Saturday, 11 February 2012

“မြန်မာတံဆိပ်ခေါင်းများ” (http://tharaphi.webs.com/index.htmမှဗဟုသုတအလိုငှာ ကော်ပီကူးယူပါသည်) Palenat
 
သရဖီတံဆိပ်ခေါင်း စုဆောင်းလေ့လာမှုကဏ္ဍတွင် အဓိကအားဖြင့် မြန်မာနိုင်ငံတွင် ထုတ်ဝေ သုံးစွဲခဲ့သော တံဆိပ်ခေါင်းများကို အင်္ဂလိပ်ကိုလိုနီခေတ်မှ ယနေ့ အချိန်အထိကို အတတ်နိုင်ဆုံး အစဉ်တကျ စုစည်း၍ အပိုင်းလိုက်ဖော်ပြထားပါသည်။

မြန်မာနိုင်ငံတွင် ထုတ်ဝေသုံးစွဲခဲ့သော တံဆိပ်ခေါင်းများသမိုင်းစဉ်ကို ပြန် ကြည့်သော် -
 - ပထမပိုင်းတွင် အင်္ဂလိပ်ကိုလိုနီခေတ် (၁၈၈၆ - ၁၉၄၈) အတွင်းထုတ်ဝေ ခဲ့သော တံဆိပ်ခေါင်းများ။ ကိုလိုနီခေတ်ဦးပိုင်းတွင် မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံ၏ အစိတ်အပိုင်းအဖြစ်သတ်မှတ်ပြီး သီးသန့် တံဆိပ်ခေါင်း ထုတ်ဝေခြင်းမရှိပဲ အိန္ဒိယနိုင်ငံသုံး တံဆိပ်ခေါင်းများကိုသာသုံးစွဲခဲ့သည်။ ၁၉၃၇ခုနှစ်တွင် မြန်မာနိုင်ငံကို အိန္ဒိယနိုင်ငံမှ ခွဲထုတ်ပြီးစတွင် ပထမဆုံး အိန္ဒိယနိုင်ငံသုံး ဂျော့ဂ်ျဘုရင်(ငါး) တံဆိပ်ခေါင်းများပေါ်တွင် BURMAဟူသော စာတန်းနှိပ်ပြီး အိန္ဒိယနိုင်ငံငွေကြေးစံနစ် နှင့်ပင် ဆက်လက်သုံးစွဲခဲ့သည်။ ၁၉၃၈ခုနှစ်ကျမှသာ ဂျော့ဂ်ျဘုရင်(ခြောက်) တံဆိပ်ခေါင်း များပေါ်တွင် BURMA POSTAGE ဟူ၍ပြောင်းလဲပြီး အိန္ဒိယနိုင်ငံ ငွေကြေးအခြေခံ မြန်မာငွေကြေးစံနစ်နှင့် အသုံးပြုခဲ့သည်။

- ဒုတိယပိုင်းတွင် လွတ်လပ်ရေးရပြီးခေတ် (၁၉၄၈ - ၁၉၆၂) အတွင်း ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများ။ နိုင်ငံအမည်ကို ပြည်ထောင်စု မြန်မာ နိုင်ငံတော် UNION OF BURMA ဟူ ၍ သုံးစွဲထားသည်။ ၁၉၅၂ခုနှစ်တွင် မြန်မာငွေကြေးစံနစ်သစ် ကျပ်ပြားနှင့် စတင်ပြောင်းလဲသုံးစွဲသည်။

- တတိယပိုင်းတွင် တော်လှန်ရေးကောင်စီခေတ် (၁၉၆၂ - ၁၉၇၄) အတွင်း ထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများ။ နိုင်ငံအမည်ကို ပြည်ထောင်စု မြန်မာ နိုင်ငံတော် UNION OF BURMA ဟူ ၍ ဆက်လက်သုံးစွဲထားသည်။

- စတုထ္တပိုင်းတွင် မြန်မာ့ဆိုရှယ်လစ်ခေတ် (၁၉၇၄ - ၁၉၈၈) အတွင်းထုတ် ဝေခဲ့သော တံဆိပ်ခေါင်းများ။ နိုင်ငံအမည်ကို ပြည်ထောင်စုဆိုရှယ်လစ် သမ္မတ မြန်မာနိုင်ငံတော် (SOCIALIST REPUBLIC OF THE UNION OF BURMA) ဟူ၍ ပြောင်းလဲသုံးစွဲထားသည်။

- ပဉ္စမပိုင်းတွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံးဖြိုးရေးကောင်စီ (နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ ) (၁၉၈၈ - ယနေ့ ထိ) အတွင်းထုတ်ဝေခဲ့သော တံဆိပ်ခေါင်းများ။ နိုင်ငံအမည်ကို ပြည်ထောင်စု မြန်မာနိုင်ငံတော် UNION OF MYANMARဟူ၍ သုံးစွဲထားသည်။

မြန်မာအစိုးရမှ ထုတ်ဝေသော တံဆိပ်ခေါင်းများသည် အများအားဖြင့် ပြည်တွင်းမှ အကြောင်း အရာများ၊ နှစ်ပတ်လည်အထိမ်းအမှတ်များကို အခြေခံပြီး၊ တချို့ မှာ နိုင်ငံတကာ အထိမ်းအမှတ် များ၊ ကုလသမဂ္ဂမှ ထုတ်ပြန်သော အကြောင်းအရာများကို အမှတ်တရအနေဖြင့် ထုတ်ဝေခဲ့သည်။ ထို့ ပြင် အစဉ်သုံး တံဆိပ်ခေါင်းများကိုလည်း မြန်မာနိုင်ငံတွင်းရှိ ကျေးငှက်များ၊ တိုင်းရင်းသား လူမျိုးစု၊ တိုင်းရင်းသား တူရိယာများတို့ ကို အခြေခံပြီးထုတ်ဝေပါသည်။ ထိုသို့  ထုတ်ဝေသောနေ့ ရက်တွင်လည်း တံဆိပ်ခေါင်းစုသော ၀ါသာနာရှင်တို့ အတွက် အထူးအစီအစဉ်ဖြင့် ပထမနေ့ထုတ်စာအိတ်များပေါ်တွင် အထူးတံဆိပ်ခေါင်းဖျက်တံဆိပ် ခတ်နှိပ်ခြင်း၊ တချို့ သော တံဆိပ်ခေါင်းအသစ်နှင့် ပတ်သက်သော အကြောင်းအချက်ပါ လက်ကမ်းစာတမ်းများ ထုတ်ဝေခြင်းတို့ကိုပါ ဆောင်ရွက်ပေးပါသည်။
လက်လှမ်းမှီစုဆောင်းရသမျှ တံဆိပ်ခေါင်းအဟောင်းအသစ်များ၊ အထူးတံဆိပ်ခေါင်းဖျက် တံဆိပ် ခတ်နှိပ်ထားသော ပထမနေ့ထုတ်စာအိတ်များ၊ လက်ကမ်းစာတမ်းများကို ဗဟုသုတ ရစေလိုခြင်းငှါ ဖော်ပြထားပါသည်။
ကိုလိုနီခေတ်ပိုင်း၊ ဂျပန်ခေတ်ပိုင်း၊ လွတ်လပ်ရေး ခေတ်ဦးပိုင်းမှ တံဆိပ်ခေါင်းတချို့ ကို အင်တာနက်မှ မြန်မာနိုင်ငံတံဆိပ်ခေါင်းများ အကြောင်းကိုရေးသားထားသော စာမျက်နှာများမှရယူပြီး မူရင်းစာမျက်နှာများကို တဆင့်ညွှန်း၍ ဖော်ပြထားပါသည်။ အသစ်ထုတ်ဝေသော တံဆိပ်ခေါင်းများနှင့်တကွ ကျန်ရှိအဟောင်းများကို စုဆောင်းရရှိပါက ဆက်လက်ဖော်ပြသွားမည် ဖြစ်ပါသည်။
ထို့ ပြင် မြန်မာတံဆိပ်ခေါင်းများနှင့်ပတ်သက်သော သမိုင်းအကြောင်းအရာများပါရှိသော  အင်တာနက် စာမျက်နှာများကိုလည်း သီးခြားUseful Linksတွင်ဖော်ပြထားပါသည်။
စုဆောင်းထားရှိသော  နိုင်ငံတကာတံဆိပ်ခေါင်းများကိုလည်း သီးခြားဖော်ပြထားပါသည်။
ဥာဏ်စွမ်းရှိသမျှ၊ တတ်စွမ်းသမျှနှင့် ကြိုးစားထားသော်လည်း အမှားကင်းမည် မဟုတ်ပေ။ အကယ်၍ အမှားတွေ့ရှိခဲ့သော် ကျေးဇူးပြုပြီး အကြောင်းကြားစေလိုပါသည်။
စာမျက်ပေါ်တံဆိပ်ခေါင်းများaပ်ါရန် အချိန်ကြန့် ကြာမှုရှိပါက စိတ်ရှည်သီးခံပါရန်။ ကျေးဇူးတင်ပါသည်။

No comments:

Post a Comment