မြန်မာဒီမိုကရေစီရေးဆောင်ရွ က်နေကြတဲ့ နိုင်ငံရေးအဖွဲ့အစည်းမှန်သမျှဟာ မိမိအဖွဲ့အစည်းရဲ့မူဝါဒမှာ ဒီလိုမတရားမှုတွေကို လက်ခံနိုင်စရာမရှိဘူး၊ ဥပဒေကြောင်းအရ ဖော်ထုတ်ဖို့ ပူပေါင်းဆောင်ရွက်ကြရမယ်ဆို တာကို အတိအလင်း ကြေငြာချက်အသီးသီးထုတ်ပြန်ရ မှာ
ဖြစ်ပါတယ်။ ဘာကြောင့် မထုတ်ဖော်ကြတာပါလဲ? သမိုင်းဆိုင်ရာ
အမျိုးသားရေးသတ်ဖြတ်တာကို အားပေးနေကြတာလား? ကိုယ့်အဖွဲ့အစည်းထဲမှာကို
ဒီလိုလူသတ်ကောင်းတွေ ပါဝင်နေလို့လား?
တစ်ဦးချင်းစီအနေနဲ့လည်း အမှန်တရားလိုလားမှု ပြသရာရောက်အောင်၊ လာတော့မယ့် မြန်မာဒီမိုကရေစီလူ့ဘောင်မှာ ဒီလိုလူသတ်ကောင်တွေအတွက် နေရာလုံးဝမရှိအောင် အသီးသီး ဆန္ဒထုတ်ဖော်ကြပါ။
ဒါ လူယဉ်ကျေးတွေရဲ့ အသွေးအသားထဲက သမ္မာဆန္ဒပါဘဲ။
(ကိုယ်ပိုင်စကား) palenat
တစ်ဦးချင်းစီအနေနဲ့လည်း အမှန်တရားလိုလားမှု ပြသရာရောက်အောင်၊ လာတော့မယ့် မြန်မာဒီမိုကရေစီလူ့ဘောင်မှာ
ဒါ လူယဉ်ကျေးတွေရဲ့ အသွေးအသားထဲက သမ္မာဆန္ဒပါဘဲ။
(ကိုယ်ပိုင်စကား) palenat
အဲဒီအချိန်အခါမှာ မိမိရဲ့ရဲဘော်တွေ ရက်ရက်စက်စက် အသတ်ခံနေရတာကို ကယ်တင်ဖို့မလုပ်ပဲ မိုးသီးဘာလုပ်နေပါသနည်းလို့ မေးရမယ့်အချိန် ရောက်လာပါပြီ?။
ရဲဘော်တွေအသတ်ခံနေရတဲ့ နယ်မြေထဲကို တော်လှန်ရေးခေါင်းဆောင်ပီပီ အသေခံပြီးဝင်စီးရမယ့် အစား ကြေငြာချက်ထုတ်ပြီး မှုန်ဝါးဝါးလုပ်နေတာ ကျောင်းသားခေါင်းဆောင်တစ်ယောက်ရဲ့ အရည်အချင်းတော့ မဟုတ်နိုင်ပါ ။
အနှစ် ၂၀လောက်ကြာလို့ မီဒီယာတွေမှာ ဟိုးလေးတကျော်ဖြစ်မှ တစ်လုံးတစ်လေ၀င်ရောက်ပြော ဆိုတာ တာဝန်မဲ့ရာကျပါတယ်။
မိမိရဲ့ရဲဘော်တွေ အသတ်ခံရတာကို တာဝန်ယူဖေါ်ထုတ်ရမယ့်အစား အနှစ် ၂၀လုံးလုံး နှုတ်ပိတ်နေတာ ဘယ်လိုခေါင်းဆောင်မျိုးနည်း?။
ထစ်ခနဲရှိ မိမိကိုယ်တိုင်ထောင်ထားတဲ့ WE FIGHT WE WIN စာမျက်နှာမှာ ဖ်ါပြနေကြ ဖြစ်ပေမယ့် အခုတော့ ဘာလို့များ တာဝန်ယူဖေါ်ထုတ်ခြင်းမပြုတာပါလဲ?။
ဒါတောင် မြောက်ပိုင်းလူသတ်မှုဟာ မိမိမှာတာဝန်မရှိပါဘူးလို့ အတိအလင်း ပြောခဲ့ပါသေးတယ်။မသေပဲ ကျန်တဲ့သက်သေတွေသာမရှိခဲ့ရင် ဘယ်လောက်တောင် တာဝန်မဲ့စကား ပြောလိုက်ကြမလဲ။
နိုင်ငံရေးလောကမှာ ခေါင်းဆောင် ၂မျိုးရှိတယ်။
တစ်မျိုးက
မီဒီယာမှာ ထင်ရှားတဲ့ခေါင်းဆောင်ဖြစ်ပြီး နောက်တစ်မျိုးကတော့ မီဒီယာမှာ
မထင်ရှားပေမဲ့ နိုင်ငံရေးလောကထဲမှာ သိသာထင်ရှားတဲ့ခေါင်းဆောင်မျိုးဖြစ်တယ်။
အသတ်ခံရတဲ့ ကိုထွန်းအောင်ကျော်ဟာ နိုင်ငံရေးလောကထဲမှာ သိသာထင်ရှားတဲ့ခေါင်း ဆောင်တစ်ယောက်ဖြစ်တယ်။
ဒီလိုလူမျိုးကို သူလျှိုတစ်ယောက်ဖြစ်ပါတယ်ဆိုပြီး သတ်တာဟာ ထင်ရှားတဲ့ နိုင်ငံရေးလုပ်ကြံမှု ဖြစ်တယ်။
ဒီကိစ္စကိုသိခဲ့တဲ့ မိုးသီးဆိုသူကတော့ မီဒီယာမှာထင်ရှားသူဖြစ်ပေမဲ့ လူသတ်မှုကို ဖေါ်ထုတ်ခြင်းမပြုခဲ့တာ ဘာဖြစ်လို့ပါလဲ?။
သူဟာ အဲဒီအချိန်မှာ ABSDF ရဲ့ ဥက္ကဌတစ်ယောက်ဖြစ်တယ်။တရားခံတွေနဲ့ တာဝန်ရှိသူတွေဟာ မီဒီယာမှာ လိမ်လည်လှည့်ဖြားလို့ မဖြစ်နိုင်တော့ပါဘူး။
သတ်တဲ့သူကလည်း သတ်တယ်။
သိရှိပါတယ်ဆိုတဲ့ အထင်ကရခေါင်းဆောင်ဆိုသူတွေကလည်း အနှစ် ၂၀လုံးလုံး ရေငုံနှုတ်ပိတ်နေတယ်။
နှစ်ဖက်စလုံးကလည်း အထင်ကရ ကျောင်းသားခေါင်းဆောင်ဆိုသူတွေ ဖြစ်တယ်။
လက်ရှိ ABSDFဥက္ကဌဆိုသူက ဒီကိစ္စတွေကို ဖေါ်ထုတ်ဖို့အတွက် မီဒီယာကိုစကားပြောဖို့ ငြင်းဆန်နေတယ်။
ဖြစ်ပွားတဲ့အချိန်ဟာ ၁၉၉၂ခုနှစ်ဖြစ်တဲ့အတွက် ABSDFစတင်တည်ထောင်ခဲ့တဲ့ ၁၉၈၈ကာလကနေ ရေတွက်ကြည့်ရင် ၄နှစ်ကြာတဲ့ကာလမှာ ဖြစ်ခဲ့တာဖြစ်တယ်။
အဲဒီအချိန်ဟာ အဖွဲ့ဝင်များအချင်းချင်း မည်သူမည်ဝါ ဘယ်သူဘာလည်းဆိုတာ ကွဲကွဲပြားပြားသိရှိနိုင်ကြတဲ့ ကာလဖြစ်တယ်။
ဒါဆို ဒီလူသတ်မှုကို ဘယ်လိုလုပ်ကြမှာလဲ?။ သပိတ်သွတ်လိုက်ရုံနဲ့ ပြီးလိုက်ကြတော့မှာလား။
ဝမ်းနည်းကြောင်း ကြေငြာချက်ထုတ်ပြီး ဂုဏ်ပြုပါတယ်လို့ လုပ်လိုက်ကြတော့မှာလား။
(ဒါမျိုးလုပ်လို့ ဘယ်ရပါ့မလဲ)
မသေပဲကျန်ခဲ့သူတွေနဲ့ အမှန်တရားအတွက် တိုက်ပွဲဝင်လာခဲ့တဲ့
နိုင်ငံရေးလောကကို မီဒီယာမှာကြေငြာချက်ထုတ်ပြီး လှည့်ဖြားဖို့ကြိုးစားလို့ ဘယ်ရပါ့မလဲ။
အမှန်တော့ မြောက်ပိုင်းလူသတ်မှုကို ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ အောက်ပါအဖွဲ့အစည်းများ အားလုံးဟာ သိရှိကြတယ်။
အခုအချိန်မှာ
နယ်စပ်ကအဖွဲ့အစည်းတွေဟာ မိမိအဖွဲ့စည်းအတွင်းမှာ ဖြစ်ခဲ့တာမဟုတ်သည့်တိုင်အောင် တော်လှန်ရေးအဖွဲ့စည်းတွင်းမှာ ဖြစ်ခဲ့တဲ့ကိစ္စ
ဖြစ်တဲ့အတွက် တစ်စုံတစ်ရာ ထုတ်ဖေါ်တင်ပြကြဖို့ တာဝန်ရှိတယ်။
တာဝန်ရှိသောထိုင်းမြန်မာနယ်စပ်မှ အဖွဲ့အစည်းများ စာရင်း--
NLD (LA)လူ့ဘာင်သစ် ဒီမိုကရက်တစ်ပါတီ (လွတ်မြောက်နယ်မြေ DPNS)
မြန်မာနိုင်ငံဒီမိုကရက်တစ်အင်အားစု (FDB) (၎င်းအဖွဲ့တွင် အောက်ပါအဖွဲ့စည်းများ ထပ်မံပါဝင်သည်)။ ပါဝင်သော အဖွဲ့အစည်းများ-
(၁)မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး၊
(၂)ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်(နိုင်ငံခြားရေးရာကော်မတီ)
(၃)မြန်မာ့အမျိုးသမီးသမဂ္ဂ၊
(၄)လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ၊
(၅)ဒီမိုကရေစီနှင့်ဖွံ့ဖြိုးတိုးတက်ရေးအင်အားစု၊
(၆)ပြည်သူ့ကာကွယ်ရေးတပ်နှင့်
(၇)ရောင်ခြည်ဦးအလုပ်သမားများအဖွဲ့၊
(၈)တသီးပုဂ္ဂလများ၊
မြန်မာနိုင်ငံရှေ့နေများကောင်စီ(BLC)
မြန်မာနိုင်ငံရေးအကျဉ်းသားသမဂ္ဂ(BPPU)
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ဧရာဝတီသတင်းဌာန
NCUB(မြန်မာနိုင်ငံအမျိုးသားကောင်စီ)
NCGUB(အဝေးရောက်ညွှန့်ပေါင်းအစိုးရအဖွဲ့)
MPU (ပြည်ပရောက် လွတ်တော်ကိုယ်စားလှယ်များအဖွဲ့)
ဗိုလ်မှုးစောလှငွေ(တပ်မှုး KNU ထောက်လှမ်းရေး)
KIO(ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း) (အခြားသော ထည့်သွင်းသင့်သည်ဟု ယူဆသောအဖွဲ့များရှိက သက်ဆိုင်ရာအဖွဲ့တို့မှ တင်ပြနိုင်ပါသည်။)
လူသတ်မှုကြီးကို မီဒီယာမှာ ရှင်းလင်းပွဲလုပ်နေလို့ကတော့ ဘယ်တော့မှပြီးမှာ မဟုတ်ပါဘူး။
အခုချိန်မျိုးကျတော့ မီဒီယာမှာ အနှစ် ၂၀လောက် အင်တာဗျူးလုပ်နေတဲ့ ဥပဒေပညာရှင်ဆိုသူတွေ ဘယ်ရောက်ကုန်ပြီလဲ?။မိမိမှာ အပြစ်မရှိဘူးဆိုတဲ့ခေါင်းဆောင်တွေ တရားရုံးမှာ ရဲရဲဝံ့ဝံ့ ဖြေရှင်းနိုင်ရမှာဖြစ်ပါတယ်။
မီဒီယာမှ ဟိုလူ့လွှဲချ ဒီလူ့လွှဲချလိုပ်နေရင် ပိုဆိုးသွားမှာဖြစ်ပါတယ်။
အားလုံးကို တရားရုံးမှာ သက်သေအဖြစ် တင်သွင်းခံရမှာဖြစ်ပါတယ်။
ဘာဖြစ်လို့လည်းဆိုတော့ သက်ဆိုင်သူတွေက တရားဥပဒေကြောင်းအရ ဆောင်ရွက်တော့မှာဖြစ်လို့ပါပဲ။
(၁၆-၂ -၂၀၁၂)
ကောင်းမြတ်သူ
(မူဝါဒရေးရာဌာန)
မြန်မာဒီမိုကရေစီကွန်ဂရက်
By အိုးဝေအောင် အိုးဘားမား on Saturday, February 18, 2012 at 4:03pm
http://www.facebook.com/notes/%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%B1%E1%80%9D%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9-%E1%80%A1%E1%80%AD%E1%80%AF%E1%80%B8%E1%80%98%E1%80%AC%E1%80%B8%E1%80%99%E1%80%AC%E1%80%B8/%E1%80%B1%E1%80%BB%E1%80%99%E1%80%AC%E1%80%80%E1%80%B9%E1%80%95%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%B8%E1%80%9C%E1%80%B0%E1%80%9E%E1%80%90%E1%80%B9%E1%80%99%E1%82%88%E1%80%A1%E1%80%90%E1%80%BC%E1%80%80%E1%80%B9-%E1%80%90%E1%80%AC%E1%81%80%E1%80%94%E1%80%B9%E1%80%9B%E1%80%BD%E1%80%AD%E1%80%B1%E1%80%9E%E1%80%AC-%E1%80%A1%E1%80%96%E1%80%BC%E1%80%B2%E1%82%95%E1%80%A1%E1%80%85%E1%80%8A%E1%80%B9%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%85%E1%80%AC%E1%80%9B%E1%80%84%E1%80%B9%E1%80%B8-%E1%80%B1%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%BB%E1%80%99%E1%80%90%E1%80%B9%E1%80%9E%E1%80%B0/10150571249585735 မှ ကော်ပီကူးယူထားပါသည်။
No comments:
Post a Comment