Friday, 10 February 2012

“Facebookကို လာမည့် မတ်လ-၁၅ရက်တွင် အဆုံးသတ်မည်”


Facebookကို လာမည့်မတ်လတွင် အဆုံးသတ်မည် ဖြစ်ကြောင်း Mark Zuckerberg က ကြေငြာလိုက်သည်။ အဆိုပါ siteကို စီမံခန့် ခွဲရခြင်းသည် အလွန်စိတ်ဖိစီးလာ၍ဖြစ်သည်။ " Facebook ကို ထိန်းချုပ် လို့ မရတော့ဘူး "ဟု Mark Zuckerberg က ကယ်လီဖိုးနီးယားပြည်နယ်၊ ပယ်လိုအယ်တို၌ ကျင်းပပြုလုပ်သော သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောကြားခဲ့သည်။ 

" ဒီကုမ္ပဏီကို စီမန်ခန့် ခွဲရတဲ့စိတ်ဖိစီးမှု့ကြောင့် ကျွန်တော့်ဘ၀လည်းပျက်ပြီ၊ ဒီရူးသွပ်မှု အားလုံးကို ကျွန်တော် အဆုံးသတ်ဖို့လိုပါတယ် "ဟု ၄င်းက ဆက်လက်ပြောကြားခဲ့သည်။


" မတ်လ ၁၅ ရက်ကျရင် Website တစ်ခုလုံးပိတ်ပါပြီ "ဟု Facebook မှ နည်းပညာရေးရာ ဒုတိယဥက္ကဌ Avrat Humarthiက ပြောကြားသည်။ " ဒီတော့ ခင်ဗျားတို့ ကိုယ့်ပုံကိုယ် ပြန်မြင်ချင်သေးရင် ဒီပုံတွေကို အင်တာနက်ကနေ ဖယ်လိုက်တော့၊ Facebookလုပ်ငန်း ရပ်ဆိုင်းသွားရင် အဲဒီပုံတွေ ပြန်မရနိုင်တော့ဘူး" ဟု Avrat Humarthiက ဆက်လက်ပြောကြားခဲ့သည်။

ဤ ဆုံးဖြတ်ချက်ကို ခက်ခက်ခဲခဲချခဲ့ရကြောင်း၊ သို့သော် ပြည်သူများ မကျေမလည် ကသိအအောင့်
ဖြစ်လိမ့်မည်ဟု မထင်ပါကြောင်း Mark Zuckerberg က ပြောကြားခဲ့သည်။
ရိုးရိုးပြောရရင် ပိုကောင်းဖို့ ဖြစ်လာတာလို့ ထင်ပါတယ်။ Facebook မရှိတော့ရင် လူတွေ အပြင်ထွက်ကြမယ်။ တကယ့်လူသား မိတ်ဆွေသူငယ်ချင်းတွေရလာမယ်၊ ဒါဟာ ဘယ်တော့မဆိုကောင်းတာပဲလေ " ဟု Mark Zuckerberg က တယ်လီဖုန်းနှင့်မေးမြန်းမှုတွင် ပြောကြားခဲ့သည်။


ဒီထိတ်လန့် တုန်လှုပ်ဖွယ် သတင်းကိုကြားတော့ Facebookသုံးစွဲသူ တစ်ချို့ဟာ ဒေါသတကြီး

ပေါက်ကွဲကြတယ်၊ Facebookမှ မရှိရင် ကျွန်တော်ဘာလုပ်ရမလဲလို့  အင်ဒီယာနာမှ အထက်တန်း
ကျောင်းသားတစ်ဦးဖြစ်သူ ဒင်းနစ်ဘရက်ရှောက ပြောသည်။


http://weeklyworldnews.com/headlines/27321/facebook-will-end-on-mar...
Weekly world news ကိုဆီလျော်အောင်ပြန်ရေးထားခြင်း
ဖြစ်ပါသည်။ (တဆင့် http://www.anantametta.org/2012/02/facebook.htmlမှ ကော်ပီကူးယူပါသည်)

No comments:

Post a Comment