Tuesday, 14 February 2012

“မြောက်ပိုင်းလူသတ်မှု ABSDF's နွားကြီးများ သို့”

   ( မြန်မာနိုင်ငံမြောက်ပိုင်း ABSDFနယ်မြေတွင်းဖြစ်ပွားခဲ့သော လူသတ်မှုများအတွက် သေဆုံးသွားခဲ့သူများ၏ ဂုဏ်သိက္ခာအား ကာကွယ်စောင့်ရှောက်ခြင်း၊ တရားဥပဒေစိုးမိုးမှုအား လူသားတိုင်း ခံစားနိုင်ခွင့်ရှိစေခြင်း၊ မွေးရာပါလူ့အခွင့်အရေးများအား ကာကွယ်စောင့်ရှောက်ရန်လိုအပ်ခြင်း စသည့်အချက်များအတွက် သိသာစေရန်တင်ပြချက်။)
နေ့စွဲ - ၁၁.၂.၂၀၁
         လူသတ်မှုဆိုသည်မှာ ရဲအရေးပိုင်သောကိစ္စဖြစ်၏ ABSDF အဖွဲ့၏ အဖွဲ့စည်းတွင်းပြဿနာတစ်ရပ် မဟုတ် ပါ။ ABSDFအဖွဲ့တွင် အဖွဲ့စည်းအတွင်းပြဿနာ များရှိကောင်းရှိနိုင်သော်လည်း ပြဿနာ တစ်ရပ် ကိုလူသတ်သည့်နည်းဖြင့်ဖြေရှင်းလျှင် အဖွဲ့အစည်း၏ ပြဿနာ မဟုတ်တော့ ပါ။ လူ့အဖွဲ့အစည်း၏ ပြဿနာဖြစ်ပါ၏။
         လူသတ်မှုအတွက် မျက်မြင်သက်သေ၊ ကြားသိသောသက်သေ စသည်ဖြင့် သက်သေအထောက်အထားများ လို၏။ သက်သေရှိလျှင် အမှုဖွင့်လို့ရပြီ ဖြစ်သည်။ လူသတ်မှုကို ထောင်ချသူမှာ တရားသူကြီးမဟုတ် သက်သေသာလျှင် ဖြစ်၏။
         လူသတ်မှုသည် အနှစ်၂၀ကျော်ပြီး ဖြစ်၏။ အနှစ်၂၀ကျော်လုံးလုံး ဖေါ်ထုတ်မည့်သူမရှိခဲ့၍ ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ ယခုဖေါ်ထုတ်သူများ ရှိနေပြီဖြစ်သောကြောင့် တာဝန်ရှိသူများက တာဝန်ရှိသလိုဆောင်ရွက်သင့်ပါသည်။ တာဝန်ရှိသူများအနေဖြင့် စုံစမ်းရေးကော်မရှင်ကို တရားဝင်ဖွဲ့စည်းဖို့အချိန်တန်ပြီ ဖြစ်ပါသည်။ တာဝန်ရှိသူများမှာ ABSDFခေါင်ဆောင်ဟောင်းများအားလုံးနှင့် လက်ရှိခေါင်းဆောင်များ အားလုံးတို့ဖြစ်၏။
         တာဝန်ရှိသူများမှ တစ်စုံတစ်ရာဆောင်ရွက်ခြင်းမရှိလျှင် လူသတ်မှုအား ထိန်ချန်မှုဖြစ်၏။ လူသတ်မှုတစ်ခုအား ထိန်ချန်ခြင်းအတွက် ဆင်ခြေမရှိပါ။ အခြေအနေ အချိန်အခါအရ တရားဥပဒေလောကနှင့် ဆက်ဆံမှုခက်ခဲသည်ဖြစ်၍ တင်ပြနိုင်ခြင်းမရှိသည်ကို တရားဥပဒေအရ နားလည်မှုပေးနိုင်သော်လည်း လူသိရှင်ကြား မီဒီယာပေါင်းစုံတွင်တင်ပြမှုအား ဖုံးကွယ်ထားလျှင် ထိန်ချန်မှုဖြစ်ပါ၏။
          ABSDFဌာနချုပ်မှ မြောက်ပိုင်းလူသတ်မှုအတွက် စုံစမ်းရေးကော်မရှင် ဖွဲ့စည်းပြီးပြီဟု ကြားသိရသော်လည်း တရားဝင်သတင်းထုတ်ပြန်ခြင်း မရှိသေးပါ။ လူသတ်မှုဖြစ်သည့်အတွက် အဖွဲ့စည်းတွင်းကော်မတစ်ရပ်ဖွဲ့စည်း၍ ကြေငြာချက်ထုတ်ရုံဖြင့် မလုံလောက်ပါ။ လူသတ်မှုဖြစ်ပွားသောနေရာသည် ထိုင်းမြန်မာနယ်စပ် (သို့) တရုတ်မြန်မာနယ်စပ်ဒေသတွင်ဖြစ်ခဲ့ပြီး မည်သည့်အစိုးရ၏ ဥပဒေထိန်းချုပ်မှုနယ်မြေတွင်း မရှိခဲ့၍ ကျူးလွန်သူများရော ထိန်ချန်သူများပါ ရာဇ၀တ်ဘေးပြေးလို့လွတ်ပြီဟု ထင်နေကြဟန်ရှိပါသည်။
           လူသတ်မှုဆိုသည်မှာ မည်သည့်နေရာတွင်ဖြစ်သည်ဖြစ်စေ ပြေးလို့လွတ်မြောက်သောအမှု မဟုတ်ပါချေ။ မြောက်ပိုင်းလူသတ်မှုအား နိုင်ငံတကာအဆင့် တရားဝင်သော စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းကြောင်း ABSDFမှ တရားဝင်ဆောင်ရွက်ခြင်းမပြုနိုင်လျှင် ယနေ့မှစ၍ ရက်ပေါင်း (၆၀)အတွင်း အင်္ဂလန်နိုင်ငံရောက်မြန်မာများမှ အင်္ဂလန်နိုင်ငံရှေ့နေများကောင်စီဖြင့် ပူးပေါင်း၍ အမှုဖွင့်တရားစွဲဆိုမှု ပြုလုပ်သွားမည်ဖြစ်ကြောင်း သိစေလိုက်ပါသည်။
            ABSDFခေါင်းဆောင်အချို့က အဖွဲ့၏ ပြဿနာကို ပြင်ပမှသူများက ၀င်မရှုပ်ဖို့ ဟန့်တားကြ၏။ လူသတ်မှုကို ပြည်သူက ၀င်ရှုပ်မည်ဖြစ်ပါသည်။ ပြည်သူကိုဝင်မရှုပ်ဖို့တားမြစ်၍ မရပါ။ ABSDFကို လွတ်မြောက်နယ်မြေတွင် ဖွဲ့စည်းခဲ့၏။ လွတ်မြောက်နယ်မြေဆိုသည်မှာ ခေတ်ကာလအရ ရန်သူမှ လက်လမ်းမမှီနိုင်သောေ နရာကိုဆိုလိုပါသည်။ တရားဥပဒေမှ လွတ်မြောက်သောနယ်မြေတော့ မဟုတ်ပါချေ။
            လွတ်မြောက်နယ်မြေတစ်ရပ်တွင် ထိုနယ်မြေကိုထိမ်းချုပ်သော အဖွဲ့အစည်းတစ်ရပ်ရပ်၏ တာဝန်ယူမှု ရှိရမည်ဖြစ်သော်လည်း လူသတ်မှုကိုကျူးလွန်သူများကို လွတ်မြောက်နယ်မြေတွင်ရှိသော သက်ဆိုင်ရာအဖွဲ့အစည်း တစ်ခုခု၏ တရားစီရင်မှုမရှိခဲ့သည်ဖြစ်၍ ဖြစ်ပွားခဲ့သောလူသတ်မှုမှာ ယနေ့ထက်ထိ တရားစွဲစိုဖို့လိုအပ်နေသော ကိစ္စတစ်ခုသာဖြစ်ပါသည်။
            တော်လှန်ရေးတစ်ရပ်တွင်ဖြစ်ပွားတတ်သော ပြစ်မှုများစွာရှိနိုင်သော်လည်း မည်သူမျှ တရားစီရင်မှုမပြုရသေးသော လူသတ်မှုဆိုသည်မှာ တော်လှန်ရေးကို ခုတုံးလုပ်၍ ဆင်ခြေပေးလို့ရသော အမှု မဟုတ်ပါ။
            ABSDFခေါင်းဆောင်များအနေဖြင့် မြောက်ပိုင်းလူသတ်မှုအား အပြည်ပြည်ဆိုင်ရာအဆင့်ရှိသော တရားဝင်စုံစမ်းရေးကော်မရှင်တစ်ရပ် ဖွဲ့စည်းနိုင်ခြင်းမျိုးမလုပ်ပဲ  တစ်ချိန်ကြတော့ သမိုင်းက ဆုံးဖြတ်လိမ့်မည်ဟု ပြော၍မရပါ။ ဤကိစ္စမှာ သမိုင်းဆိုင်ရာပြဿနာမဟုတ်ပါ။ ရာဇ၀တ်ကြောင်းဆိုင်ရာ ပြဿနာသာလျှင် ဖြစ်ပါ၏။
 မြောက်ပိုင်းလူသတ်မှုအတွက် ABSDFအဖွဲ့မှ ရက်ပေါင်း ၆၀အတွင်း အပြည်ပြည်ဆိုင်ရာအဆင့် တရားဝင်စုံစမ်းရေးကော်မရှင်တစ်ရပ် မဖွဲ့စည်းနိုင်လျှင် ယူကေရောက်မြန်မာများမှ ယူကေတွင်ရှိသော အောက်ပါအဖွဲ့အစည်းများဖြင့် တရားဝင်ဆက်သွယ်ဆောင်ရွက်၍ အမှုမှန်ဖေါ်ထုတ်သွားမည်ဖြစ်ကြောင်း သိစေအပ်သည်။
၁။ INTERPOL (အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့)
၂။ THE LAW SOCIETY (UK)
၃။ AMNESTY INTERNATIONAL (UK)
၎။ UK (POLICE)
၅။ UK (GOVERNMENT)
၆။ UNITED NATION
တာဝန်ယူတင်ပြသည့်အဖွဲ့အစည်း
မြန်မာဒီမိုကရေစီကွန်ဂရက်
(မူဝါဒရေးရာဌာန) 
မှတ်ချက်။     ။ယခုတင်ပြသော ကြေငြာလွှာသည် ပစ်စာ (သို့) ချိန်းချောက်စာတစ်ရပ်မဟုတ်ပဲ ကျွန်ုပ်တို့ပါတီမှ တာဝန်ခံ၍တင်ပြသော တရားဝင်ထုတ်ပြန်ချက်ဖြစ်သည်။
               မတရားမှုများအားလူသိရှင်ငြားဖေါ်ထုတ်ခြင်းဖြင့် တော်လှန်ရေးတစ်ရပ်အတွက် ဂုဏ်သိက္ခာ ကျစေနိုင်မည် ဟု ဆင်ခြေပေးသူများရှိ၏။ တော်လှန်သောအဖွဲ့အစည်းဆိုသည်မှာ မတရားမူများကို တော်လှန်ခြင်းသာ လျှင်ဖြစ်၏။ မတရားမူများအား အမှုမှန်ဖေါ်ထုတ်ခြင်းဖြင့်သာလျှင် ကျောင်းသားတပ်မတော်၏ ဂုဏ်သိက္ခာ ကို ကယ်တင်နိုင်မည်ဖြစ်ပါသည်။ ပြည်သူအများမှ ရဲရဲရင့်ရင့် ထောက်ခံကြဖို့သာလျှင်လိုရင်းဖြစ်ပါသည်။
(http://myanmardemocracycongress.blogspot.com/2012/02/absdf.html မှ ကူးယူထားပါသည်)။ ခေါင်းစဉ်ကို မိမိစိတ်ကြိုက် ပေးထားပါသည်။ palenat

1 comment:

  1. The emperor casino online gambling is a casino
    The 바카라 emperor casino is an online gambling establishment that accepts bitcoin. The casino uses cryptocurrencies like Bitcoin as a currency for entertainment and games. 메리트카지노총판 The online casino 제왕카지노 was

    ReplyDelete