http://www.kthwe.blogspot.com/2010/10/blog-post.html မှ ကော်ပီကူးယူထားပါသည်။
အိပ်နေတဲ့
နဂါးကြီးကို မနှိုးပါနဲ့ဆိုတဲ့ ပြင်သစ် စစ်သူကြီး နပိုလီယန်ရဲ့
သတိပေးစကားက ခုတော့လွန်ခဲ့ပေပြီ။ တရုတ် နဂါးကြီးက နိုးသွားခဲ့ပါပြီ။ နိုးထလူးလွန့်လာယုံတင်မက အနီးအပါးက အာရှကျားတွေ
ခွေးခြင်္သေ့တွေရှိသမျှ အကောင်ဗလောင်တွေကို ၀ါးမြိုဖို့ကြိုးစားနေပေပြီ။ ခပ်လှမ်းလှမ်းက အာဖရိကတောဆင်ရိုင်းတွေကိုတာင် အလွတ်မပေး အခိုးအငွေ့တွေ ထုတ်လွှတ်ပြီး ညှိ့ငင်ထားပြီးပြီ။
အဲဒီ
တော့မှ အားလုံးက မျက်ကလဲဆန်ပြာနဲ့ နဂါးကြီးကိုခြံခတ်ဖို့ပြင်သူက ပြင်။ တရားဟောပြီး ဥပုသ်စောင့်ခိုင်းဖို့ ကြိုးစားသူက
ကြိုးစား။ ဂဠုန်တွေ လင်းယုန်တွေနဲ့ စစ်ခင်းဖို့ ဗိန်းဗောင်းတီးသူတွေက တီး။
အဲဒီ
လို တုန်း.. ဗြုန်းကနဲ.. နှုတ်ခမ်းမွေး ဆွဲ နှုတ် ခံ လိုက်ရ တဲ့..
နဂါးကြီး ကတော့ .. နော်ဝေ နိုင်ငံ ရဲ့.. နိုဘယ်ဆု ကော်မီတီ ကို သာ..
တရှူးရှူး တရှားရှားနဲ့.. မျက်စောင်း တွေ ထိုးနေ ရ လေ တော့ သည်။
တရုတ်
ဒီမိုကရေစီ ရေး လှုပ်ရှားသူ လျူ ကို.. ၂၀၁၀ အတွက် ငြိမ်းချမ်းရေး နိုဘဲလ်
ဆု ပေး ဖို့ ရွေးချယ် ဆုံးဖြတ် လိုက်တာ ကို.. အင်မတန် ကျေနပ် အားရ နေ မိ
သည်။ ကမ္ဘာကြီး မှာ..ဒီလို ကိုယ်ကျိုးစွန့် အနစ်နာခံ ပြီး.. မြင့်မြတ်တဲ့
ယုံကြည်ချက် အတွက်..ရဲရင့်သူ တွေ ကို မှ.. ဂုဏ်မပြု ရရင်.. ဘယ်လို လူတွေ
ကို သွား ပြု ရ တော့ မှာ လဲ။ ဒီ ဆုဟာ..လျူ ချည်း သက်သက် ကြောင့် မဟုတ်ပဲ..
တရုတ်ပြည် ကြီး တပြည်လုံးနဲ့..
ဆက်စပ် နေတဲ့..ကမ္ဘာ့ အခင်းအကျင်း ကြောင့် ဆိုတာလည်း.. အားလုံး သိနေ ကြ
တာပါပဲ။ အဲဒီ တော့ ရော..ဘာဖြစ် သေး သလဲ…။ သင့်တင့် လျောက်ပတ်. တဲ့..ကမ္ဘာ့
အခင်းအကျင်း တခု ကို.. ဖော်ဆောင် ဖို့…နဲ့.. လူသားတိုင်း ငတ်မွတ် တောင့်တ
တဲ့..ဒီမိုကရေစီ တန်ဖိုး တခု ကို.. အရောင် တင် ပေး ဖို့.. နော်ဝေ
ဆုကော်မီတီ က..လုပ်သင့် တာ ကို လုပ်လိုက် ခြင်းသာ။
တရုတ်
အစိုးရ တာဝန် ရှိသူ များ ပြစ်တင် သလို.. အနောက် အုပ်စု တွေ အနေ နဲ့..
တရုတ် ရဲ့ .. တရှိန်ထိုး တိုးတက် ကြီးပွား လာနေ မူ ကို.. ကြောင့်ကြ
မရှုဆိမ့် လို့.. တမင် ထိုးနှက်ခြင်း ဖြစ်တယ်…နော်ဝေ ဆုကော်မီတီ အနေနဲ့လည်း
..နိဘဲလ် ဆု ကြီးကို အသရေ ဖျက် ခြင်း ဖြစ်တယ် ဆိုတဲ့.. စကား တွေက..
မျက်စိမှိတ် ပြီး အော်နေ သလို ဖြစ်နေတာလည်း..လူ တိုင်း သိ နေ ကြ တာပါပဲ။
ဘာလို့ ဆို.. တရုတ်က..အမြဲ မျက်စိ မှိတ် အော်နေ ကျ ကိုး ။ ဒလိုင်းလားမား
ကို ဆုချ ရင်လည်း အော်..။ အူရဂါ လှုပ်ရှားမူ ခေါင်းဆောင် အဘွားကြီး ကို..
အလည်ခေါ် ရင် လည်း အော်။ ကမ္ဘာ့အဆိုးယုတ် ဆိုး အာဏာရှင် တွေ ကို..အကာအကွယ်
ပေး တဲ့ နေရာ မှာလည်း..မျက်စိမှိတ် ပြီးတော့ ကို.. အော်ပေး နေ တာ ပဲ
မဟုတ်လား။
တကယ်တော့..ဒါတွေ
ဟာ.. အုပ်စု အားစမ်းပွဲ.. စစ်အေး ပုံစံ သစ် တွေ ပါပဲ။ ဒါပေမဲ့..ဒီ တချီ
ကတော့.. အရင် စစ်အေး လို..ဒုတိယ ကမ္ဘာစစ် အရှိန် မပျယ် တဲ့..အယူဝါဒ တိုက်ပွဲ
သက်သက် မဟုတ်တော့ပဲ.. ကိုယ်ကျိုးစီးပွား နဲ့ ဒီမိုကရေစီ ကျင့်ဝတ် ကိစ္စတွေ
က..ပို အရေးပါ လာပြီး..တကယ့် စစ်ပွဲ တခုဆီ ကိုတောင်.. ပြန်ပြီး ဦးတည်
ကောင်း ဦးတည် နိုင်တယ် လို့.. ပြောဆို ခန့်မှန်း နေ ကြ လေသည်။

( လောဆယ်..စာနဲ့ ကိုက်လို့ သုံးထားတာ ..အိုလံပစ်က..ပုံဖြစ်နေတယ်..နောက်မှ ပုံထပ်ရှာပါမယ် )
တလောက.. CNN သတင်း ဆရာကြီး... Zakaria .. ရဲ့.. တွေ့ဆုံမေးမြန်းခန်း တခု ကြောင့်.. Robert D Kaplan ဆိုတဲ့.. နာမည်ကျော် ဂျာနယ်လစ် တယောက် ရဲ့.. Monsoon ဆိုတဲ့
စာအုပ် ကို.. စိတ်ဝင်စား နေ ခဲ့ မိသည်။ စာအုပ်ကတော့.. အောက်တိုဘာ ၁၉
ရက်နေ့ ( မနေ့ ကမှ..) ဆိုင်တွေ ပေါ် ရောက်သည်။ စာအုပ် မထွက်ခင် ကတည်းက..
စိတ်ဝင်စား မူ ရ နေ ကြ တာ ကလည်း..တကမ္ဘာလုံး အာရုံ စိုက် နေ တဲ့.. တရုတ်
ရဲ့.. .ပထ၀ီ နိုင်ငံရေး ..စစ်ရေး အလားအလာ တွေ ကို.. သုံးသပ် ခန့် မှန်း
ထားခြင်း ကြောင့် ဖြစ် တန် ရာ သည်။ နောက်ပြီး.. စာရေးသူ ကိုယ် ၌ ..က ..
အမေရိကန် စစ်ရေး လုံခြုံမူဆိုင်ရာ အကြံပေး တယောက် ဖြစ်ပြီး.. ဖူကူယာမား
တို့ နီးပါး လောက်.. အလေးထား ကြ တဲ့.. အနာဂတ္တိ ဆရာ တယောက် လို့ လည်း ဆိုလေ
သည်။
အဲဒါနဲ့.. Monsoon ရဲ့ အကြို ..ဆောင်းပါး တပုဒ် ကို ရှာ ဖတ်ဖြစ်သည်။ ဖတ်နေရင်း... အခု ခေတ် တရုတ် ရဲ့....နယ်ပယ် အင်အား ချဲ့ထွင်မူ တွေ က.. ဟိုးယခင်.. စစ်ပြီး ခေတ်.. အနောက် အုပ်စု နဲ့..အမေရိကန် တို့ ရဲ့.. လက်ဝါးကြီးအုပ်ပုံစံနဲ့ မတူ.. တမျိုးတဘာသာ ဖြစ်နေ တာကို..သတိထား မိ လာ သည်။ ကမ္ဘာ့လူဦးရေ ရဲ့ ငါးပုံ တပုံ ရှိတဲ့..သူ့ နိုင်ငံ ကြီး အတွက်..စွမ်းအင် လုံလောက် မူ နောက်ကို လိုက် နေ တယ် လို့..ထင်စရာ ရှိ ပေမဲ့… ဒါ့ထက် ပို ကောင်း ပိုပေ လိမ့်မည်။ ဈေးကွက် ချဲ့ထွင်မူ လား..။ ဒါကတော့..ရှင်းပါသည်။ ယဉ်ကျေးမူ ဘာသာစကား ကြီးထွားလို မူ လား.. ။ အရိပ် အယောင် တွေ တော့..တွေ့ ရသည်။ အယူ ၀ါဒ ဆိုရ အောင် လည်း.. ကွန်မြူနစ် ပါတီ ကြီး လို့.. မျက်စိ မှိတ် အော် နေပေမဲ့.. ဒီမိုကရေစီ အသံ တ၀က် ပေး ပြီး..အရင်းရှင် စနစ် နောက်.. ကောက်ကောက် ပါ အောင် လိုက်နေ တာမို့.. မဖြစ်နိုင် ။ အဲဒါ တွေ အားလုံး ပေါင်းစပ် ထားတဲ့.. ရည်မှန်းချက် လည်း ဖြစ် နိုင် သည်။ သေချာ တာက တော့..ကိုယ်ကျိုးစီးပွား အလွန်အမင်း ကြည့်လို ခြင်းသာ..။ အဲဒီ အတွက် ကြောင့် လည်း..အများက..သတ်မှတ် ထား တဲ့..စံ တွေ ကို.. မျက်စိမှိတ် ငြင်းပယ် နေရတဲ့.. ဝေဖန် ထောက်ပြ စရာ တွေ နဲ့ ပြည့်နှက် လာတဲ့.. နဂါးကြီး တကောင် ဖြစ်နေ လေ တော့ သည်။
အဲဒါနဲ့.. Monsoon ရဲ့ အကြို ..ဆောင်းပါး တပုဒ် ကို ရှာ ဖတ်ဖြစ်သည်။ ဖတ်နေရင်း... အခု ခေတ် တရုတ် ရဲ့....နယ်ပယ် အင်အား ချဲ့ထွင်မူ တွေ က.. ဟိုးယခင်.. စစ်ပြီး ခေတ်.. အနောက် အုပ်စု နဲ့..အမေရိကန် တို့ ရဲ့.. လက်ဝါးကြီးအုပ်ပုံစံနဲ့ မတူ.. တမျိုးတဘာသာ ဖြစ်နေ တာကို..သတိထား မိ လာ သည်။ ကမ္ဘာ့လူဦးရေ ရဲ့ ငါးပုံ တပုံ ရှိတဲ့..သူ့ နိုင်ငံ ကြီး အတွက်..စွမ်းအင် လုံလောက် မူ နောက်ကို လိုက် နေ တယ် လို့..ထင်စရာ ရှိ ပေမဲ့… ဒါ့ထက် ပို ကောင်း ပိုပေ လိမ့်မည်။ ဈေးကွက် ချဲ့ထွင်မူ လား..။ ဒါကတော့..ရှင်းပါသည်။ ယဉ်ကျေးမူ ဘာသာစကား ကြီးထွားလို မူ လား.. ။ အရိပ် အယောင် တွေ တော့..တွေ့ ရသည်။ အယူ ၀ါဒ ဆိုရ အောင် လည်း.. ကွန်မြူနစ် ပါတီ ကြီး လို့.. မျက်စိ မှိတ် အော် နေပေမဲ့.. ဒီမိုကရေစီ အသံ တ၀က် ပေး ပြီး..အရင်းရှင် စနစ် နောက်.. ကောက်ကောက် ပါ အောင် လိုက်နေ တာမို့.. မဖြစ်နိုင် ။ အဲဒါ တွေ အားလုံး ပေါင်းစပ် ထားတဲ့.. ရည်မှန်းချက် လည်း ဖြစ် နိုင် သည်။ သေချာ တာက တော့..ကိုယ်ကျိုးစီးပွား အလွန်အမင်း ကြည့်လို ခြင်းသာ..။ အဲဒီ အတွက် ကြောင့် လည်း..အများက..သတ်မှတ် ထား တဲ့..စံ တွေ ကို.. မျက်စိမှိတ် ငြင်းပယ် နေရတဲ့.. ဝေဖန် ထောက်ပြ စရာ တွေ နဲ့ ပြည့်နှက် လာတဲ့.. နဂါးကြီး တကောင် ဖြစ်နေ လေ တော့ သည်။
အာဖရိ
က တိုက် မှာ ပဲ.. ကြည့်…။ ဆင်းရဲ မွဲတေ ပါ တယ် ဆိုတဲ့..အာဖရိက တိုက်
ကြီးကို.. အနောက်နိုင်ငံ တွေက..အစိုးရ လိုက်ရော.. တယောက်ခြင်း အလိုက်ရော..
အလုံးအရင်း နဲ့.. လူသားခြင်းစာနာမူ တွေ ပြ ခဲ့ ကြ တာ..ဘယ်လောက်
ကြာပြီလည်း..။ အလှူငွေ တွေ.. အစိုးရ မဟုတ်သော..အဖွဲ့ တွေ..အင် နဲ့ အားနဲ့..
ယခု တိုင် ။ အာဖရိက လည်း..ပို တိုးတက် မလာ ခဲ့.. မစည်ပင် လာခဲ့..။ အဲဒီ
အချိန်မှာ..တရုတ်က တော့.. ရင်းနှီးမြုပ်နှံ မူ တွေ နဲ့.. ၀င်လာ ခဲ့ သည်။
အငြင်းပွား ဖွယ်.. အာဏာရှင် ဆူဒန် ရဲ့ ..ရေနံ သဘာဝ ဓါတ်ငွေ့ ကုန်သွယ် မူ
တွေ က..စလို့.. တရုတ်..လမ်းပေါက် သွားခဲ့သည်။ ခုတော့.. အာဖရိက မြို့ကြီး
တွေ ရဲ့..မွဲခြောက်ခြောက် လမ်းမ ကြီး တွေ ပေါ်မှာ.. မှန်ရောင်
ပြောင်လက်လက်.. တရုတ် လက်ရာ.. အဆောက်အဦ တွေ ကို တွေ့ လာရ သလို..
အနောက်နိုင်ငံသား ဆရာဝန် တွေ..ကျန်းမာရေး လုပ်သား..ကယ်ဆယ်ရေး လုပ်သား တွေ
ရဲ့ ကြားထဲ မှာ..တရုတ် အင်ဂျင်နီယာ .. ဆောက်လုပ်ရေး လုပ်သား တွေကိုပါ..
အရောင်စုံ စွာ.. တွေ့ နေ ကြ ရ တော့ သည်။
Robert
D Kaplan ထောက်ပြ ထား တဲ့ အချက် တွေ ထဲ မှာ လည်း.. စိတ်ဝင်စား စရာ
ကောင်းတဲ့.. တရုတ် ရဲ့.. ပါးနပ် မူ တခု ကို တွေ့ ရ ပြန် သည်။
ဒုတိယ
ကမ္ဘာစစ် အရှိန် နဲ့.. ပစိဖိတ် ကျွန်းစု နိုင်ငံ တွေ ပေါ်မှာ..အမေရိက..
သြဇာ လွှမ်းမိုး နေခဲ့ တာ..၊. ဖိလစ်ပိုင်.. ဂျပန် ..တို့ မှာ ရေတပ် စခန်း
တွေ ရှိ နေ တာ..၊ တောင်ကိုရီးယား..တိုင်ဝမ် ကို..စစ်ရေး ကူညီ မူ တွေ
ပေး နေခဲ့တာ..၊ ဂူအမ် ကျွန်းလိုမျိုး နေရာ တော်တော် များများ
ကို...အပိုင် ရ ယူ ထားတာတွေ..၊ စတဲ့.. အနေအထား တွေ ကြားထဲမှာ.. တရုတ်
အနေနဲ့..သူ့ရဲ့. အသက်ရှူ ကြပ်လှ တဲ့...တောင်တရုတ် ပင်လယ် ထွက်ပေါက် ကို..
အသာ ထား ပြီး.. အိန္ဒိယ သမုဒ္ဒရာ ဖက် ဆင်း ပြီး .. ဆိပ်ကမ်း ကြီး တွေ တည်
ဆောက် ဖို့ လုပ် လိုက် သည်။ ကျောက်ဖြူ မှာ.. စစ်တကောင်းမှာ.. သိရိလင်္ကာ
မှာ.. ။ အမေရိကန် က...ပစိဖိတ် ကျွန်းစု ရေတပ် စစ်စခန်း တွေ နဲ့..
အလုပ်ရှုပ် နေတဲ့..အချိန် မှာ.. တရုတ် က.. အိန္ဒိယ သမုဒ္ဒရာ ထဲ မှာ
စီးပွားရေး ဆိပ်ကမ်း ကြီး တွေ.. ဖွင့်လှစ် နိုင် တော့ မည်။ တရုတ် ရဲ့.
ဆင်ဝှေ့ ရန်ရှောင်..ထိပ်တိုက် မတိုးပဲ.. အလိမ္မာသုံး..ဘေးက..ကွေ့ တိုက်
တဲ့.. တုံ့ပြန် လုပ်ဆောင်မူ တွေကို.... asymmetrical response လို့
သုံးထား ပြီး..အမေရိကန် အနေ နဲ့ လည်း.. သူ့ထက် ပို လိမ္မာပါးနပ် တဲ့..
နည်းလမ်း တွေကို..သုံးဖို့.. ကြံစည် ကြ ရ ပေ တော့ မည်။ နီးနီးပါးပါး
မြင်ရ တာ တွေထဲက.. ဂူးဂဲလ် နဲ့ ပတ်သတ်တဲ့.. ပြသာနာ တွေ.. အခု နိုဘဲလ်
ဆုလို မျိုး.. တွေ။ ပြောရရင်.. အမေရိကန် နဲ့..အနောက်နိုင်ငံ တွေ ဖက်
မှာ..ဒီမိုကရေစီ နဲ့..လူ့ အခွင့် အရေး ဆို တဲ့.. အကြပ်ကိုင် စရာ
စကားလုံး တလုံး ရှိ နေတာ က ပင်.. အားသာမူ တခု ဖြစ်နေ သည်။ အဲဒီ့ အတွက်
ကြောင့် လည်း..တရုတ် နဲ့ တကွ.. အလိုတူ အပေါင်းပါ နိုင်ငံ တချို့ က..
ဒီမိုကရေစီ ဆိုတာ ကို.. ဖုံးဖိ ငြင်းပယ် ထားလို့ မဖြစ်ဘူး
ဆိုတာ..သဘော ပေါက် လာ ကြ သည်။ ခက်တာက.. သူတို့ ပြောတဲ့.. လူ့ အခွင့်အရေး
နဲ့.. သူတို့ ပေး မဲ့..ဒီမို ကရေ စီ ဆိုတာ ကို တော့.. မှတ်ကျောက်
တိုက် မခံ နိုင်ပါ ။ ဒီလို နဲ့ပဲ.. ကိုယ့်နည်း ကိုယ့်ဟန် ဒီမိုကရေစီ
ဆို တာတွေ.. ပေါ်ထွန်းလာခဲ့ ကြ။
ဆောင်းပါး
ကို ပြန်ဆက် ရရင်.. တရုတ် ရဲ့..ပထ၀ီ နိုင်ငံရေး.. ခြေလှမ်း တွေကို..
သူက..အပိုင်း ၄ ပိုင်း ခွဲ ပြီး သုံးသပ် ပြ ထားသည်။ Central Asia,
Mongolia, Far East Russia, နဲ့ South East Asia လို့..ဆို ရာ မှာ..
ကိုယ်တွေ နဲ့ ပို သက်ဆိုင် တဲ့.. South East Asia ကို ပိုပြီး အာရုံ စိုက်
ဖတ် ဖြစ်သည်။
ဒီဖက်
နိုင်ငံ တွေ ထဲ မှာက... မြန်မာ..ဗီယက်နမ်..လာအို နဲ့..မြောက်ကိုရီးယား က
လွဲရင်..ကျန်တာ တွေက..လက်ရှိ ကမ္ဘာ့ ချန်ပီယံ အမေရိကန် နှင့်.. ဆက်ဆံရေး
မျှသူ များ ချည်း။ စင်ကာပူ လို ဟာ မျိုး ကတော့.. နိုင်ငံ တကာ ဆက်ဆံ ရေး
မှာရော.. ရပ်တည်ချက် ပိုင်း မှာ ရော.. ဟိုလိုလို..ဒီလိုလို မို့ ထား လိုက်။
မြန်မာ ကတော့..သေချာ ပေါက်.. တရုတ် နဲ့ ပေါင်းဖက် ခဲ့ ပြီ။ ကျောက်ဖြူ
မြို့ကနေ.. မြန်မာပြည် အလယ်ပိုင်း ကို.. ဖြတ်ဖောက် မဲ့.. တရုတ်
အကျိုးစီးပွားပိုင်.. ဓါတ်ငွေ့ ပိုက်လိုင်း ကြီး က.. တရုတ် နဲ့ မြန်မာ
ဆက်ဆံရေး ကို.. အိမ်ထောင်မူ ဘုရား တည်.. ဆေးမင်ရည် စုတ်ထိုး တာ ထက်ပင်
..ပိုပြီး ခိုင်မြဲ.. ထဲဝင် စေ တော့ မည်။ အထူးသဖြင့်.. အိန္ဒိယ နဲ့ လည်း
စစ်တွေ ဆိပ်ကမ်း ဆောက်.. တရုတ်နဲ့လည်း.. ကျောက်ဖြူ ပိုက်လိုင်း ဆောက်
ပြီး.. နိုင်ငံရေး ကစား နေတဲ့.. မြန်မာ က.. ဒီပြိုင်ပွဲ ကြီး ထဲ မှာ ..
ဗျူဟာ မြောက် တဲ့.. အနေအထား မှာ ရှိနေ သည်။ အဲဒီ တော့ လည်း.. အမေရိကန် ကို
ပါ.. ထဲ့ ကစား ယုံ။
(ထိုင်းနိုင်ငံ ရှိ တရုတ်သံရုံးရှေ့ .. မြန်မာ့ အရေး လှုပ်ရှားသူ တချို့ ဆန္ဒပြနေစဉ်)
ကျန်တဲ့..အာဆီယံ နိုင်ငံ တွေ က တော့.. တရုတ် အတွက်.. ပေါချောင်ပျက်.. စက်မူ ထွက်ကုန် ပစ္စည်း ကျန်တဲ့..အာဆီယံ နိုင်ငံ တွေ က တော့.. တရုတ် အတွက်.. ပေါချောင်ပျက်.. စက်မူ ထွက်ကုန် ပစ္စည်း တွေ...
စုပုံ ရောင်းချ စရာ.. ဈေးကွက် ကြီး ( dumping ground လို့ သုံးထား )
ဖြစ်နေတဲ့ တချိန် တည်း မှာပဲ.... စိုက်ပျိုးရေး ထွက်ကုန် စားစရာ ကုန်ကြမ်း
တွေကို.. ဈေးချို ချို နဲ့.. ရယူ နိုင် နေ သည်။
ကိုရီးယား
ကျွန်းဆွယ် ဆက်ဆံ ရေး ကိုတော့.. Divide and Conquer ဗျူဟာ ကို သုံး ထား
သည် ဟု.. ခပ်ရဲရဲ စွပ်စွဲ ထား လေသည်။ မြောက် ကို.. မျက်စိ မှိတ် ထောက်ခံ
ပေး နေတဲ့ အချိန်မှာ ပဲ.. ကြားခံ အဖြစ်.. အမြတ်ထုတ်ရင်း..တောင် နဲ့ လည်း..
အဆက်အဆံ ကောင်း အောင် လုပ်ထား နိုင် သည်။ မြောက် ကျဆုံး သွားရင် လည်း..
သူ့ကို ပို အားကိုး ရ မည်။ ဒါမှ မဟုတ်..တောင် နဲ့..ပေါင်းစည်း သွားရင်
လည်း.. တောင်-မြောက် ကိုရီးယား သစ် က..ဂျပန် ထက်..သူ့ကိုသာ.. ဆက်ဆံ စရာ ရှိ
လိမ့်မည်။ ဘာ အရှုံးမှ တော့ မရှိ။
ကျွန်းစု
အရေး တွေ မှာ .. တရုတ်က..အလျှော့ပေး ရသလို ရှိ နေပေ မဲ့..တဖက်က..
အမြတ်ထွက် နေ ပြန်သေး သည် ဟု..တွက်ပြ ထားသည်။ တောင် တရုတ်ပင်လယ် ထဲက..
ဂျပန် နဲ့ အငြင်းပွား နေ ကြတဲ့.. နယ်မြေ လု နေကြတဲ့..ကျွန်းစု ပြသာနာ တွေ
ကြောင့်.. တရုတ် ပြည်တွင်း မှာ.. အမျိုးသား ရေး စိတ်ဓါတ် ကို မြှင့်တင် ထား
နိုင် သည်။ ပထ၀ီ အနေအထား အရ.. တရုတ် ပင်လယ် နဲ့ ပို နီးကပ် တဲ့..ဂူအန်
ကျွန်းကို..အမေရိကန် တွေ ပိုင်ဆိုင် ထား မူ ကလည်း..သဘာဝ မကျ တဲ့ ကိစ္စ
ဖြစ်သည် ။
အဓိက
ပြသာနာ ဖြစ်တဲ့..တိုင်ဝမ် ကျွန်း ကိစ္စ ကလည်း..စိတ်ဝင် စားစရာ ကောင်း လှ
သည်။ တရုတ် ဖက်က.. “ One China Policy”ကို အော်ပြီး..တရုတ်လူမျိုးများ
စုစည်းညီညွှတ်ရေးယောင်ယောင်ပြောသလို.. တိုင်ဝမ်ကို အကာအကွယ် ပေးထားတဲ့..
အမေရိကန် ဖက်က လည်း..ဒီမိုကရေစီ ကိစ္စလို့..ဆို နေ ပေမဲ့.. တကယ့်တကယ်..
ဖြစ်နေတာ က.. Unsinkable aircraft carrier လို့အမေရိကန် ဖက်က..တင်စား ထား
တဲ့..တိုင်ဝမ် ရဲ့.. ပထ၀ီ အနေအထား ပါ။ ပြောင်းလဲ လာတဲ့.. နိုင်ငံရေး
အခင်းအကျင်း တွေ ကြားထဲ မှာ..တိုင်ဝမ် အစိုးရ ကိုယ်၌ က.. တရုတ် နဲ့.. ဆက်ဆံ
ရေး ကောင်းဖို့ လိုလား ပြ နေတဲ့ အချိန် မှာ.. အမေရိကန်
အနေနဲ့..တိုင်ဝမ်ကို ဆက် အကာအကွယ် ပေးထားစရာ အကြောင်း သိပ် မရှိ တော့ ပေ။
အကယ်လို့ သာ.. တိုင်ဝမ် ကို..အမေရိကန် ထား သွား မယ် ဆိုရင်.. ဒေသတွင်း
နိုင်ငံ ငယ် တွေ ကြားထဲ.. အမေရိကန် အပေါ်..ယုံကြည်အားကိုး မူ ပျက်ပြား
သွားနိုင် ပြီး.. တရုတ် သြဇာ ပဲ..အလွယ်တကူ နေရာ ယူ သွား နိုင် ပေလိမ့် မည်။
ပိုပြီး စိတ်ဝင်စား စရာ ကောင်း တာက.. လူတွေ သိပ် အာရုံ မရှိ ကြတဲ့.. Central Asia ဖက်က.. စတန် နိုင်ငံ တွေ နဲ့ ဆက်ဆံ ရေး ဖြစ်သည်။
တရုတ်မှာက
.. မြန်မာ ပိုက်လိုင်း ကြီး အပြင်.. နောက်ထပ် ပိုက်လိုင်း ကြီး ၂ခု
စာ..အကြံ ကြီးတွေ ရှိနေ သေး သည်။ တလောက..မငြိမ်မသက် မူ တွေ ဖြစ်တဲ့..အူရဂါ
လူမျိုးစု များ နေထိုင်ရာ.. ဇင်ကျန်း ပြည်နယ် ထိ ရောက် အောင် ဖောက်လုပ်
မဲ့.. ပိုက်လိုင်း ကြီး ၂ လိုင်း မှာ.. ရေနံ ပိုက် ကြီးက.. ကဇတ်ကစ္စတန် ကို
ဖြတ် ဖောက် မည်။ သဘာဝ ဓါတ်ငွေ့ ပိုက်ကြီး ကိုတော့.. ဥစဘတ်ကစ္စတန် ပေါ်
ပါ..ဖြတ်မည်။ ကဲ.. ပိုက်လိုင်း ကြီး တွေ နဲ့.. သိမ်းပိုက် လိုက် ပြီ ဆို မှ
ဖြင့်.. ဒီ တသက်.. မခွဲ စတမ်း ပေါင်းရ ပေ တော့မည်။ လမ်းကလည်း သင့် သွားပြီ
မို့....အာဖဂန်နစ္စတန် မှာ ရှိတဲ့..သတ္တုတွင်း တွေကို တောင် မျက်စိ ကျ နေ
ပြန်သည် တဲ့။ အခုနေ.. အမေရိကန် နဲ့..မဟာမိတ် တပ် တွေ ကြောင့်..အာဖဂန်
တည်ငြိမ် သွား ရင်.. တရုတ် အတွက် တော့.. ဇိမ်တကာ့ ဇိမ် ပါ ဗျိုဗျို
ဖြစ်ပေလိမ့်မည်။
တိဗက်
ကို.. မျက်စိ မှိတ် သိမ်းထား ခြင်း သည် လည်း.. နယ်ပယ် အာဏာ ချဲ့ထွင် ဖို့
သက်သက် သာ ဖြစ်လေသည်။ နယ်ချဲ့စနစ် ကား မကျဆုံး သေး ပေ။ အခု နောက်ပိုင်း
လူသူ ကျဲပါး လှ တဲ့.. မွန်ဂို လီးယား ကြီး ကိုတောင်..သမိုင်း တပတ်လည်
ပြီး..နယ်ချဲ့ လက်သစ် လုပ်နေတဲ့..အရိပ် အယောင် တွေ ရှိနေ သည် တဲ့။ ရုရှ
ကလည်း..ဒါကို စိုးရိမ် သတဲ့။.. မြန်မာပြည်..အရှေ့ မြောက်ခြမ်း ကို.. တအိအိ
တိုးဝင် လာသော.. အခြေချ နေထိုင် မူ များ ကဲ့သို့ ပင်.. မွန်ဂိုလီးယား
နယ်စပ် များ ကို လည်း.. တရုတ်လူမျိုး များ..သောင်း နဲ့ ချီ ၀င်ရောက် လာ
နေလေ သည်။
တလျှောက်လုံး..
ငြိမ်သက် တိတ်ဆိတ် နေခဲ့တဲ့.. တရုတ် နယ်စပ် တကျော..အာရှ အလယ်ပိုင်း
နိုင်ငံ ကြီး တွေ မှာ.. အခုလို..လူတွေ..လမ်းတွေ..တံတားကြီးတွေ..ပိုက်လိုင်း
ကြီး တွေ နဲ့.. သွယ်တန်း ယှက်နွယ်.. စီးပွား .. စည်ပင် လာ ခဲ့ရင်..
တရုတ်ရဲ့ ကုန်းတွင်း အင်အား ဟာ.. မခန့် မှန်းနိုင် အောင်.. ကြီးထွားလာ ပေ
တော့မည်။ တရုတ် အနေ နှင့်.. အဲဒီလို အဖက်အဖက် အင်အား တည်ဆောက် နေ မူ နဲ့
အတူ..ဟန်ချက် ညီညီ.. ရေလမ်း အင်အား ( စစ်အင်အား ) ကိုပါ..တိုးချဲ့ လာ နေမူ
က.. ဒေသတွင်း.. ဂျပန်..တောင်ကိုရီးယား နဲ့..အိန္ဒိယ တို့ကိုပါ.. ရေတပ်
အင်အား ပြင်ဆင် လာ စေ သည်။
ရှုပ်ထွေး လာ တဲ့.. ဆက်ဆံရေး တွေကြား မှာ.. ပစိဖိတ် ဒေသ ပေါ်က...အမေရိကန် ရဲ့ အနေအထား..ရပ်တည်မူ တွေက.. ကြပ်တည်း လာ ပြီလား။
အကယ်လို့သာ..
အိုဘားမား အစိုးရ သစ်က...နဂို ရှိရင်းစွဲ အင်အားချိန်ခွင်လျှာ နိုင်ငံရေး
အယူအဆ ကို.. ဆက်လက် မဆုပ်ကိုင် တော့ဘူး ဆိုရင်.. ဒီ ဒေသ မှာ..
တရုတ်လွှမ်းမိုး မူ ကြီး .. အလိုအလျောက် ငြိမ်းငြိမ်းချမ်းချမ်း ဖြစ် ပေါ်လာ
မလား…။
ဒေသတွင်း စစ်ကျိမ်းသံ တွေ..ပို ဆူညံ လာ မလား… ။
အမေရိကန်
ကိုယ်တိုင် ကရော.. ခေါင်းကနေ..အမြီးအထိ..အစာတွေ ၀ ဆူဖြိုး နေ တဲ့.. တရုတ်
နဂါး ကြီး ကို.. လိုလို လားလား လွှတ်ထား ခဲ့ လေ မလား….။
(
ဒီဆောင်းပါးကို ရေးဖြစ်အောင် တိုက်တွန်းသော ခင်ပွန်းသည်နှင့် အတူ တရုတ်နဲ့ပတ်သတ်တဲ့ တခြားစိတ်ဝင်စားဖွယ် ဖတ်စရာမှတ်စရာများ
ပေးပို့ ဝေမျှလေ့ရှိသော လန်ဒန်မှ မိတ်ဆွေဇနီးမောင်နှံ ဇီဇ၀ါတို့အား ကျေးဇူးတင်လျက်)
Ref:

No comments:
Post a Comment