ပုတ်ပင်ကြီးသည်
၂၀၀၈ခုနှစ်၊ မေလ၂ရက်နေ့ကတိုက်ခတ်သွားသော နာဂစ်မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံပြီး မားမားမတ်မတ် ဆက်လက်ရပ်တည်လျှက်ရှိသည်။
သမိုင်း
ရန်ကုန်တက္ကသိုလ်ကို ၁၈၇၈ခုနှစ်တွင် ဗြိတိသျှ-အိန္ဒိယရှိ ကလက္ကတားတက္ကသိုလ်လက်အောက်ခံ ရန်ကုန်ကောလိပ်အဖြစ် စတင်တည်ထောင်ခဲ့သည်။
ကိုလိုနီဒေသများ၏ ပညာရေးအတွက် ဖွဲ့စည်း ထားခဲ့သော ပညာရေးဌာနမှ တိုက်ရိုက်ကိုင်တွယ်ခဲ့သည်။ ၁၉၀၄ခုနှစ်တွင် အစိုးရကောလိပ်ဟု အမည်ပြောင်းခဲ့ပြီး၊
၁၉၂၀တွင် ယူနီဗာစီတီကောလိပ် နှင့် ဂျပ်ဆင်(ယုဒသန်)ကောလိပ်ဟူ၍ ပေါ်ထွက်
လာခဲ့သည်။ ယူနီဗာစီတီကောလိပ်မှာ ဘာသာရေးနှင့်မသက်ဆိုင်သော
ကျောင်းဖြစ်ပြီး၊ ဂျပ်ဆင်ကောလိပ်မှာ
နှစ်ခြင်းခရစ်ယာန်သာသနာအခြေပြုကျောင်း ဖြစ်သည်။ အမေရိကန်နှစ်ခြင်းခရစ်ယာန်သာသနာပြုအဖွဲ့မှ ဂျပ်ဆင်ကောလိပ်အား ရန်ကုန်တက္ကသိုလ်
လက်အောက်ခံ သီးခြားလွတ်လပ်သည့်ကျောင်းအဖြစ် အသိအမှတ်ပြုခဲ့သည်။
ရန်ကုန်တက္ကသိုလ်ကို အင်္ဂလန်နိုင်ငံရှိ အောက်စဖို့နှင့် ကိန်းဘရစ်ခ်ျတက္ကသိုလ်တို့၏ စနစ်အတိုင်း ဖွဲ့စည်းတည်ဆောက် ခဲ့ခြင်း ဖြစ်သည်။ ၁၉၄၀နှင့်
၅၀ခုနှစ်များအတွင်းတွင် အရှေ့တောင်အာရှ၏ အကောင်းဆုံး တက္ကသိုလ်ဖြစ်ခဲ့ပြီး အာရှဆင့်တွင်လည်း ထိပ်တန်းရပ်တည်နိုင်ခဲ့ခြင်းကြောင့် အခြားအာရှနိုင်ငံ များမှကျောင်းသားများ လာရောက်ပညာဆည်းပူးရာ တက္ကသိုလ်ဖြစ်ခဲ့သည်။
ရန်ကုန်တက္ကသိုလ် စိန်ရတုအထိမ်းအမှတ် တံဆိပ်ခေါင်း
ရန်ကုန်တက္ကသိုလ်ကို ပါမောက္ခများကောင်စီ၊ ပညာရှင်များနှင့် အစိုးရအရာရှိများ ပူးပေါင်း အုပ်ချုပ်ခဲ့သော်လည်း ၁၉၆၂ခုနှစ်၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီလက်ထက်တွင် အဆင့်မြင့်ပညာရေး ဦးစီးဌာနမှ တိုက်ရိုက်ချုပ်ကိုင်ခဲ့သည်။ ထို့အပြင် ကျောင်းတွင်းသင်ကြားရေး ဘာသာစကားအားလည်း
အင်္ဂလိပ်ဘာသာမှ မြန်မာဘာသာသို့ ပြောင်း လဲခဲ့ပြန် သည်။ မကြာမီ ပညာရေး
အဆင့်အတန်း တဖြည်းဖြည်း နိမ့်ကျလာခဲ့ရာ အပြည်ပြည်ဆိုင်ရာမှ
အသိအမှတ်ပြုခြင်းများ ရပ်တန့် သွားခဲ့ ရသည်။ ဆေးပညာ၊ ဘောဂဗေဒ နှင့် ပညာရေး
ဌာနများအား သီးခြား ကျောင်းများ အဖြစ် ခွဲ ထုတ်ပြီး ချိန်တွင် ရန်ကုန်
ဝိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ဟုအမည် ပြောင်းလဲခဲ့သည်။ ၈၈၈၈ လူထု အုံကြွမှု
ကာလအပြီးမှ စ၍ ရန်ကုန် တက္ကသိုလ်သည် အချိန် အကန့်အသတ် မရှိ ပိတ်ထားခြင်း
ခံခဲ့ရပြီး ယနေ့တိုင် ဘွဲ့လွန် နှင့် ဒစ်ပလိုမာ သင်တန်း အနည်းငယ်သာ
သင်ကြားပေး လျှက်ရှိသည်။ ၁၉၉၅ခုနှစ် ဒီဇင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်
တက္ကသိုလ်၏ ၇၅နှစ်ပြည့် စိန်ရတု သဘင် အားတစ်ပတ်ကြာ ကျင်းပခဲ့ပြီး န.ဝ.တ
အစိုးရမှ ကျပ်သိန်း ၆၃၀တန် စိန်ရတု ခန်းမကို ဆောက်လုပ်ခဲ့သည့်အပြင်
အထိမ်းအမှတ် တံဆိပ်ခေါင်း နှစ်မျိုးလည်း ထုတ်ဝေခဲ့သည်။
အထင်ကရဖြစ်ရပ်များ
၁၉၆၂ခုနှစ် ဆဲဗင်းဂျူလိုင် ကျောင်းသား အရေးတော်ပုံနေ့တွင်
တရားမျှတမှုမရှိသော တက္ကသိုလ် စည်းမျဉ်းများ အတွက် ကျောင်းသားများ
ကျောင်းဝင်း အတွင်း ငြိမ်းချမ်းစွာ ဆန္ဒပြနေစဉ် ဦးနေဝင်း၏
တပ်များ ပစ်ခတ်မှု ကြောင့် တစ်ဒါဇင်ခန့် သေဆုံးခဲ့ရသည့် အပြင် သမိုင်းဝင်
ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ(ဗ.က.သ) အဆောက်အဦးပါ
ဒိုင်းနမိုက်နှင့် ဖေါက်ခွဲ ဖျက်စီး ခံခဲ့ရသည်။ ၁၉၇၄ ဒီဇင်ဘာ၅ ရက်နေ့တွင်
ကျိုက်က္ကဆံ ကွင်းအတွင်း ပြသထားသော ဦးသန့်၏ ရုပ်အလောင်းကို ရန်ကုန်တက္ကသိုလ်
ကျောင်းသားများမှ ခိုးယူပြီး နိုင်ငံတော် ဈာပနဖြင့် သင်္ဂြုလ်ပေးရန် ဆန္ဒပြ
တောင်းဆို ခဲ့ကြသည်။ ဒီဇင်ဘာ၁၁ ရက်နေ့တွင် စစ်တပ်မှ ကျောင်းဝင်းအတွင်း
ဝင်ရောက် စီးနင်းပြီး ဦးသန့် အလောင်းကို ပြန်လည် ယူငင် ခဲ့သောကြောင့်
ကျောင်းသား အချို့ သေဆုံးခဲ့ရသည်။
ဌာနများ
သိပ္ပံဌာနများ
- ၁။ သင်္ချာဌာန
- ၂။ ရူပဗေဒဌာန
- ၃။ ဓာတုဗေဒဌာန
- ၄။ ကုန်ထုတ်ဓာတုဌာန
- ၅။ သတ္တဗေဒဌာန
- ၆။ ရုက္ခဗေဒဌာန
- ၇။ ဘူမိဗေဒဌာန
- ၈။ ကွန်ပျူတာဌာန
- ၁။ ဥပဒေဌာန
- ၂။ အင်္ဂလိပ်စာဌာန
- ၃။ မြန်မာစာဌာန
- ၄။ သမိုင်းဌာန
- ၅။ အပြည်ပြည်ဆိုင်ရာဆက်ဆံရေးဌာ
- ၆။ မနုဿဗေဒဌာန
- ၇။ အရှေ့တိုင်းပညာဌာန
- ၈။ စာကြည့်တိုက်နှင့်သုတပညာဌာန
- ၉။ စိတ်ပညာဌာန
- ၁၀။ ရှေးဟောင်းသုတေသနဌာန
- ၁၁။ ပထ၀ီဌာန
အဆောင်များ
- အင်းဝဆောင်
- ပုဂံဆောင်
- ပဲခူးဆောင်
- ဒဂုံဆောင်
- အင်းလျားဆောင်
- မာလာဆောင်
- နဝဒေးဆောင်
- ပင်းယဆောင်
- ပြည်ဆောင်
- တကောင်းဆောင်
- သထုံဆောင်
- သီရိဆောင်
- ရတနာဆောင်
- စစ်ကိုင်းဆောင်
- ရွှေဘိုဆောင်
- တောင်ငူဆောင်
ထင်ရှားသော ကျောင်းသားဟောင်းများ
- ဗိုလ်ချုပ်အောင်ဆန်း
- ဒေါက်တာဘမော်
- ကာတွန်း ဘကလေး
- သိန်းဖေမြင့်
- ဦးရာဇတ်
- ဦးနု
- ဦးသန့်
- ဒေါက်တာမောင်မောင်
- ဦးနေဝင်း
- ဆာမောင်ခင်
- ခင်မျိုးချစ်
- ဒေါက်တာသန်းထွန်း
- မင်းသုဝဏ်
- နိုင်ရွှေကျင်
- ဦးကြည်မောင်
- ဝန်ကြီးချုပ်ဟောင်း ခင်ညွန့်
No comments:
Post a Comment