Friday, 10 February 2012

“ဒေါ်အောင်ဆန်းစုကြည်အား ယူနက်စကိုမှ ဆုချီးမြှင့်”





ကုလသမဂ္ဂယူနက်စကိုအဖွဲ့ကြီးက ဒေါ်အောင်ဆန်းစုကြည်အား ယူနက်စကို-မက်ဒန်ဂျီဆင့်ဆုဖလား (Trophy Of The UNESCO - Madanjeet Singh Prize)ကို ချီးမြှင့်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံအခြေစိုက် ကုလသမဂ္ဂရုံးက သတင်း ထုတ်ပြန်သည်။ ထိုဆုကို လာမည့်ဖေဖော်ဝါရီလ ၁၀-ရက်နေ့ နံနက်တွင် ယူနက်စကို ညွှန်ကြားရေးမှုးချုပ်ကိုယ်စား အမှုဆောင်ဒါရိုက်တာ မစ္စတာယူဟေးဟိုဆိုဟားက ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ် တွင်  ပေးအပ်မည်ဖြစ်သည်။ ထိုဆုသည် သည်းခံစိတ်ရှည်မှု၊ အကြမ်းမဖက်မှုများ မြှင့်တင်ခြင်းအတွက် ရည်ရွယ်၍ပေးအပ်သော ဆုဖြစ်ကြောင်းသိရသည်။

ထိုဆုအား ယူနက်စကို၏စေတနာရှင် သံတမန် အိန္ဒိယလူမျိုး ပန်ချီပညာရှင် စာရေးဆရာနှင့် သံတမန်ကြီး ဖြစ်သူ မစ္စတာမန်ဒန်ဂျီဆင့်၏ သူ့ဘ၀တစ်လျောက်လုံး ငြိမ်းချမ်းရေးနှင့် စိတ်ရှည်သည်းခံနိုင်ရေးတို့အတွက် အစဉ်တစ်စိုက် စွန့်လွှတ်ကြိုးစားခဲ့ခြင်းတို့အပေါ် ရည်ရွယ်၍  ပေးအပ်ခဲ့ခြင်းဖြစ်သည်။

၁၉၉၅ ခုနှစ်တွင် မဟတ္တမဂန္ဒီကြီး၏ ၁၂၅ နှစ်မြောက် မွေးနေ့အထိမ်းအမှတ်အဖြစ် ယင်းဆုကို တီထွင်ခဲ့ခြင်းဖြစ်သည်။ ၁၉၉၆ မှစ၍ ထိုဆုကို ၂-နှစ်တစ်ကြိမ်ပေးအပ်ခဲ့ပြီး ဆုတန်ဖိုးမှာ ဒေါ်လာတစ်သိန်းဖြစ်သည်။

ယခုအချိန်အထိဆုရရှိသူ လူပေါင်း(၈)ဦး ရရှိပြီးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်သည်  ထိုဆုကို ၂၀၀၂ ခုနှစ်ကရရှိခဲ့ပြီး ယခုမှ ယူနက်စကိုအဖွဲ့က ကိုယ်ထိလက်ရောက်ပေးအပ်ခြင်းဖြစ်ကြောင်း သိရသည်။


UNESCO=ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့်ယဉ်ကျေးမှုအဖွဲ့ကြီးမှ ယူနက်စကို မဒမ်ဂျတ်ဆင်းဂ်ဆု-UNESCO-Madanjeet Singh Prize ကို  ပြင်သစ်အခြေစိုက် ယူနက်စကိုညွှန်ကြားရေးမှူးချုပ်ရုံးမှ အမှုဆောင်ညွန်ကြားရေးမှူး မစ္စတာယူဟေးဟိုဆိုယာနဲ့ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ နေအိမ်မှာ ဒီနေ့11.02.2012 မနက်ပိုင်းမှာ ဆုပေးအပ်လိုက်ပြီဖြစ်ပါသည်။ (DVB)

No comments:

Post a Comment