မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲမှုတွေ
မြင်နေရပေမဲ့လည်း ပြီးခဲ့တဲ့သင်ခန်းစာအရ အချိန်မရွေး နောက်ပြန်လှည့်သွားနိုင်တာမျိုးကို
သတိထားနေရတယ်(အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်)။ လွတ်လပ်မှုအပြည့်အ၀ဖြင့်
ပြည်သူလူထုအများစုထောက်ခံသော လူထုအစိုးရ သို့မဟုတ်-
ဒီမိုကရေစီအစိုးရဖြစ်ပေါ်လာဖို့ဆိုသည်မှာ
စစ်မိုး စစ်ငွေ့ စစ်အနံ့သက်များဖြင့် နှစ်၅၀ကျော် လွှမ်းမိုးထားသော မြန်မာပြည်တွင်း၌
ပြည်သူလူထုသည် “ထီ သိန်း၁၅၀၀ ဆု ပေါက်ပါရစေ”ဟု ဆုတောင်းနေရသကဲ့သို့ ဖြစ်ပါသည်။
အကျဉ်းထောင်များမှ
ပြန်လည်လွတ်မြောက်လာသော ၈၈မျိုးဆက်ခေါင်းဆောင်များနှင့်တွေ့ဆုံမေးမြန်းခန်းတွင်
ကိုလှမျိုးနောင်မှ “ခင်ဗျားတို့ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးဆိုတဲ့
ကိစ္စကိုပြောနေပြီ။ ဟုတ်ပြီ၊ ဒီမိုကရေစီနိုင်ငံတည်ဆောက်ရေးအတွက် အဓိကလိုအပ်တာ
ဘာလဲ! ကျွန်တော်မေးမယ်။ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် အဓိကလိုအပ်တာ
တည်ဆောက်မယ့်သူတွေဗျ"ဟု မီဒီယာသတင်းတစ်ခုမှာ ဖော်ပြထားပါသည်။ ၄င်းအဆိုသည်
ထီဆုကြီးပေါက်ပါစေရန် ဆုတောင်းနေရသကဲ့သို့သော မြန်မာပြည်သူလူထုအတွက်
အလွန်စဉ်းစားစရာကောင်းသော ဖော်ပြချက်ဖြစ်ပါသည်။
မြန်မာပြည်၏ ဒီမိုကရေစီပြယုဂ်သည်
ဒေါ်အောင်ဆန်းစုကြည်ဖြစ်သည်-ဆိုသည်မှာ ကမ္ဘာသိဖြစ်နေပါပြီ။
ပထမအကြိမ်
အမျိုးသားလွှတ်တော်အစည်းအဝေးပြီးသောအခါ တရားဥပဒေရေးရာနှင့်ပတ် သတ်ပြီး
တာဝန်ရှိသူတစ်ဦးကို မီဒီယာများမှမေးမြန်းသောအခါ ဥပဒေနှင့်ပတ်သတ်ပြီး ကျွန်တော်တို့ဆီမှာ မပြည့်စုံသေးပါဘူး၊ လေ့လာရဦးမှာပါ၊ စကာင်္ပူလိုနိုင်ငံတွေမှာသွားရောက် လေ့လာရဦးမှာ ပါ-ဟု ပြောဆိုခဲ့ပါသည်။ သီလ၀ါဆိပ်ကမ်းဝန်းကျင်တွင်
စက်မှုဇုံကြီးလေးခု တည်ဆောက်ရေးနှင့်ပတ်သတ်ပြီး ဂျပန်တာဝန်ရှိသူတစ်ဦးမှ
လုပ်ငန်ခွင်တည်ဆောက်လည် ပတ်ရန်အတွက်
နိုင်ငံတကာစီးပွားရေးဆိုင်ရာဥပဒေသည် မြန်မာပြည်တွင် ရေးဆွဲရဦး မည်ဖြစ်သောကြောင့်
အချိန်ယူရဦးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်သွယ်ရေးနှင့်ကြေးနန်း ၀န်ကြီးဌာနဆိုင်ရာ
တာဝန်ရှိသူများသည်လည်း နိုင်ငံတကာအဆင့် ဆက်သွယ်ရေးဆိုင်ရာ အခြေခံဥပဒေများ
အဆင်သင့်မရှိသေးသောကြောင့် အချိန်ယူရေးဆွဲရဦးမည်ဖြစ်ကြောင်း မြန်မာ မီဒီယာများတွင်
အသီးသီးဖော်ပြချက်များအရ သိရှိပြီးဖြစ်သည်။
“ကျွန်တော်တို့က
အရပ်ဘက်နိုင်ငံရေးအင်အားစု၊ အရပ်ဘက်နိုင်ငံရေးလှုပ်ရှားတဲ့သူတွေ၊
အရပ်သားနိုင်ငံရေးသမားတွေကိုမှ မွေးထုတ်မပေးနိုင်ဘူးဆိုရင် စစ်သားတွေ နိုင်ငံရေးလုပ်နေတာကို
ကျွန်တော်တို့ လက်ပိုက်ကြည့်နေရမှာ”(ကိုလှမျိုးနောင်)။
စစ်မိုးစစ်ငွေ့စစ်အနံ့သက်များဖြင့်
နှစ်၅၀ကျော်လွှမ်းမိုးထားသော မြန်မာပြည်တွင် အရပ်ဘက်နိုင်ငံရေးသမားများကို မည်သို့မွေးထုတ်ပေးနိုင်ပါမည်းနည်း။
“မြန်မာနိုင်ငံမှာ စောစောက
၆၂ အာဏာသိမ်းပြီးတဲ့ နောက်ပိုင်းမှာ အရပ်ဘက်နိုင်ငံရေး
အင်အားစုတွေက ချိုးချေ ခံထားရသလို ဖြစ်နေတယ်။ ဆိုတော့ ၇၄, ၇၅, ၇၆ကာလ ဒီ ဦးသန့်
အရေးအခင်းတို့၊ အလုပ်သမားအရေးအခင်းတို့၊ မှိုင်းရာပြည့်အရေးအခင်းတို့
လှုပ်ရှားမှုတွေပေါ်လာတယ်။ ပြီးတော့ အဲဒါတွေဟာ ထောင်ထဲရောက်သွားတယ်။ ပြတ်သွားတယ်။
အခု ၈၈မှာ တစ်ခါ ပြန်ပေါ်တယ်။ ၉၀ ရွေးကောက်ပွဲ ပြီးတယ်။ ဒီလိုပဲ
ချေမှုန်းခံရပြီးတော့ ၂၀၀၈-၂၀၀၉-၂၀၁၀ တွေမှာ ခင်ဗျားတို့ ကြည့်ကြည့်လိုက် ဘာမှ
မရှိတော့ဘူး” (ကိုလှမျိုးနောင်)။(http://www.ex-absdf.Com/2012/01/blog-post_7538.html )
ကမ္ဘာနှင့်ချီ၍ မဖော်ပြတက်သော်လည်း
အာရှဖွံ့ဖြိုးဆဲကျားနိုင်ငံများကို လေ့လာကြည့်လျှင် လက်ရှိတိုင်းပြည်၏
အရှိန်အဟုန်ကိုမပြတ်စေဘဲ (သဘာဝဘေးအန္တရာယ်များနှင့် စီးပွား ပျက်ကပ်များမှလွဲ၍)
အရပ်ဘက်နိုင်ငံရေးသမားများကို မွေးထုတ်ပေးနိုင်ခဲ့ကြသည် ကို တွေ့မြင်နိုင်ပါသည်။
ကျွန်တော်အမြင်အားဖြင့် စကာင်္ပူနိုင်ငံကို အဓိကရည်ညွှန်းလျှင် အထူးသင့်လျှော်မည် ထင်ပါသည်။
လက်ရှိမြန်မာနိုင်ငံ၏
နှစ်ငါးဆယ်စစ်အစိုးရများ၏အမွေသည် သမ္မတဦးသိန်းစိန်အဖြစ် ဖြင့် မှတ်ယူနိုင်ပါသည်။
“လက်ရှိ ပြည်သူ့လွှတ် တော်တွင် ကြံ့/ဖွံ့အမတ် ၆၀%နှင့် တပ်မတော်ကိုယ်စားလှယ် ၂၅%
ရှိသည်ဟု မှတ်သားမိပါသည်။ အခြားအမတ်များသည် ၂၀%ပင် မရှိပါ”။
ဤသည် တို့ကား ရှေးရှေးစစ်ခေါင်းကြီးများသည် ၄င်းတို့၏ အမွေခံထိုက်သူ ဟူ၍
ရွေးချယ်တင်မြောက်ထားသော သမ္မတဦးသိန်စိန်အတွက် အခြံအရံများပင်ဖြစ်ပါသည်။
(http://www.ex-absdf.com/2012/02/blog-post_6785.html#more)
နိုင်ငံတကာနှင့်ယှဉ်၍ စီးပွားစီမံကိန်းဆိုင်ရာများ၊
နည်းပညာဆိုင်ရာများ၊ - - - များ၊
- - - များတွင် သက်ဆိုင်ရာဥပဒေအဆင်သင့်မရှိသေးသောကြောင့်
မြန်မာပြည်၏ဖွံ့ဖြိုးတိုး တက်ရေးသည် အချိန်ယူရဦးမည်၊ ကြံ့ကြာနေဦးမည်
(အနီးကပ်ဆုံးသော ပြယုဂ်တစ်ခုမှာGSM ဖုန်းကိစ္စ)ဟု စစ်အစိုးရ၏ အမွေဆိုင်တာဝန်ရှိသူများမှ
စိုးရိမ်တကြီးဖြင့် ပြည်သူလူထုကို အသိပေးရှာပါသည်။ (အဟား ဟား!)။
သို့သော် စစ်အာဏာရှင်ကြီးများသည်
၎င်းတို့အမွေပေးခဲ့သော လက်ရှိသမ္မတအပါအ၀င် လွတ်တော်အဖွဲ့အစည်း၊
ကြံ့/ဖွံ့ပါတီအစရှိသော အဖွဲ့ဝင်များစွာတို့အတွက် ဆက်လက် ပြီးအာဏာတည်မြဲနိုင်စေရန်နှင့် ကမ္ဘာသိမြန်မာ့ဒီမိုကရေစီပြယုဂ်
ဒေါ်အောင်ဆန်းစုကြည် ကို ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင် မရနိုင်စေရန်
“ရွေးကောက်ပွဲဥပဒေနှင့် အခြေခံဥပဒေ” (http://www.naytthit.net/?p=23781) အစရှိသောဥပဒေများကိုမူ အဆင်သင့်-အရန်သင့်-ကြိုတင် ကာကွယ်ပြဌာန်းပြီး
ဖြစ်နေပါသည်။ အာဏာတည်မြဲခိုင်ခန့်ရေးအတွက် ကမ္ဘာ့မည်သည့်နိုင်ငံများနှင့်မှ
မတူသော၊ တခြားနိုင်ငံများလိုက်၍ မမှီသော မြန်မာနိုင်ငံဆိုင်ရာစစ်အာဏာဥပဒေ များကို
လောကပါလတရားရင်ခွင်ပိုက်၍ (အဟား ဟား) ပြဌာန်းထားနိုင်သောကြောင့် “ခေတ်ကျော်စွမ်းဆောင်ရှင်ကြီးများ“ဟု
သနားသောအားဖြင့် ကင်ပွန်းတပ်သင့်လှပေသည်။
“နိုင်ငံရေးအင်အားစုတွေ
စုစည်းနိုင်ဖို့ဆိုတာ ဒေါ်အောင်ဆန်းစုကြည်မှတစ်ပါး အခြား လူလုပ်နိုင်ဖို့က
မလွယ်ဘူး”(ကိုလှမျိုးနောင်)။ မြန်မာပြည်၏လက်ရှိအခြေအနေသည် အရပ် ဘက်နိုင်ငံရေးသမားများကို
စနစ်တကျ မွေးထုတ်ပေးနိုင်ခဲ့ခြင်းမရှိသေးသကဲ့သို့ ကမ္ဘာသိ မြန်မာ့ ဒီမိုကရေစီပြယုဂ်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ဥက္ကဋ္ဌဖြစ်သော ဒေါ်အောင်ဆန်းစုကြည်သည်လည်း
မည်ကဲ့သို့သောနိုင်ငံရေးရာရာသီဥတုကို ကျော်လွှားဖြတ်သန်းရဦးမည်ကို ခန့်မှန်းရခက်ခဲသော
အခြေအနေဖြစ်ပါသည်။
ထို့ကြောင့် စစ်မိုး စစ်ငွေ့
စစ်အနံ့သက်များဖြင့် နှစ်၅၀ကျော်လွှမ်းမိုးထားသော မြန်မာပြည် တွင် မြန်မာနိုင်ငံစစ်အာဏာဥပဒေဆိုင်ရာ
စစ်အစိုးရ၏ အမွေများသည် “ထီ သိန်း၁၅၀၀ ဆု ပေါက်ပါရစေ”ဟု ဆုတောင်းနေရသကဲ့သို့သော
မြန်မာပြည်သူလူထုအတွက် လွတ်လပ်မှု အပြည့်အ၀ဖြင့် ပြည်သူလူထုအများစုထောက်ခံသော
လူထုအစိုးရ သို့မဟုတ်- ဒီမိုကရေစီ အစိုးရဖြစ်ပေါ်လာနိုင်ပါမည်လားဆိုသည်မှာ စိုးရိမ်ဖွယ်ပင်ဖြစ်နေပါသည်။
No comments:
Post a Comment