Friday, 17 February 2012

“နန်းအောင်ထွေးကြည် စစ်ကြေငြာခြင်းခံရသော ယောကျာင်္းများ”

သမိုင်းအဖျက်ခံရသူများ ၏ ... စိန်ခေါ်သံ 


ကြောက်စရာမလို ပုန်းစရာလည်းမလို
ပြေးစရာမလို  ရှောင်စရာလည်းမလို
မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပေါ့
အားလုံးကိုယ်စား ……. ငါကမင်းကို စိန်ခေါ်တယ်၊
အနှစ် ၂၀လုံး စကားတွေဖေါင်ဖွဲ့
သူလျှိုမို့လို့ သတ်ရပါသည်
စပိုင်မို့လို့ အပြစ်ပေးရပါသည်
ရင်နဲ့မမျှ နာကျင်ခဲ့ရ
အချိန်မတန်သေး၍ ရေငုံ နှုတ်ဆိတ်နေခဲ့ရသည်။

ငါ့လက်ထဲမှာ သေနတ်မရှိ
ခုတ်ဖြတ်ဖို့လည်း ဓါးမရှိပါ
လက်ဖြတ်ပစ်ဖို့ မိုင်းမရှိ
ရက်စက်ဖို့လည်း ကားစင်မရှိပါ
ကွန်ပြူတာခလုပ်မှာ ပြေးကစားတဲ့ လက်ချောင်းလေးများကို
မင်းကဘာလို့ ကြောက်နေလဲ ……..
အချိန်မဆွဲနဲ့ ရှောင်မပြေးနဲ့ ယောင်္ကျားဆိုတာ
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်ပေါ့
အားလုံးကိုယ်စား ……. ငါကမင်းကို စိန်ခေါ်တယ်။

ဟိုး တစ်ချိန်က မနောမြေမှာ
ဂုဏ်ယူဝံ့ကြွား မင်းပြောခဲ့တယ်
ကျောင်းသားစစ်တစ်ယောက် မှားပါခဲ့ရင်
ကိုယ့်စိတ်နဲ့ကိုယ် ကြိုးစင်တက်မတဲ့ ……….
ကြောက်နေပြီလား အယောက် ၁၀၀ဟာ ကျောင်းသားတွေပါ
မင်းမှန်တယ်ဆို ခုရင်ဆိုင်စမ်း
အားလုံးကိုယ်စား …… ငါကမင်းကို စိန်ခေါ်တယ်။

ရ ထားတဲ့စစ်ချက်များ တင်ပြလိုက်စမ်း
ရိုက်ထားတဲ့ကား ချပြလိုက်စမ်း
မင်းသား မင်းသမီး တင်ကာထားသမို့
ကြည့်လိုက်ခြင်သည်
ငါက ဒါမေး၊ မင်းက ဒါဖြေ
ဇာတ်တိုက်ထားတဲ့ ပြက်လုံးကွက်များ
မရှိတဲ့အဆိပ် လုပ်ယူပြသ
ဓါတ်ခဲထဲမှ အမှုံ့များနဲ့  လိမ်ညာကောက်ကျစ်
ဒါလားကျောင်းသား မင်းမပြောနဲ့
မင်းမှန်တယ်ဆို ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား …………ငါကမင်းကို စိန်ခေါ်တယ်။

ဒေါင်းစစ်စစ်က ကျီးဖြစ်ခဲ့ရ
ဒေါင်းယောင်ဆောင်တဲ့ ကျီးလို လူတစ်စု
အုပ်ချုပ်ခဲ့လို.
ရွှေဝါရောင်ဒေါင်း အနက်မှောင်လွှမ်းခဲ့
ကမ္ဘာမကြေ မြန်မာပြည်
ခွတ်ဒေါင်းတို့ရဲ့ စိမ်ခေါ်သံတွေ
ပြန့်နှံ့နေပြီ နားထောင်လိုက်စမ်း
ကြောက်နေပြီလား မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား.....  ငါကမင်းကို စိန်ခေါ်တယ်။

လူမသတ်ခဲ့သော ကျောင်းသားလက်များ
မိဘပြည်သူ ကြည်ဖြူလိမ့်မယ်
ကျောင်းသားဆိုတာ ဖြူစင်ရတယ်
သွေးညှီနံ့နဲ့ ကင်းဝေးရတယ်
ရှေ့ဆက်မပြောနဲ့ ကျောင်းသားပါလို့
မကဒတ က ကျောင်းသားတပ်မတော်
မင်းတို့တတွေက ကျောင်းသားသတ်မတော်
မှန်တယ်ဆိုရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား….. ငါကမင်းကို စိမ်ခေါ်တယ်။

မင်းတို့တတွေရဲ့ သမိုင်းကြွေး
မင်းတို့ပြန်ပေး
ABကို ဖြူစင်အောင်လုပ်
ပြည်သူတွေကြား ရွံအောင်မလုပ်နဲ့
မင်းတို့တတွေကို ကျောင်းသားသမိုင်းမှာ ကဗျည်းတင်လိုက်မယ်
စစ်အာဏာရှင် ဖက်ဆစ်များနဲ့ တဂိုဏ်းထဲလို့
ငြင်းဆန်ချင်ရင် ငြင်းလိုက်လေ
မင်းမှန်တယ်ထင်ရင် ရင်ဆိုင်လိုက်ပါ
အားလုံးကိုယ်စား …… ငါက မင်းကို စိန်ခေါ်တယ်

ငါတို့သမိုင်းစစ် ပေါ်ထွန်းနေပြီ
မင်းတို့သမိုင်းညစ် အများသိပြီ
ငါ့မိဘရင် ငါပြန်ရဲတယ်
ငါ့ပြည်သူ့ရင် ငါခိုလှုံရဲတယ်
ငါတို့တတွေမှာ အပြစ်မရှိပါ …….
မင်းတို့မှာသာ အပြစ်က အနှစ် ၁၀၀ ……..
 ငါ့လိုမင်းတို့ ပြည်ပြန်ရဲလား
ပြည်သူ့ရှေ့မှောက် လျောက်လှမ်းရဲလား
သံဃာမြတ်ကို ဖူးမြှော်ရဲလား
၈၈ မျိုးဆက်အပေါင်းနဲ့ ပြန်ပေါင်းရဲလား
မျိုးဆက်သစ်များနဲ့ တွေ့ဆုံရဲလား
မှန်တယ်ထင်ရင် ရင်ဆိုင်လိုက်စမ်း
အားလုံးကိုယ်စား …. ငါကမင်းကိုစိန်ခေါ်တယ်။
                                                          

၁၉၉၁ မှ ၁၉၉၂ခုနှစ်ထိ မကဒတ မြန်မာပြည်မြောက်ပိုင်းမှ အာဏာရှင် လူသတ်သမား ရော်နယ်အောင်နိုင်နှင့် လူသတ်မှုများအား ၀ိုင်းဝန်းအားပေးခဲ့သောတာဝန်ယူခဲ့သော ခေါင်းဆောင်ပိုင်းတို့အား ရည်စူးပါသည်။

နန်းအောင်ထွေးကြည်

No comments:

Post a Comment