Friday, 17 February 2012

“ပစိဖိတ် စစ်နယ်ဝှမ်းသစ်”


ပစိဖိတ် စစ်နယ်ဝှမ်းသစ် (အပိုင်း-၁)

 by FNG on November 12, 2011 

DK၊        ၊ကြီးထွားလာနေသောတရုတ်နိုင်ငံအား တန်ပြန်ထိန်းညှိနိုင်ရန် ပဏာမလုပ်ငန်းများ
ကို အမေရိကန်ပြည်ထောင်စုနှင့်မဟာမိတ်များမှ စတင်လုပ်ဆောင်နေကြပြီဖြစ်သည်။


ယခုလအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၊ ဟီလာရီကလင်တန် (Hillary Clinton) နှင့်
ကာကွယ်ရေးဝန်ကြီး လီယွန်ပဲန်နက်တာ (Leon Panetta) တို့မှ သြစတြေးလျမှ ရောက်ရှိ
လာသော သြစတြေးလျနိုင်ငံခြားရေးဝန်ကြီးနှင့် ကာကွယ်ရေးဝန်ကြီးတို့အား တွေ့ဆုံရန်
ဆန်ဖရန်စစ္စကိုမြို့ (San Francisco) သို့သွားရောက်ခဲ့ကြသည်။ အဆိုပါတွေ့ဆုံပွဲမှာ
ဆန်ဖရန်စစ္စကိုမြို့ရှိ ယခင်ခံတပ်ဟောင်းတခုဖြစ်ခဲ့သည့် ပရဲဆီးဒီးယိုး (Presidio) ပန်းခြံ၌
လွန်ခဲ့သည့်နှစ်ပေါင်းခြောက်ဆယ် (၁၉၅၁) ခုနှစ်တွင်ချုပ်ဆိုခဲ့သော အမေရိကန်ပြည်ထောင်စု၊
သြစတြေးလျနှင့် နယူးဇီလန်နိုင်ငံများပါဝင်သည့် (ANZUS) စစ်စာချုပ်အဖွဲ့၏ နှစ်ပတ်လည်
အခမ်းအနားပင်ဖြစ်၏။ ထိုစစ်စာချုပ်အား အမေရိကန်ပြည်ထောင်စုနှင့် မဟာမိတ်နိုင်ငံများ၏
တပ်များနှင့် တရုတ်ကွန်မြူနစ်တပ်များ ကိုရီးယားကျွန်းဆွယ်၌ အပြင်းအထန်တိုက်ပွဲဝင်နေ
ကြစဉ်အချိန်အတွင်း၊ စစ်အေးတိုက်ပွဲ (Cold War) စတင်ခါနီးဆဲဆဲတွင်ချုပ်ဆိုခဲ့ခြင်းဖြစ်
သည်။ ယခုအပတ်၌ လုပ်ဆောင်ချက်တရပ်မှာ အာရှ-ပစိဖိတ်နိုင်ငံများအား ခြိမ်းခြောက်
လာပြီဖြစ်သော နွားနှင့်သဏ္ဍာန်တူ၍ တဘို့တည်းသာကြည့်သည့် အကျင့်ပျက် တရုတ်
ကွန်မြူနစ် ၏ရန်အား ကာကွယ်ရန်အတွက် (ANZUS) စစ်စာချုပ်အား လက်ရှိလိုအပ်
ချက်နှင့်အညီ ပြုလုပ်ရေးအတွက်ဖြစ်သည်။


အနောက်တောင်ပစိဖိတ်ဒေသတွင်း၌ တပ်ဖြန့်ချမှုသစ်တရပ်အား အမေရိကန်ပြည်ထောင်စုနှင့်သြစတြေးလျတို့မှ စတင်နေခဲ့ကြပြီဖြစ်သည်
အရှေ့အာရှဒေသ (East Asia) တွင် အမေရိကန်တပ်ဖွဲ့များဖြန့်ကျက်ထားမှုမှာ ပြီးဆုံး
ခဲ့သည်မှာ နှစ်ပေါင်းခြောက်ဆယ်ရှိပြီဖြစ်သော ကိုရီးယားစစ်ပွဲမှ ကြီးစွာသက်ရောက်မှု
ရှိနေခဲ့သောကြောင့်ဟု ထင်မှတ်ရသည်။ မြောက်ကိုရီးယားနှင့် ထပ်မံစစ်ဖြစ်ပွားနိုင်
သည့် အလားအလာကြောင့် အမေရိကန်မြေပြင်တပ်ဖွဲ့များ၊ ရေတပ်နှင့် လေတပ်ဖွဲ့များ
မှာ အနောက်တောင်ပစိဖိတ်ဒေသ (Northwest Pacific) ရှိ ဂျပန်နှင့်တောင်ကိုရီး
ယားနိုင်ငံများတွင် အဓိကစုစည်းဖြန့်ချထားခဲ့သည်။ (၁၉၅၀) မှစပြီး ကွန်မြူနစ်မြောက်
ကိုရီးယားနိုင်ငံ၏အစဉ်ရန်လိုနေမှုမှ အနောက်တောင် ပစိဖိတ်ဒေသအတွင်း အမေရိ
ကန်တပ်များထားရှိရန် လိုအပ်ချက်အား ဖန်တီးပေးခဲ့သည်။ အမေရိကန်တပ်များ
ရာသက်ပန်တပ်စွဲထားရန်အတွက် လိုအပ်သည့် အခြေစိုက်အဆောက်အဦးများအား
အမေရိကန်ပြည်ထောင်စု၊ ဂျပန်နှင့်တောင်ကိုရီးယားနိုင်ငံများမှ လွန်ခဲ့သည့်ဆယ်စုနှစ်
များအတွင်း၌ စီစဉ်တည်ဆောက်ခဲ့ကြသည်။
ရေတပ်နှင့်လေတပ်စွမ်းရည်များအား တိုးတက်လာခဲ့ပြီးနောက် တောင်တရုတ်ပင်လယ်
တခုလုံးအား သမိုင်းကြောင်းအရ ၄င်းမှတဦးတည်းပိုင်ဆိုင်သည်ဟု ကြွေးကြော်လာသည့်
တရုတ်ပြည်၏ အန္တရာယ်သည် အမေရိကန်ပြည်ထောင်စု၏ အရေးအပါဆုံးသော
ကာကွယ်ရေးလုပ်ငန်းစဉ်အား လက်ရှိနေရာမှ တောင်ဘက်မိုင်ပေါင်း (၂၀၀၀)
ခန့်အကွာသို့ ရွှေ့ပြောင်းရန်စေ့ဆော်လာခဲ့၏။ အမေရိကန်နှင့်သြစတြေးလျဝန်ကြီးများ၏
ဆန်ဖရန်စစ္စကို၌တွေ့ဆုံမှုတွင် ယခုကိစ္စသည် အခရာဖြစ်နိုင်ပါ၏။ နှစ်နိုင်ငံအကြား
ဆိုက်ဘာကာကွယ်ရေး (Cyberdefense) အတွက် ကတိကဝတ်များထားရှိမှုအပြင်
(ဆိုက်ဘာတိုက်ခိုက်မှုများနှင့်အချက်အလက်ခိုးယူမှုများကို တရုတ်နိုင်ငံမှအဓိက
လုပ်ဆောင်နေခဲ့သည်။) အမေရိကန်ပြည်ထောင်စုအနေနှင့် သြစတြေးလျ၏
စစ်ရေးလေ့ကျင့်ရေးဧရိယာများသို့ ဝင်ရောက်ခွင့်နှင့် အမေရိကန်စစ်ပစ္စည်းများအား
ကြိုတင်နေရာချထားနိုင်ခြင်းတို့ကို ရရှိမည်ဖြစ်ပြီး၊ သြစတြေးလျနိုင်ငံ၏ အဆောက်အဦး
များနှင့် ဆိပ်ကမ်းများကိုအသုံးပြုခွင့်နှင့် ဒေသတွင်း စစ်ရေးပူးပေါင်းဆောင်ရွက်မှုပြု
လုပ်ရန်ရွေးချယ်ပြင်ဆင်မှုများအား ပြုလုပ်နိုင်မည်ဖြစ်သည်။
တောင်တရုတ်ပင်လယ်အတွင်း၌ အမေရိကန်နိုင်ငံမှ သံတမန်ရေးလုပ်ဆောင်မှုများအား
အရှိန်မြှင့်လာချိန်တွင်  အမေရိကန်နှင့်သြစတြေးလျနိုင်ငံတို့အကြား စစ်ရေးပူးပေါင်းဆောင်
ရွက်မှုအား အလားတူတိုးမြှင့်လာခြင်းဖြစ်သည်။ (၂၀၀၅) ခုနှစ်တွင် အမေရိကန်ပြည်ထောင်စုနှင့်
စင်္ကာပူနိုင်ငံတို့အကြား စစ်ရေးအရပူးပေါင်းဆောင်ရွက်ရေးအတွက် “မဟာဗျူဟာမြောက်
အခြေခံလုပ်ငန်းစဉ်ဆိုင်ရာသဘောတူညီမှု”
(Strategic Framework Agreement) အား
စတင်လက်မှတ်ရေးထိုးခဲ့ပြီး၊ ယခုနှစ် (၂၀၁၁) တွင် အမေရိကန်ရေတပ်၏ ကမ်းတက်တိုက်
ခိုက်ရေး ရေယာဉ်များအား တပ်စွဲခွင့်ပြုရန်သဘောတူညီချက်ဖြင့်  ထပ်မံသက်တမ်းတိုး
ခဲ့ပြီးဖြစ်သည်။ ပို၍နက်ရှိုင်းလာသော အဆိုပါသဘောတူညီချက်ကြောင့် နှစ်စဉ်နိုင်ငံအများ
အပြားမှပါဝင်ပြီး အမေရိကန်ပြည်ထောင်စုမှဦးဆောင်သည့် တောင်တရုတ်ပင်လယ်တဝိုက်
စစ်ရေးလေ့ကျင့်မှုများအား ထောက်ပံ့ရန် အမေရိကန်ရေတပ်၏ စစ်ရေးစွမ်းဆောင်နိုင်မှုအား
ပို၍အားကောင်းလာစေမည်ဖြစ်သည်။
သို့သော်လည်းအမေရိကန်အစိုးရအနေနှင့် အနောက်တောင်ပစိဖိတ်ဒေသနှင့်ပတ်သက်၍
သိသိသာသာကွဲပြားသောချဉ်းကပ်မှုမျိုးအားလုပ်ဆောင်နေပုံရ၏။ ဖိလစ်ပိုင်နိုင်ငံနှင့်
အခြားသောဒေသတွင်းနိုင်ငံများအကြားပြုလုပ်ခဲ့သည့် အတန်ငယ်ပေါ့ပါးသောအစီအစဉ်များ
အပါအဝင် သြစတြေးလျနှင့်စင်္ကာပူနိုင်ငံများနှင့် ထားရှိသည့်သဘောတူညီမှုများတွင်
အဆိုပါနိုင်ငံများတွင် အမေရိကန်တိုက်ခိုက်ရေးတပ်ဖွဲ့များအား အမြဲတမ်းအခြေစိုက်တပ်စွဲထား
ရန်အား တောင်းဆိုထားခြင်းမရှိပဲ ဂျပန်၊တောင်ကိုရီးယားတို့နှင့်ထားရှိသည့် သဘောတူညီ
ချက်များနှင့် ခြားနားမှုရှိ၏။ ဒေသတွင်း၌ အမေရိကန်တပ်များ၏မားမားမတ်မတ်ရှိနေမှုအား
ထိန်းသိမ်းထားခြင်းမှ အမေရိကန်ပြည်ထောင်စုနှင့်၎င်း၏ဒေသတွင်းမိတ်ဖက်နိုင်ငံများအား
လုံးကို အကျိုးရှိစေသည်။
အမြဲတမ်းအခြေစိုက်စစ်စခန်းများနှင့်ခံတပ်များတည်ရှိမှုသည်လည်း တဖြည်းဖြည်းနှင့်
ကွယ်ပျောက်သွားခဲ့၏။ အထူးသဖြင့် အမေရိကန်တပ်များတည်ရှိမှုအား ဒေသခံဂျပန်ပြည်
သူများမှ ဆန့်ကျင်လာနေသော အိုကီနာဝါကျွန်း (Okinawa) တွင်ဖြစ်သည်။ ဂျပန်နိုင်ငံနှင့်
တောင်ကိုရီးယားနိုင်ငံများအတွင်းရှိလေ့ကျင့်ရေးနယ်မြေများအား ကန့်သတ်မှုများ ချမှတ်
ခဲ့ခြင်းသည်လည်း အမေရိကန်တပ်များ၏တိုက်ပွဲဝင်ရန်အဆင်သင့်ဖြစ်နေမှုနှင့် ၄င်းတို့ရှိခြင်း
၏အသုံးတည့်မှုအား လျော့ကျစေခဲ့သည်။ အမေရိကန်စီမံချက်ရေးဆွဲသူများမှ ချမှတ်
ထားသောစီမံချက်ပုံစံအရ အမေရိကန်ပြည်ထောင်စုအနေနှင့် သြစတြေးလျ၊ စင်္ကာပူနှင့်
တောင်တရုတ်ပင်လယ်တဝိုက်ရှိ နိုင်ငံများမှပူးပေါင်းပါဝင်သော ပုံမှန်စစ်ရေးလေ့ကျင့်မှုများ
အားမကြာခဏလုပ်ဆောင်ရန်၊ ထိုနိုင်ငံများပိုင်အဆောက်အဦးများအား ယာယီအသုံးပြုခွင့်ရရှိ
ရန်နှင့်  အမေရိကန်စစ်ဦးစီးအရာရှိများ၊ စစ်ဘက်အကြံပေးအရာရှိများမှ မကြာခဏတိုင်
ပင်ဆွေးနွေးမှုများပြုလုပ်ပေးနိုင်ရန် ဆန္ဒရှိနေကြဟန်ရှိသည်။ စစ်ရေးလေ့ကျင့်ခန်းများ (သို့)
ဘေးအန္တရာယ်များကို အရေးပေါ်တုံ့ပြန်မှုပြုလုပ်ရာတွင် အမေရိကန်လေတပ်နှင့်မြေပြင်တပ်
ဖွဲ့များမှ လေကြောင်းမှ ဦးစွာဝင်ရောက်လာပြီးနောက် ကြိုတင်ပြင်ဆင်နေချထားပြီးဖြစ်သည့်
ကိရိယာတန်ဆာပလာများကို အသုံးပြုနိုင်ရန်ဖြစ်ပြီး၊ သိပ်မကြာမီတွင်လည်း အမေရိ
ကန်ရေတပ်မှ ထပ်မံအားဖြည့်လာမည် ဖြစ်သည်။
ထိုနည်းလမ်းအရ ဂျပန်နှင့်တောင်ကိုရီယားတွင်အခြေစိုက်ထားသော အမေရိကန်တပ်များ ကြုံတွေ့ခဲ့ရသည့် နိုင်ငံရေးအရ ပြဿနာဖြစ်လာမှုအား ရှောင်လွှဲနိုင်မည်ဖြစ်ပြီး၊ အမေရိ
ကန်တပ်များကိုလည်း ပိုမိုကောင်းမွန်သောလေ့ကျင့်ရေးအဆောက်အအုံများရှိရာ အမေရိ
ကန်မြေပေါ်ရှိမိခင်တပ်များတွင်နေထိုင်နိုင်စေမည်ဖြစ်ကာ စစ်သည်များနှင့် ၄င်းတို့၏ မိသားစု
ဝင်များအတွက်လည်း သူတို့၏မိသားစုဘဝများအတွက် ပိုမိုကောင်းမွန်သည့် အစီအစဉ်များ
ကို ထောက်ပံ့ပေးနိုင်လာမည်ဖြစ်သည်။ အနောက်တောင်ပစိဖိတ်ဒေသတွင် လုံခြုံမှုပေးစွမ်းနိုင်
ရန်နည်းလမ်းမှာ သဘောတရားပိုင်း အများစုပေါ်တွင်အခြေခံနေပြီး ဒေသတွင်းဝင်ရောက်နိုင်
သည့် လမ်းကြောင်းများအား တရုတ်တပ်များမှ ခြိမ်းခြောက်လာလျှင်မူ ဖိအားများစွာတိုးလာ
မည်ဖြစ်သည်။ ဤစီမံချက်သာ အောင်မြင်နိုင်မည် ဆိုပါလျှင်လည်း တရုတ်ဒုံးကျည်များ၏
ခြိမ်းခြောက်မှုတိုးတက်မြင့်မားလာနေ၍ စစ်ကူရယူရန် အိုကီနာဝါနှင့် တောင်ကိုရီးယားတွင်
ရှိသော စစ်စခန်းများအား အမေရိကန်အနေနှင့် အသုံးချနိုင်မည် ဟုတ်မဟုတ်အား မေးခွန်း
ထုတ်ရန်ဖြစ်လာနိုင်၏။ အမေရိကန်စစ်မဟာဗျူဟာ ပညာရှင်များနှင့်သံတမန်များအတွက်
လှည့်ကွက်တခုမှာ ပိုမိုပြောင်းလွယ်ပြင်လွယ်ရှိသည့် ယခုစီမံချက်အား အကောင်အထည်ဖေါ်နေ
ချိန်အတွင်း၌ အမေရိကန်ပြည်ထောင်စု၏ လုံခြုံရေးဆိုင်ရာကတိကဝတ်မှာ အခိုင်
အမာဖြစ်ကြောင်း ဒေသတွင်းမိတ်ဖက်နိုင်ငံများအား အဆက်မပြတ်နားသွင်းနေရန်ဖြစ်သည်။
သို့သော်ဖိအားများ မြင့်တက်လာသည်နှင့် ထိုလှည့်ကွက်အား ပြန်ဖြည်ရန်မှာမူ လွယ်ကူလှ
လိမ့်မည်တော့မဟုတ်။

ပစိဖိတ် စစ်နယ်ဝှမ်းသစ် (အပိုင်း-၂)

by FNG on November 14, 2011

DK၊         ၊အာရှတိုက်တွင် လမ်းဘေးလူမိုက် ဖြစ်လာသော တရုတ်အား တန်ပြန်ထိန်းညှိရန်
အတွက်သြစတြေးလျနိုင်ငံ ဒါဝင်မြို့ (Darwin) ရှိ စစ်အခြေစိုက်စခန်း တခုတွင် အမေရိကန် မရိန်း
တပ်များမှ အမြဲတမ်းအခြေစိုက်ရန်အတွက် အလှည့်ကျတပ်စွဲ တော့မည့် ကိစ္စအား အိုဘား
မားမှ သိပ်မကြာမီ၌ ကြေငြာတော့မည် ဖြစ်၏။
အိုဘားမားမှ အမေရိကန်သမ္မတအဖြစ်နှင့် လာမည့် (၂၀၁၁) နိုဝင်ဘာ (၁၇) ရက်နေ့တွင်
သြစတြေးလျနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်ရန် စီစဉ်ထားပြီး ထိုစစ်ရေးကိစ္စအား
သြစတြေးလျဝန်ကြီးချုပ် ဂျူလီယာဂီးလဒ်နှင့် ပူးတွဲ၍ ကြေငြာရန် စီစဉ်ထားသည်။ စုစုပေါင်း
(၂၆) နာရီခန့်ကြာမြင့်မည်ဖြစ်သော ထိုခရီးစဉ်ဖြင့် ANZUS  စစ်ရေးမဟာမိတ်အဖွဲ့ တည်ထောင်
မှု နှစ် (၆၀) ပြည့်ခဲ့ခြင်းအား ဂုဏ်ပြုကြခြင်းလည်း မည်၏။ ဂျပန်နိုင်ငံ၊ အိုကီနာဝါကျွန်းနှင့် ပါပူ
အာနယူးဂီနီ (Papua New Guinea) ကျွန်းနိုင်ငံလေး၏ မြောက်ဘက် ကီလိုမီတာ (၂၀၀၀)
ခန့်အကွာရှိ အမေရိကန်ပိုင် ဂူအမ်ကျွန်း (Guam) တို့တွင် တပ်စွဲထားသော အမေရိကန်မရိန်း
တပ်အင်အားမှာ ထုထည်ကြီးမားလှပြီး အမေရိကန်မရိန်းတပ်မကြီး (US Marine Corps)
တခုလုံး၏ သုံးပုံနှစ်ပုံမှာ ပစိဖိတ်ဒေသတွင် အခြေစိုက်၏။
ယခု အမေရိကန်တပ်များ သြစတြေးလျတွင် အခြေစိုက်လာခြင်းသည် စစ်ရေးအရခေတ်မှီ
လာသောစစ်တပ် ကို ပိုင်ဆိုင်လာနေသော ကွန်မြူနစ်တရုတ်နှင့် အဓိကပတ်သက်နေပြီး
ဂျပန်နှင့် ဂူအမ်ရှိ အမေရိကန်တပ်များအနေနှင့် မျိုးဆက်သစ်တရုတ် ဒုံးကျည်များ၏ တိုက်
ခိုက်မှုခံရနိုင်သည့် အလားအလာ ပိုများလာသောကြောင့် ဖြစ်သည်ဟု ဆစ်ဒနီတက္ကသိုလ်မှ
နိုင်ငံတကာလုံခြုံရေးဆိုင်ရာ ပညာရှင်တဦးဖြစ်သော ပါမ္ခောအလဲန်ဒူးပွန့် (Alan Dupont)
မှ ဆိုခဲ့သည်။ တရုတ်မှထုတ်သော ဒုံးကျည်သစ်များသည် ယခင်နှင့် လုံးဝကွဲပြားခြားနားသော
အနေအထားတရပ် ထိခြိမ်းခြောက်လာနေသောကြောင့် အမေရိကန်အနေနှင့် ထိခိုက်နိုင်သည့်
အလားအလာနည်းသော နေရာသို့ ပြန်လည်နေရာယူ အခြေချနေပြီ ဖြစ်ကာ၊ သြစတြေးလျနိုင်
ငံ၏ အလှမ်းကွာဝေးသောနေရာတွင်တည်ရှိမှုသည် ယခုအခါ မဟာဗျူဟာမြောက် အကျိုး
အမြတ်တခု ဖြစ်လာသည်ဟု ၄င်းမှဆိုသည်။
ပစိဖိတ်စစ်နယ်ဝှမ်းအတွင်း အဓိကကျသည့် အမေရိကန်တိုက်ခိုက်ရေးတပ်မှာ လှံဖျား (Tip of the Spear) ဟုခေါ်တွင်သော မရိန်းတပ်ဖြစ်သည်Photo Picific Command
သြစတြေးလျနိုင်ငံ၏ မဟာဗျူဟာမြောက် ဆုံးဖြတ်လုပ်ဆောင်ချက်သည် နိုင်ငံတကာ
ရေကြောင်းကုန်သွယ်မှု အား မငြိမ်မသက်ဖြစ်စေပြီး အမြတ်ထုတ်ရန် အကြံအစည်နှင့်
တောင်တရုတ်ပင်လယ်တခုလုံးကို ၄င်းမှပိုင်ဆိုင်သည်ဟု ကြောင်တောင်တောင်နှင့်
ထကြွေးကြော်သော စစ်အင်အားတိုးချဲ့လာနေသော တရုတ်၏ အန္တရာယ်ကို ကာကွယ်
ရန်ဖြစ်ပြီး၊ အဓိကစစ်ရေး မဟာမိတ်ဖြစ်သည့် အမေရိကန်ပြည်ထောင်စု နှင့်လည်း
ပို၍နီးစပ်လိုသည်ဟု သြစတြေးလျကာကွယ်ရေး အရာရှိဟောင်းနှင့် ထောက်လှမ်းရေး
သုတေသီတဦးလည်းဖြစ်သူ ပါမောက္ခဒူးပွန့်မှ ပြောကြားခဲ့သည်။ မမှန်ကန်သော ရည်
ရွယ်ချက်များရှိသည့် ကွန်မြူနစ် တရုတ်အနေနှင့်လည်း ယခုကိစ္စနှင့်ပတ်သက်ပြီး
အကြီးအကျယ် သံသယဖြစ်နေလိမ့်မည်ဟု ၄င်းမှဆိုသည်။
ယခုဆုံးဖြတ်ချက်၌ တရုတ်သည် အဓိကကျသော အချက်တခုဖြစ်သည်ဟု သမ္မတအို
ဘားမားနှင့် ဝန်ကြီးချုပ်ဂီးလဒ်တို့အနေနှင့် ဆိုလိမ့်မည်မဟုတ်ပါ။ အမေရိကန် စစ်ရေး
အသုံးစရိတ်လျှော့ချနေပြီး၊ အီရတ်နှင့် အာဖဂန်ရှိ တပ်ဖြန့်ချထားမှုများအား လျှော့
ချနေခြင်းသည် ယန်းကီးများ ပြည်တော်ပြန်ကြရန်မဟုတ်ပဲ အာရှ-ပစိဖိတ်ဒေသတွင်း၌
အဓိကကျသော အနေအထားကို ရယူရန်ဖြစ်သည်ဟု အိုဘားမားအစိုးရအဖွဲ့၏ နိုင်
ငံခြားရေးဒုဝန်ကြီးဟောင်း တဦးဖြစ်သော ဂျင်မ်စတိုင်းဘတ်ဂ် (Jim Steinberg)
မှပြောကြားခဲ့သည်။
သို့သော်လည်း ယခုဆုံးဖြတ်ချက်ကြောင့် သြစတြေးလျ-တရုတ်ဆက်ဆံရေးတွင်
နက်ရှိုင်းသော နောက်ဆက်တွဲ အကျိုးသက်ရောက်မှုများ ရှိလာလိမ့်မည်ဟု သြစတြေးလျ
အမျိုးသားတက္ကသိုလ်မှ မဟာဗျူဟာလေ့လာရေးပါမောက္ခတဦးဖြစ်သူ ဟျူးခ်ျဝှိုက် (Hugh White)
အနေနှင့်ယူဆသည်။ ယခုကိစ္စသည် အလွန်သိသာထင်ရှားလှပြီး သြစတြေးလျနိုင်ငံအတွက်
အလွန်ပင်စွန့်စားသော လှုပ်ရှားမှုတခုဖြစ်နေသည်ဟု မိမိထင်၍ အနောက်ပစိဖိတ်ဒေသ၌
အမေရိကန်၏ လုပ်ဆောင်မှုအားလုံးသည် အမေရိကန်ပြည်ထောင်စု၏ ပထမအဆင့်နေရာကို
တရုတ်စိန်ခေါ်လာမှုအား ဟန့်တားရေးကို ပိုမိုအားကောင်းစေရန်သာ ဖြစ်လိမ့်မည်ဟု
ပါမောက္ခဟျူးခ်ျဝှိုက်မှ ဆိုသည်။ ယခုကိစ္စရပ်နှင့်ပတ်သက်၍ သြစတြေးလျနိုင်ငံအနေနှင့်
|အာရှ-ပစိဖိတ်ဒေသတွင် ချဉ်ဖတ်ဖြစ်လာသော တရုတ် အားချောင်ပိတ်ထားရန်ဖြစ်သော
အမေရိကန်မဟာဗျူဟာအား လက်ခံစွဲကိုင်လိုက်ပြီဟု ဝါရှင်တန်နှင့် ဘေဂျင်းတို့မှ ရှုမြင်ကြ
လိမ့်မည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စု အနေနှင့် သြစတြေးလျနိုင်ငံတွင် စစ်အခြေစိုက်စခန်းသစ်များ
|တည်ဆောက်လိမ့်မည် မဟုတ်ပဲ အမေရိကန်မရိန်းတပ်များအနေနှင့် ဒါဝင်မြို့အနီးရှိ
ရော်ဘတ်ဆန်စစ်စခန်း (Robertson Barracks) အားအသုံးပြုလိမ့်မည်ဖြစ်ကြောင်း
အိုဘားမားနှင့် ဂီးလဒ်တို့မှ ကြေငြာလိမ့်မည်လည်းဖြစ်သည်။ သို့သော် ထိုစစ်စခန်း၌
လက်ရှိတွင် သြစတြေးလျတပ်ဖွဲ့ဝင် (၄၅၀၀) ခန့်ရှိနေပြီး နောက်ထပ် အင်အား ရာဂဏန်းမျှသာ
လက်ခံနေရာချထားနိုင်တော့သည်။ တိုးသထက်တိုးလာမည် ဖြစ်သည့် အမေရိကန်မရိန်း
တပ်များအား နေရာချထားရန် ရော်ဘတ်ဆန် စစ်စခန်းတွင်းရှိ အဆောက်အဦးများအား
ထပ်မံချဲထွင် ဆောက်လုပ်ရမည်ဖြစ်သည်။
အမေရိကန် သမ္မတ အိုဘား မား နှင့် ဂျီလတ် တို့  ကို အေပက် အစည်းအဝေး တွင် တွေ့ ရစဉ်
ယခုဆုံးဖြတ်ချက်အား နှစ်အတန်ကြာ စဉ်းစားချင့်ချိန်ခဲ့ကြရသည်။ မရိန်းတပ်များအနေနှင့်
သြစတြေးလျစစ်စခန်းအား လေ့ကျင့်မှုအတွက်သာ အသုံးချမည်ဖြစ်ပြီး၊ ယခင် အမေရိကန်
သမ္မတဟောင်း ဂျော့ဘုရှ်အစိုးရ၏ အာရှဆိုင်ရာထိပ်တန်းအကြံပေး အရာရှိဖြစ်သော မိုက်
ဂရီးန် (Mike Green) ၏စကားအရဆိုပါက
၎င်းတို့သည် ရဟတ်ယာဉ်မောင်းနှင်ခြင်း၊ လေထီးခုန်ခြင်း နှင့် ချေမှူန်းရေးလေ့ကျင့်မှုများကို
လေ့ကျင့်ကြမည်ဖြစ်ပြီး ထိုလေ့ကျင့်ခန်းများကို လူနေထူထပ်သော အိုကီနာဝါကျွန်းတွင်
လုပ်ဆောင်ရန် အဆင်မပြေသောကြောင့် ဖြစ်သည်
” ဟု ဆို၏။
စစ်စခန်းသစ် ဆောက်ခြင်းထက် ရှိပြီးသား သြစတြေးလျစစ်စခန်းအား အသုံးချခြင်းသည်
နိုင်ငံရေးအရ ပို၍သင့်တော်ပြီး ကြာရှည်တည်တံ့မည်ဖြစ်သည်ဟု ပင်တဂွန်စစ်ဋ္ဌာနချုပ်မှ
ယူဆသည်။  “မိမိတို့အနေနှင့် သြစတြေးလျအစိုးရအတွက် နိုင်ငံရေးအရအခက်အခဲဖြစ်စေမည့်
အရာများကိုလုပ်ဆောင်လိုခြင်းမရှိပဲ၊ မဟာမိတ်ဖြစ်တည်မှုအား မြှင့်တင်လိုသည့် ဆန္ဒသာရှိပြီး၊
အငြင်းပွားမှုကိုမလိုလား” ဟု (၂၀၁၀) နိုဝင်ဘာလအတွင်း မဲလ်ဘုန်းမြို့၌  ထိုစဉ် အမေရိကန်
ကာကွယ်ရေးဝန်ကြီးဖြစ်သူ ရောဘတ်ဂိတ်စ် (Robert Gates) မှပြောကြားခဲ့၏။
သို့သော်လည်း အစစအရာရာ ချောချောမွေ့မွေ့တော့မဟုတ်ပါ။ သြစတြေးလျနိုင်ငံတွင်း
မည်သည့် အမေရိကန်စစ်ရေး ချဲ့ထွင်မှုမဆိုအား ဂရီးန်ပါတီ (The Greens) မှဆန့်ကျင်သည်။


ပစိဖိတ် စစ်နယ်ဝှမ်းသစ် (အပိုင်း-၃၊ ဇာတ်သိမ်း)

by FNG on November 15, 2011 


DK ၊         ၊အမေရိကန်တပ်မတော်အနေနှင့် အာဖဂန်နစ္စတန်တွင် ပံ့ပိုးပေးရသည့် လေ့ကျင့်မှု
အတိုင်းအတာခန့်ရှိသော အခြားသော စစ်ရေးအရ လေ့ကျင့်မှုပေးခြင်းတရပ်အတွက် ပြင်ဆင်
ထားရန်လိုအပ်ပါသလား ?
(၂၀၁၁) စက်တင်ဘာ လဆန်းပိုင်းတွင် ဖြစ်ပွားခဲ့သော အာဖဂန်မြို့တော်ဖြစ်သည့် ကဘူးလ်မြို့
တွင်းရှိ အမေရိကန်သံရုံးအပါအဝင် အဓိကကျသော နေရာများစွာအား ထိုးဖောက်တိုက်ခိုက်
လာခဲ့သော အစ္စလာမ်ဘာသာရေး အစွန်းရောက် အကြမ်းဖက် တာလီဘန် မွတ်စလင် သူပုန်
များအား ချေမှူန်းရာတွင် အာဖဂန်ရဲတပ်ဖွဲ့နှင့် နိုင်ငံစုံတပ်များ (ISAF) တို့မှ နာရီ (၂၀) ခန့်
အချိန်ယူခဲ့ရသည်။ ထိုတာလီဘန်တိုက်ခိုက်မှုသည် ကြီးကြီးကျယ်ကျယ်တော့ မဟုတ်လှ
ဟု အာဖဂန်နစ္စတန်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ရိုင်ယန်ခရော့ကာ (Ryan Crocker)
ဟုဆိုသော်လည်း၊ တာလီဘန်များသည် သတင်းထောက်လှမ်းရယူမှု အပိုင်းတွင် လုပ်ဆောင်နိုင်
ခဲ့သည်ဟု ISAF ၏တပ်မှူးချုပ်ဖြစ်သူ အမေရိကန်မရိန်းဗိုလ်ချုပ်ကြီး ဂျော်န်အယ်လဲန် (John Allen)
မှဆိုခဲ့သည်။
ထိုဖြစ်စဉ်အတွင်း အာဖဂန်ပြည်သူလေးဦး၊ အာဖဂန်ရဲအရာရှိလေးဦး သေဆုံးပြီး၊ ဆန်ကုန်မြေလေး
တာလီဘန်မွတ်စလင် (၁၀) ဦးအား သုတ်သင်နိုင်ခဲ့သည်။
ထိုတိုက်ပွဲအတွင်း တာလီဘန်များ၏ စွမ်းဆောင်ရည်မှာ ခပ်ညံ့ညံ့သာ ဖြစ်သော်လည်း၊ အာဖဂန်
လုံခြုံရေးတပ်များအား လေ့ကျင့်မှုပေးရန် ကြိုးပမ်းအားထုတ်ကြမှုများနှင့် ပတ်သက်ပြီး မေးခွန်း
ထုတ်စရာများ ပေါ်လာခဲ့သည်။ သုတေသနအဖွဲ့အစည်းတခုဖြစ်သော ရဲန်းကော်ပိုရေးရှင်း
(Rand Corp) မှ လေ့ကျင့်ရေးအစီအစဉ်အား အသေးစိတ်လေ့လာထားမှုများနှင့် အနာဂတ်
အကြီးစားလေ့ကျင့်ရေးလုပ်ငန်းစဉ်များအတွက် “အာဖဂန်နစ္စတန်တွင်းလုံခြုံရေးတပ်ဖွဲ့အထောက်
အကူ” (Security Force Assistance in Afghanistan) အား ထုတ်ပြန်ခဲ့သည်။ အဆိုပါ
ထုတ်ပြန်ချက် အရအာဖဂန်အရေး၌ ကြီးမားကျယ်ပြန့်လှသော စိန်ခေါ်မှုများရှိနေသည်ကို
ဖေါ်ပြထားပြီး အာဖဂန်တပ်များအား လေ့ကျင့်ရေးလုပ်ငန်းစဉ် တိုးတက်စေရန်အတွက် များစွာသော
အကြံပြုချက်များကို ထည့်သွင်းဖေါ်ပြပေးထားသည်။ အာဖဂန်နိုင်ငံတွင်း လုံခြုံရေးဆိုင်ရာ
ပံ့ပိုးကူညီမှုမှ ပင်တဂွန်ထိပ်တန်းအရာရှိများနှင့် အမေရိကန်အစိုးရ တို့သည် တော်တော့်ကို
အတွေ့အကြုံရခဲ့ကြ၏။ ပဋိပက္ခများအား တားဆီးနိုင်ပြီး၊ အနာဂတ်တွင် အမေရိကန်မှ စစ်ရေးအရ
စွက်ဖက်ရမည့် အလားအလာနည်းစေရန်၊ အောင်မြင်သော ထောက်ပံ့ကူညီမှု အစီအစဉ်များ
သည် ထိရောက်မှုရှိပြီး၊ အကုန်အကျသက်သာမည့်နည်းလမ်း ဖြစ်ရန်လိုအပ်ကြောင်း
အမေရိကန်မူဝါဒရေးဆွဲသူများ (Policymakers) မှလုံးဝနီးပါး သဘောတူညီခဲ့ကြသည်။
ပင်တဂွန်စစ်ဋ္ဌာနချုပ်အတွက် မေးခွန်းမှာ ခက်ခဲမှုအဆင့်မြင့်မားလှသော အာဖဂန်အရေးသည်
အမေရိကန်တပ်များ ပြင်ဆင်ထားသင့်သည့် အနာဂတ်စံနှူန်းသတ်မှတ်ချက် တခုလား
ဆိုသည့်အချက်ပင်ဖြစ်၏။
အာဖဂန်လုံခြုံရေး တပ်များအတွက် ပံ့ပိုးရန် အစီအစဉ်တွင် လစ်ဟာမှုများစွာရှိနေခြင်း အား
အာဖဂန် စစ်မြေပြင်သို့ ကွင်းဆင်းလေ့လာခဲ့ကြသော ရဲန်း စာရေးဆရာများ (Rand Authors)
မှ တွေ့ရှိခဲ့ကြသည်။ (၂၀၀၉) ခုနှစ်အတွင်း အာဖဂန်ဆိုင်ရာ အမေရိကန်မူဝါဒအား အကြီးစားပြင်
ဆင်မှုများ ပြုလုပ်နေချိန်ဖြစ်ပြီး ထိပ်ပိုင်းခေါင်းဆောင်မှု အပြောင်းအလဲများ ရှိခဲ့ပြီး
များပြားသော စစ်ကူတပ်များ၊ စစ်ပစ္စည်းများနှင့် ငွေကြေးပံ့ပိုးမှုများ အောထည့်နေချိန်တွင်
ထိုသုတေသန အား ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။ အာဖဂန်နိုင်ငံ လုံခြုံရေးအား ကူညီပံ့ပိုးရန်
အားထုတ်မှု များသည် အာဖဂန် နိုင်ငံတွင်း အမှန်တကယ် လိုအပ်သော လုံခြုံရေးပိုင်း ဆိုင်ရာ
လိုအပ်ချက်များ နှင့် ခိုင်မာသော ဆက်နွယ်မှု ရှိမနေပဲ လုပ်ငန်းစဉ် တိုးတက်မှုရှိစေရန်
သင့်တော်သော လုပ်ဆောင်မှုများ လစ်ဟာနေပြီး၊ ခပ်ညံ့ညံ့ အာဖဂန် အစိုးရ နှင့်လည်း
အံခွင် ဝင်ကျမဖြစ်သည် ကို သုတေသန ပညာရှင်များမှ တွေ့ရှိခဲ့ကြသည်။  စစ်ဒဏ်ခံခဲ့ရသော
လူများစု မှာ စာမတတ်သူ များဖြစ်ကြသော အာဖဂန်နစ္စတန် နိုင်ငံသား များနှင့် ဖွဲ့စည်းထားသော
အာဖဂန် စစ်တပ် အား လေ့ကျင့်ပေးရန် အတွက် နက်ရှိုင်းသော စိန်ခေါ်မှုများ ရှိနေသော်လည်း
(၂၀၀၉) မှစ၍ အတော်ပင် တိုးတက်ခဲ့၏။ တိုးတက်မှုများသည် သုတေသနပညာရှင် များနှင့်
လေ့ကျင့်ရေးဝန်ထမ်း များအကြား အပြန်အလှန် ဆောင်ရွက်မှုများ ကြောင့်လည်း ဖြစ်နိုင်သည်။
ဒေသတွင်း မိတ်ဖက်နိုင်ငံများအား ဆူပူသောင်းကျန်းမှုများနှင့် မင်းမဲ့စရိုက်များအား
ကာကွယ်တားဆီးရန် အတွက် ကူညီပေးရန်နှင့် ကမ္ဘာ့လုံခြုံရေးအတွက် အမေရိကန်
တပ်များအား တောင်းဆိုမှုများအား လျှော့ချရန်များအတွက် လုံခြုံရေးတပ်များ ဆိုင်ရာ
အကူအညီပေးမှုများအား ဒေသတွင်း အဟန့်အတားဖြစ်လာစေဖို့အတွက် အသုံးချသွားရန်၊
အမေရိကန် မူဝါဒရေးဆွဲသူများ တွင် အတော်ပင် မျှော်လင့်ထားခဲ့ကြသည်။ လုံခြုံရေး
တပ်များဆိုင်ရာ ပံ့ပိုးမှုနှင့် ပြည်တွင်းတွင် နိုင်ငံခြား တပ်များ မှလေ့ကျင့်ပေးမှုများမှာ
ဒယ်လ်တာဖို့စ် (Special Operation Forces-Delta, SOF-D)၊ အမေရိကန်ရေတပ်
အထူးတပ်ဖွဲ့ဖြစ်သော နေဗီဆီးလ် တပ်ဖွဲ့ (Navy Seal)၊ တကမ္ဘာလုံးရှိ မည်သည့်နေရာ၌
မဆို (၁၈) နာရီအတွင်း ချီတက်ထိုးစစ်ဆင်နိုင်သော ရိန်းဂျားတပ်ဖွဲ့၊ (Rangers) နှင့်
ဘယ်ရီစိမ်းတပ်ဖွဲ့ ဟုခေါ်ကြသော (Green Berets) စသော အမေရိကန် အထူးစစ်
ဆင်ရေးတပ်ဖွဲ့များ (Special Operational Forces) ၏ ပုံမှန် ဝတ္တရားများဖြစ်ကြသည်။
သို့သော် အာဖဂန်နစ္စတန်နှင့် အီရတ် နိုင်ငံများအတွက် လေ့ကျင့်ရေး လိုအပ်ချက်များမှာမူ
ပမာဏ ကြီးမားလွန်းလှ၍ သမရိုးကျတပ်များ ပါပါဝင်ပတ်သက်လာခဲ့ရသည်။ ထို့ကြောင့်
လေ့ကျင့်ရေးအတွက် တာဝန်ရှိလာသော သမရိုးကျတပ်များအတွက် အမေရိကန်တပ်မတော်မှ
အယူအဆသစ် တရပ်ကိုဖေါ်ဆောင်ခဲ့၍ လေ့ကျင့်ရေးလက်စွဲ စာစောင် တခုအား ပြုစုခဲ့ရသည်။
မေရိကန်ကာကွယ်ရေး ဘတ်ဂျက် အတော် လျော့ကျသွားမည့် အရိပ်အယောင်များ ပေါ်နေချိန်၊
အမေရိကန် စစ်တပ်အနေနှင့် လည်း ၄င်း၏ ဖွဲ့စည်းမှုပုံစံနှင့် လေ့ကျင့်ရေးဘတ်ဂျက်တို့အား
ဖြတ်တောက်ခံရမည့် အရေး နှင့်ကြုံတွေ့နေရပြီး အာဖဂန်စစ်ရေးအကူအညီ မှာလည်း
ခပ်ကြီးကြီး ဖြတ်တောက်ခံရ တော့မည်ဖြစ်၏။ အမေရိကန် တိုက်ခိုက်ရေးတပ်ဖွဲ့ များသည်
ကြီးကျယ် ရှုပ်ထွေးသော ထိုးစစ် များမှစပြီး ကျယ်ပြန့်သော ဒေသများအတွင်း လုံခြုံရေးရယူမှု
အထိပါဝင်သော ဘက်ပေါင်း စုံစစ်ဆင်ရေး ကို ကျွမ်းကျင်ပိုင်နိုင် လာမည် ဖြစ်သည်ဟု
အမေရိကန် တပ်မတော်မှ မှန်းဆထားသည်။
သို့သော် တပ်အင်အား နှင့် လေ့ကျင့်ရေး ဘတ်ဂျက် လျှော့ချမှုများသည် ထိပ်တန်းစစ်ဘက်
အရာရှိ များအား ဦးစားပေးသတ်မှတ်ချက်များ ထားရှိစေရန် နှင့် ရွေးချယ်မှုများ ပြုလုပ်ရန်
ဖိအားပေးလာမည်ဖြစ်သည်။ အာဖဂန် စစ်ရေးထောက်ပံ့မှုနှင့် ပတ်သက်၍ သမရိုးကျ
မြေပြင်တိုက်ခိုက်ရေးတပ်ဖွဲ့ များမှ လေ့ကျင့်မှုများ ဆောင်ရွက်ပေး နိုင်ရန် အတွက်
ဘတ်ဂျက် ပမာဏ မည်မျှ သုံးမည်ဆိုသည်အား ပင်တာဂွန်ထိပ်တန်း အရာရှိများ
အနေနှင့် ဆုံးဖြတ်ချက် ချရမည်ဖြစ်သည်။ အမေရိကန် အထူးတပ်ဖွဲ့များ၏ စွမ်းဆောင်
နိုင်မှုကို ကျော်လွန်နေပြီး လေ့ကျင့်ရေးဘတ်ဂျက် လိုအပ်သော အာဖဂန် စစ်ရေးထောက်ပံ့မှု
ကဲ့သို့သော အဆိုးဆုံးအနေ အထား နောက်တခု အား အမေရိကန် မူဝါဒရေးဆွဲသူ များမှ
မျှော်လင့်ထားပါသည်ဟု ဆိုလျှင် မည်ကဲ့သို့သော တိုက်ပွဲဝင်အသင့်ရှိမှု (Combat Readiness)
ရှိသောနယ်ပယ်မှ တပ်များအား ထုတ်နှုတ်အသုံးချမည်လဲဟု ဆိုရမည်ဖြစ်သည်။
လွန်ခဲ့သော ဆယ်စုနှစ် အတွင်း ဒေသခံ တပ်များအား လေ့ကျင့်မှုပေးရာမှ အမေရိကန်တပ်များ
အနေနှင့် ကြီးမားသော အတွေ့အကြုံများအား ရရှိခဲ့ကြသည်။ စစ်ရေးထောက်ပံ့မှုပေးခြင်း
သည် အခြားသော အမေရိကန် စစ်ဘက် ပိုင်ဆိုင်မှုများ ဖြစ်ကြသည့် လေယာဉ်တင်သင်္ဘောများ၊
တိုက်လေယာဉ်များ နှင့် ဒုံးကျည်များ ကဲ့သို့သော အဓိက ပိုင်ဆိုင်မှု အရည်အသွေး တခု ဖြစ်
လာခဲ့သည်။ အလားတူပင် အဆိုပါ ပိုင်ဆိုင်မှုသည်လည်း ဆက်လက် ရှင်သန် နိုင်ရန် အတွက်
စစ်ရေးဘတ်ဂျက် ဖြတ်တောက် လျှော့ချမှုအတွင်း အခြားသော စစ်ရေး ပိုင်ဆိုင်မှု များနှင့်
အကြိတ်အနယ် ယှဉ်ပြိုင်ရပေဦးမည်။ DK (Ref: The New Pacific Theater)
Advertisement
 http://freedomnewsgroup.com/category/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8/%E1%80%9E%E1%80%90%E1%80%84%E1%80%B9%E1%80%B8-%E1%80%B1%E1%80%86%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%95%E1%80%AB%E1%80%B8/  မှ ဗဟုသုတအလိုငှာ ကော်ပီကူးယူထားပါသည်။ Palenat

No comments:

Post a Comment